သေနတ်ဝါသနာရှင် မိခင်ကို လေးနှစ် သားက ပစ်ခတ်

မိုင်ယာမီ - လေးနှစ်အရွယ် သားကလေး၏ မတော်တဆ သေနတ်ဖြင့် ပစ်ခြင်းကို ခံရသည့်
ဖလော်ရီဒါမှ သေနတ်ကိုင်ဆောင်ခြင်းကို လိုလားသူ သေနတ်ဝါသနာရှင်တစ်ဦးသည် သားကို
လက်နက်ကိုင်ဆောင်ခွင့်ပေးမှုဖြင့် တရားရင်ဆိုင်ရနိုင်သည်ဟု အာဏာပိုင်များက မတ် ၂၂ ရက်
၌ ဆိုသည်။

''သေနတ်တွေ ကလေးတွေရဲ့ လက်ထဲ မရောက်ဖို့ အထူးအရေးကြီးပါတယ်။ ဥပဒေ ချိုးဖောက်မှု
တစ်ခုဖြစ်ခဲ့တာ ရှင်းနေတာပဲ'' ဟု ပတ်နင်ခရိုင် ရဲအရာရှိရုံးခန်းမှ ဒီလို့ခ်ျက ဆိုသည်။ လမ်းလျှောက်
တတ်ခါစ ကလေး၏သေနတ်ကိုင်နေပုံကို အွန်လိုင်းပေါ်တင်ပြီး ကြွားခဲ့သော ဂျေမီဂစ် (၃၁ နှစ်)
သည် မတ် ၈ ရက်က လမ်းမကြီးတစ်ခု၌ ကားမောင်းနှင်လာစဉ် အနောက်ဘက်တွင်ရှိသော
ကလေးက ၄င်းအား သေနတ်ဖြင့်ပစ်လိုက်ရာ ကျည်ဆန်သည် ထိုင်ခုံကူရှင်ကို ဖောက်ထွက်သွား
သည်။

'လက်နက်ကို အန္တရာယ်ရှိစွာ သိမ်းဆည်းမှု'ဖြစ်သော ဒုတိယဆင့် ပြစ်မှုအသေးစားဖြင့် ဂစ်
အမှုရင်ဆိုင်ရန် အစိုးရရှေ့နေများက ဆုံးဖြတ်လိမ့်မည်။ဂစ်သည် ဖလော်ရီဒါဆေးရုံတစ်ရုံ၌
အခြေအနေကောင်းမွန်နေပြီး ၄င်း၏ သားမှာ ဆွေမျိုးများနှင့် ရှိနေသည်။

ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း