မြောက်ကိုရီးယားက ဂျပန်နိုင်ငံဘက်သို့ ရေငုပ်သင်္ဘောမှ ဒုံးကျည် စမ်းသပ် ပစ်လွှတ်

ဧပြီ ၂၃ ရက်က မြောက်ကိုရီးယားတွင် ရေငုပ်သင်္ဘောမှ ဒုံးကျည်စမ်းသပ် ပစ်လွှတ်နေစဉ်။ဧပြီ ၂၃ ရက်က မြောက်ကိုရီးယားတွင် ရေငုပ်သင်္ဘောမှ ဒုံးကျည်စမ်းသပ် ပစ်လွှတ်နေစဉ်။

ဆိုးလ် - မြောက်ကိုရီးယားသည် သြဂုတ် ၂၄ ရက်တွင် ဒုံးကျည်တစ်စင်းကို မိုင် ၃ဝဝ အကွာ
ဂျပန်နိုင်ငံဘက်သို့ ရောက်သည်အထိ ရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး လက်နက်ပညာရှင်များက
ယင်းကို ထင်သာမြင်သာသည့် တိုးတက်မှုတစ်ခုအဖြစ်မှတ်ချက်ပေးခဲ့ကြသည်။

ယင်းဒုံးကျည်၏ ဝေဟင်အကွာအဝေးကို တောင်ကိုရီးယား၏ စစ်ရေးအကြံပေး အရာရှိများက
ခြေရာခံတိုင်းတာခဲ့ရာ ယခင်ပြုလုပ်ခဲ့ဖူးသမျှ SLBM ခေါ် ရေငုပ်သင်္ဘောက ပစ်လွှတ်ရသည့် ဒုံးကျည်များ
အားလုံးထက် ပိုမိုခရီးရောက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ယခု SLBM ၏ စွမ်းဆောင်ရည်ကြောင့် မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်နှင့်
အတော်ဝေးဝေးမှပင် ပစ်ခတ်တိုက်ခိုက်နိုင်မည်ဖြစ်ရာ မြောက်ကိုရီးယား၏ အဏုမြူလက်နက်
ခြိမ်းခြောက်မှုရန်စွယ်သည် ပိုမိုကြီးမားလာသည်။

သြဂုတ် ၂၄ ရက်က ပစ်လွှတ်ခဲ့သည့်အဆိုပါဒုံးကျည်သည် ဂျပန်နိုင်ငံ၏ လေကြောင်းရန် စောင့်ကြည့်ရေး
နယ်နိမိတ်အတွင်းသို့ ဝင်ရောက်သွားခဲ့ရာ ''ခွင့်မလွှတ်နိုင်သည့် လက်လွတ်စပယ်လုပ်ရပ်''ဖြစ်ပြီး
ဂျပန်နိုင်ငံ၏ လုံခြုံရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ဂျပန်ဝန်ကြီးချုပ်
ရှင်ဇိုအာဘေးက ရှုတ်ချပြောဆိုခဲ့သည်။

ကယ်လီဖိုးနီးယား နိုင်ငံတကာပညာကျောင်း Middlebury Institute of International Studies ၏
ဒါရိုက်တာတစ်ဦးဖြစ်သည့် ဂျက်ဖရီလူးဝစ်က စမ်းသပ်မှုအကြောင်း အသေးစိတ် မသိရှိနိုင်သော်လည်း
အောင်မြင်သည်မှာ သိသာထင်ရှားသည်ဟု မှတ်ချက်ပေးခဲ့သလို မြောက်ကိုရီးယား၏
ယင်းလက်နက်စနစ်သည် ပြုလုပ်နေဆဲဖြစ်သော်လည်း တိုးတက်မှုကိုမြင်တွေ့ရသည်ဟုလည်း
အေအက်ဖ်ပီကို ပြောပြခဲ့သည်။

မြောက်ကိုရီးယားသည် ယခုလစောစော ပိုင်းက မြေပြင်မှလွှတ်ရသည့် ဒုံးကျည်တစ်မျိုးကို
ဂျပန်ရေပိုင်နက်အတွင်းသို့ တိုက်ရိုက် ပစ်လွှတ်ခဲ့သေးသည်။

တောင်ကိုရီးယားဘက်က တုံ့ပြန်မှုအဖြစ် အမေရိကန်နိုင်ငံ၏ နည်းပညာမြင့် ခုခံကာကွယ်ရေး
စနစ်တစ်မျိုးဖြစ်သွေှာံဗဗီ စနစ်ကို မကြာသေးမီက လက်ခံသဘောတူခဲ့ရာ မြောက်ကိုရီးယား၏
သံတမန်ရေးရာမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာခဲ့သည်။

သြဂုတ်လ ၂၂ ရက်တွင် တောင်ကိုရီးယားနှင့် အမေရိကန် တပ်များပူးပေါင်းကာ
အာလ်ချီဖရီးဒမ်းခေါ် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို စတင်ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့သော
စစ်ရေးလေ့ကျင့်မှုများသည် ကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်း တောင်ကိုရီးယားနှင့်
အမေရိကန်အစိုးရနှစ်ရပ်လုံးက ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားဘက်ကမူ
သဘောတူလက်ခံဟန်မရှိပေ။

အာလ်ချီဖရီးဒမ်းသည် ရန်သူဘက်ကကျူးကျော်မှုကို ကွန်ပျူတာ ပုံရိပ်များဖြင့် ပုံဖော်ကာ လေ့ကျင့်ခြင်း
ဖြစ်သော်လည်း တောင်ကိုရီးယားစစ်သား ငါးသောင်းနှင့် အမေရိကန်စစ်သား နှစ်သောင်းခွဲပါဝင်သည့်
ဧရာမ စစ်ရေးလေ့ကျင့်မှုကြီးဖြစ်သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း