ထိုင်းနိုင်ငံတွင် ဆန်ရေစပါးပေါမည့် နိမိတ်များ ပေါ်လွင်လာ

မေ ၉ ရက်က ဘန်ကောက်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော လယ်ထွန်မင်္ဂလာပွဲ ကျင်းပနေစဉ်။  ဓာတ်ပုံ - အေအက်ဖ်ပီမေ ၉ ရက်က ဘန်ကောက်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော လယ်ထွန်မင်္ဂလာပွဲ ကျင်းပနေစဉ်။  ဓာတ်ပုံ - အေအက်ဖ်ပီ

ဘန်ကောက် - မေ ၈ ရက်တွင် လယ်ထွန် မင်္ဂလာဆင်းသော နွားကြော့တစ်ရှဉ်းထံမှ လာမည့်မိုးရာသီ
အတွက် မိုးပစ္ဇုန်ထစ်ချုန်းရွာသွန်းဖြိုးတော့မည်ဟူသည့် နိမိတ်သင်္ကေတပေါ်ခဲ့ရာ မိုးခေါင်ရေရှားမှုဒဏ်ကို
ဆိုးရွားစွာခံစားနေရသည့် ထိုင်းလယ်သမားများအဖို့ သတင်းကောင်းတစ်ခု ဖြစ်လာသည်။

အတိတ်နိမိတ်မှာ လူပရိသတ်စည်ကားရာ ထိုင်းနိုင်ငံ၏ တော်ဝင် လယ်ထွန်မင်္ဂလာ ကျင်းပနေစဉ်
အတွင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် စပါးစိုက်ပျိုးသည့်ရာသီအစတွင် အစဉ်အဆက် လယ်ထွန်မင်္ဂလာကျင်းပလေ့ရှိပြီး
ကောင်းခြင်းအင်္ဂါရပ်အမျိုးမျိုးနှင့် ပြည့်စုံသည့် ထိုမင်္ဂလာ နွားကြော့များကို ပွဲကျင်းပနေစဉ်တစ်
လျှောက် အစားအစာစုံစုံလင်လင် ကျွေးမွေးလေ့ရှိသည်။

မေ ၈ ရက်က ကျင်းပခဲ့သော ထိုင်းနိုင်ငံလယ်ထွန်မင်္ဂလာပွဲကို အိမ်ရှေ့မင်းသား မဟာဝိဇယလောင်
ကွန်ဦးဆောင်ကျင်းပခဲ့ပြီး ထိုနွားတစ်ရှဉ်းသည် စပါးစေ့၊ နှမ်း၊ ကောက်ရိုး၊ ရေနှင့် ကောက်ညှင်း
အရက်တို့ကို စားသုံးကြသဖြင့် လာမည့်နှစ်တွင် ဆန်ရေစပါးပေါကြွယ်ဝပြီး နိုင်ငံခြားကုန်သွယ်မှု
တိုးတက်ခြင်းဟူသော နိမိတ်များအဖြစ် ရွေးထုတ်ပြသခဲ့ကြောင်း ထိုင်းနိုင်ငံ မွေးမြူရေးဌာနကဆိုသည်။

ယမန်နှစ်ကလည်း အလားတူဟောကိန်း ထွက်ပေါ်ခဲ့ဖူးသည်။ သို့ရာတွင် ရလဒ်မှာ မကောင်းခဲ့ဘဲ
အခြား မဲခေါင်ဒေသနိုင်ငံများနည်းတူ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကို
ခံစားခဲ့ရသည်။

ထိုင်းနိုင်ငံက တောင်သူလယ်သမားများမှာ ဆန်စပါးမစိုက်ပျိုးနိုင်သဖြင့် အကြွေး လည်ပင်းခိုက်ခဲ့လေ
သည်။

အရှေ့မြောက်ပိုင်းရှိ ထောင်နှင့်ချီသောရွာများတွင် မြစ်၊ ချောင်း၊ ကန်၊ ရေတံခွန်နှင့်ရေအရင်းအမြစ်များ ခန်းခြောက်ခဲ့ပြီဖြစ်ကာ ရေသယ်ကားများကို အားကိုး ရှင်သန်နေခဲ့ရသည်။

ထိုင်းနိုင်ငံတွင်လည်း မိုးရာသီမှာ ပုံမှန်အားဖြင့် မေလလယ်ခန့်တွင်စတင်ကာ သြဂုတ်လနှင့် စက်တင်
ဘာလတွင် မိုးအကောင်းဆုံးအချိန်သို့ ရောက်ရှိလေ့ရှိသည်။

ထိုင်းနိုင်ငံ စစ်အစိုးရသည်ပင် မိုးရွာသွန်းမှုကို မျှော်လင့်နေမည်ပင်။

နိုင်ငံသို့တင်ပို့မှု ကျဆင်းခြင်းနှင့်အတူ အင်အားချည့်နဲ့နေသည့် ထိုင်းနိုင်ငံစီးပွားရေး အခြေအနေ
သည် စစ်တပ်၏ အားနည်းချက်တစ်ချက်အဖြစ် ရှိနေကာ ပြန်လည်အားယူနိုင်ရန် ထိုင်းဗိုလ်ချုပ်များ
အပြင်းအထန် ကြိုးပမ်းရုန်းကန်လျက်ရှိသည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် မြောက်ဘက်ပိုင်းတို့တွင် နေထိုင်ကြသည့် စပါးစိုက်တောင်သူ
လယ်သမား အများစုမှာ ရှင်နာဝပ်ထရာ နိုင်ငံရေးမိသားစုကို ကျယ်ကျယ်ပြန့် ပြန့် ထောက်ခံကြသူ
များဖြစ်သည်။

ကျော့ဒါလီလင်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း