အပျိုဖြန်း ၁ဝဝ နှင့် ငွေပေး၍ လိင်ဆက်ဆံခဲ့သူ မာလာဝီ၌ ဖမ်းဆီး

 

ဘလန်တိုင်ယာ  (မာလာဝီ) - ဆယ်ကျော်သက်အရွယ် အပျိုဖြန်း ၁ဝဝ ကျော်အား
ရိုးရာထုံးစံအရ ငွေပေး၍ လိင်ဆက်ဆံခဲ့ပြီး အိပ်ခ်ျအိုင်ဗီရောဂါ ကူးစက်စေခဲ့သော
အမျိုးသားတစ်ဦးကို မာလာဝီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဘလန်တိုင်ယာမြို့ တောင်ပိုင်းရပ်ကွက်နေ အယ်ရစ် အနီဗာက မီဒီယာများနှင့်
တွေ့ဆုံမေးမြန်းခန်းတွင် သူသည် မိသားစုတစ်စုစီအား လေးဒေါ်လာနှင့် ခုနစ်ဒေါ်လာကြား
အခကြေးငွေပေး၍ ၄င်းတို့၏သမီးပျိုများနှင့်အတူ အိပ်စက်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

'ဟိုင်းနက်စ်'ဟုခေါ်သော ဓလေ့မှာ မာလာဝီနိုင်ငံတွင် လူသိနည်းသော ဓလေ့တစ်ခုဖြစ်ပြီး
ယင်းနိုင်ငံတောင်ပိုင်းတွင် ပွဲတော်တစ်ကြိမ်ကျင်းပလျှင် သုံးရက်ကြာသည်။

ယင်းဓလေ့အရ မိဘများက သမီးပျိုများ ပထမဆုံး ဓမ္မတာပေါ်ပြီးနောက် အမျိုးသားများနှင့်
ဆက်ဆံခွင့်ပြုသော ဓလေ့ဖြစ်သည်။ ယင်းဓလေ့သည် မိန်းမပျိုများအား အိမ်ထောင်ရှင်
ဇနီးကောင်းဖြစ်လာစေရန်နှင့် ရောဂါဘေးများ၊ သို့မဟုတ် မကောင်းမှု အနိဋ္ဌာရုံများ၊
မိသားစု၊ သို့မဟုတ် ယင်းတို့ကျေးရွာသို့ မကျရောက်အောင် ကာကွယ်ပေးသည်ဟု
ယုံကြည်ကြသည်။

(အေအက်ဖ်ပီ) တင်စိန် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း