တောင်အာဖရိက သတ္တုတွင်းအလုပ်သမားများ ဆန္ဒပြ

အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများ အလုပ်ပြန်ရရေးဆန္ဒပြနေကြသော သတ္တုတွင်းအလုပ်သမားများ။ ဓာတ်ပုံ - အေအက်ဖ်ပီအလုပ်ဖြုတ်ခံရသည့် အလုပ်သမားများ အလုပ်ပြန်ရရေးဆန္ဒပြနေကြသော သတ္တုတွင်းအလုပ်သမားများ။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရက်စတန်ဘာ့ဂ် (တောင်အာဖရိက) - သတ်မှတ်ချိန်အတွင်း အလုပ်မပြီးသည့် အလုပ်သမား
၁၂,၀၀၀ အား အလုပ်ဖြုတ် ခဲ့ရာ ၎င်းတို့ အလုပ်ပြန်လည်ရရှိရေး တောင်းဆိုရာမှ အိန်ဂျလို
အမေရိကန် ပလက်တီနမ် သတ္တုတွင်း အလုပ်သမား များကြား ဖြစ်ပွားသော ပဋိပက္ခကြောင့်
တောင်အာဖရိက ရဲတပ်ဖွဲ့က ရော်ဘာ ကျည်ဆန်၊ မျက်ရည်ယိုဗုံးနှင့် မူးမေ့ စေသည့် လက်
ပစ်ဗုံးများဖြင့် ပစ်ခတ်ခဲ့ ကြောင်းသိရသည်။

နံနက် ၇ နာရီ (ဒေသစံတော်ချိန် ၀၅၀၀ ဂျီအမ်တီ) အချိန်တွင် အလုပ်ရုံသို့ ပြန်လာရန် ချမှတ်
ထားသည့်အမိန့်ကို ဆန့်ကျင်ခဲ့ကြသော အယောက် ၁,၀၀၀ ထက်မနည်းရှိသည့် အလုပ်သမား
များသည် နိုင်ငံအနောက်မြောက်ပိုင်း ရက်စတန်ဘာ့ဂ်ရှိ သတ္တုတွင်းမှ ဓာတ်အားခွဲရုံတစ်ရုံအား
မီးရှို့ခဲ့ပြီးနောက် လမ်းများကိုပိတ်ဆို့ခြင်း ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားခြင်းများ ရှိခဲ့သည်။

အလုပ်သမားအများစုမှာ လုပ်ဖော် ကိုင်ဖက်များ၏ ခြိမ်းခြောက်မှုကြောင့် အလုပ်ချိန်ကို နာရီ
သတ်မှတ်ကာ မလုပ်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း အလုပ် သမား သမဂ္ဂများကဆိုသည်။

၁,၀၀၀ နီးပါးရှိသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မူးမေ့ စေသည့် လက်ပစ်
ဗုံးများနှင့် ရော်ဘာ ကျည်ဆန်များ အသုံးပြုပြီး လူစုခွဲခဲ့ ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ
ဒင်းနစ်အက်ဒရီယာက ပြောသည်။

အလုပ်သမားများသည် အရုဏ် မတက်မီအချိန်တွင် မီးထွန်းပေးသည့် ဓာတ်အားခွဲရုံမှ မီးသတ်
ကားများကို ပိတ်ဆို့ဟန့်တားခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ က ပြောသည်။

တရားမ၀င် ဆန္ဒပြခဲ့ကြသည့်အတွက် ယခုလစောစောပိုင်းတွင် အလုပ်ဖြုတ်ခံ ရသော ထောင်
ချီရှိသည့် အလုပ်သမား များသည် ၎င်းတို့၏ အလုပ်နေရာများ ပြန်လည်ရရှိလိုပါက အောက်တို
ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်ရုံသို့ ပြန်လာနိုင်သည်ဟု ဆိုသည်။

နိုင်ငံလုံးဆိုင်ရာ သတ္တုတွင်းအလုပ် သမားများ (NUM) ၏ ညှိနှိုင်းဆွေးနွေး မှုနှင့် ပြီးခဲ့သည့် ရက်
သတ္တပတ်က သဘောတူညီမှုရရှိခဲ့ပြီး ယင်းသမဂ္ဂကဲ့သို့ အခြားသော အဖွဲ့အစည်းနှစ်ခုကလည်း သတ္တုတွင်းအလုပ်သမားများနှင့် ပြောဆို ဆွေးနွေးမှုများရှိခဲ့သည်။

အလုပ်ရုံသို့ ပြန်လာခဲ့သော အလုပ် သမားအရေအတွက်ကို အလုပ်သမား များက ပြောဆိုနိုင်
ခြင်း မရှိသေးသော် လည်း ပုံမှန်လုပ်ခရသည့် အချိန်ရောက် သည်အထိ အလုပ်သမားအများစု
မှာ အလုပ်ရုံသို့ ပြန်ခဲ့ခြင်းမရှိသည်မှာ သေချာသည်ဟု ဆိုသည်။

"ကျွန်တော်တို့ ဆန္ဒပြတာရက်သတ္တ ခြောက်ပတ်ကြာပြီ။ ကျွန်တော်တို့ အလုပ် ပြန်မရဘဲနဲ့
တော့ ဒီအတိုင်း ပြန်မသွား နိုင်ဘူး။ ပစ်ခတ်တာတွေ တော်တော် များတယ်။ ဒီနေ့လည်း ဒီ
လိုပဲပစ် နေကြတာပဲ"ဟု အလုပ်သမားများ နှင့် ရဲတပ်ဖွဲ့ကြားမှ ပြဿနာအား အတည်ပြုပြော
ကြားသည့် အလုပ် သမားကိုယ်စားလှယ် စီဖာမင်ဒလာ မာခါနယာက အေအက်ဖ်ပီ သတင်း
ဌာနသို့ပြောသည်။

ဆန္ဒပြသူများက ကျောက်တုံးဖြင့် ပစ်ပေါက်ခဲ့၍ရဲသားတစ်ဦး ကျောက်ခဲ မှန်ပြီး ဒဏ်ရာရရှိခဲ့
သည်ဟု ဆိုသည်။ အဆိုပါသတ္တုတွင်းက အလုပ်သမား များအား လက်ရှိလစာဖြင့် ပြန်လာ
ရန် အောက်တိုဘာ ၃၀ ရက်နေ့အထိ သဘောတူထားခဲ့သည်။

"စီမံခန့်ခွဲမှုပိုင်းက တစ်စုံတစ်ခု လုပ်ပေးဖို့ တင်ပြပေးနေသ၍ အလုပ်သမားတွေက အလုပ်ပြန်
လုပ်ဖို့ ဆန္ဒရှိပါ တယ်" ဟု တစ်လလျှင် ရန်းငွေ ၁၆,၀၀၀ လိုအပ်သည့် သတ္တုတွင်းအလုပ်
သမား များရပ်တည် နေရသည့်အခြေအနေ ကို ထောက်ပြပြီး အလုပ်သမားကိုယ်စားလှယ်
မာခါနယာက ပြောသည်။

"လစာကို ရန်းငွေ ၂,၀၀၀ ကနေ အထက် ညှိပေးမယ်ဆိုရင် သူတို့အလုပ် ကို တကယ်ပြန်
လုပ်မယ့်သူတွေပါ" ဟု ၎င်းကပြောသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း