ကိုလံဘီယာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျူးဘားနိုင်ငံတွင် ကြိုတင်ပြင်ဆင်

ကျူးဘားသို့ရောက်ရှိလာသည့် အက်ဖ်အေအာရ်စီကိုယ်စားလှယ်များ။ ဓာတ်ပုံ - အေအက်ဖ်ပီကျူးဘားသို့ရောက်ရှိလာသည့် အက်ဖ်အေအာရ်စီကိုယ်စားလှယ်များ။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဟာဗာနာ - နိုဝင်ဘာ ၁၅ ရက်နေ့ တွင် စတင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများမတိုင်မီ
အကြိုဆွေးနွေးပွဲကို ကိုလံဘီယာနိုင်ငံမှ စေ့စပ်ဆွေးနွေးပွဲ အစိုးရအဖွဲ့ဝင်လူကြီးများနှင့် လက်ဝဲ
ပါတီ အက်ဖ်အေအာရ်စီ ပြောက်ကျား တပ်ဖွဲ့ဝင်တို့ နိုဝင်ဘာလ ၆ ရက်နေ့တွင် စတင်ခဲ့ပြီး
ယင်းဆွေးနွေးပွဲ မှာ နှစ်ရက်တာ ကြာမြင့်မည် ဖြစ်ကြောင်း သံတမန်ရေးရာ အသိုင်းအ၀ိုင်းက
အေအက်ဖ်ပီ သတင်းဌာနသို့ပြော ကြားသည်။

အက်ဖ်အေအာရ်စီအဖွဲ့မှ ကိုယ်စား လှယ်များနှင့် ကိုလံဘီယာသမ္မတ ဟွမ်မင်နျူရယ် ဆန်
တော့စ်အစိုးရ အဖွဲ့တို့ကြား အတွင်းကျကျ ဆွေးနွေး မှုကိုဖော်ဆောင်သော အတွေ့အကြုံ
များဖလှယ်သည့် သံတမန်နည်းအရ ဆွေးနွေးမှုဖြစ်သည်ဟု သံတမန်သတင်း ရင်းမြစ်က
ဆိုသည်။

အဆိုပါအစည်းအဝေးတွင် သမား ရိုးကျ ဆွေးနွေးမှုများဖြစ်သည့် ပညာ ရပ်ဆိုင်ရာ ရှု
ထောင့်အမြင်များ၊ သီးသန့် ကန့်သတ်ချက်များနောက်ကွယ်မှ အရာ များကို အဓိပ္ပာယ်
ရှင်းလင်းဖွင့်ဆိုရန် နှစ်ဖက်စလုံးမှ ဆွေးနွေးခဲ့ကြသည်ဟု ကျူးဘားနိုင်ငံပိုင် သတင်းဌာန
ပရင်ဆာ လာတီနာက ဖော်ပြခဲ့သည်။

နှစ်ပေါင်း ၅၀ နီးပါး ကြာခဲ့ကာ လူထောင်သောင်းချီ သေဆုံးခဲ့ရသည့် ပဋိပက္ခအား အဆုံး
သတ်ရန် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန် ကိုလံဘီယာနှင့် လက်တင်
အမေရိက တို့၏ တိုက်ခိုက်ရေး သက်တမ်းအကြာ ဆုံး သောင်းကျန်းသူများက အောက်တို
ဘာလ ၁၈ ရက်နေ့တွင် နော်ဝေနိုင်ငံ၌ တရားဝင်ကြေညာခဲ့သည်။

နှစ်ဖက်အဖွဲ့ဝင်များသည် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမ၀င် မူးယစ်ဆေးရောင်းဝယ်
မှု၊ စစ်လျော် ကြေးကိစ္စများ ပါဝင်သည့် အစီအစဉ် ငါးချက်ကို အဓိက ဆွေးနွေးကြမည် ဖြစ်
သည်။

ထို့ပြင် ပြောက်ကျားတပ်ဖွဲ့ဝင် များအား အဖွဲ့မှ နုတ်ထွက်ခွင့်ပြုပြီး နောက် ကိုလံဘီယာနိုင်ငံ
၏ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အင်အားဖြည့်ရေး တို့လည်း ပါဝင်မည်ဖြစ်သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဒတ်ခ်ျ လူမျိုး အန်ဂျာနီဂျမေဂျီယာသည် ပြောက်ကျား တပ်သား
များအတွက် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ဆောင် ရွက်ရန် ကျူးဘားတွင်ရောက်ရှိနေ
ကြောင်း အက်ဖ်အေအက်စ်စီတပ်ဖွဲ့ဝင် များကိုလိုလားသည့် အန်ကောသတင်း ဌာနက
ဖော်ပြခဲ့သည်။

လက်တင်အမေရိက၏ အင်အား အကြီးဆုံး သောင်းကျန်းသူအုပ်စုကို ၁၉၆၄ ခုနှစ်တွင်
တပ်သား ၉,၂၀၀ ဖြင့် တည်ထောင်ခဲ့ပြီး ကာလကြာရှည် နှောင့်ယှက်မှုများ ပြုလုပ်ပြီး
နောက် အတိုက်အခိုက် ရပ်စဲရန် အသင့်ဖြစ်နေပြီ ဆိုနိုင်သည်။

မကြာမီနှစ်များက သောင်းကျန်းသူ ခေါင်းဆောင်အတော် များများ ဖမ်းဆီးခံရခြင်းနှင့်
အသတ်ခံ ရမှုများရှိခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း