အစ္စရေးနိုင်ငံ သမ္မတဟောင်းနှင့် နိုဘယ်ဆုရှင် ရှီမွန် ပီးရက်စ် အသက် ၉၃ နှစ်တွင် ကွယ်လွန်

 

ဂျေရုစလင် - အစ္စရေးနိုင်ငံ သမ္မတဟောင်း နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ရှီမွန်ပီးရက်စ်သည်
ရက်သတ္တနှစ်ပတ်ကြာ လေဖြတ်ရောဂါ ဝေဒနာခံစားရပြီးနောက် စက်တင်ဘာ ၂၈ ရက်တွင်
ကွယ်လွန်ခဲ့သည်။

အသက် ၉၃ နှစ်အရွယ်ရှိ ပီရက်စ်သည် အစ္စရေးနိုင်ငံတွင် ဝန်ကြီးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ်နှင့်
သမ္မတအဖြစ်လည်း ဆောင်ရွက် ခဲ့သည်။ ၄င်းသည် ၁၉၉၄ ခုနှစ်တွင် အော်စလို ငြိမ်းချမ်းရေး
စာချုပ်ကို စေ့စပ် ညှိနှိုင်းဆောင်ရွက်ရာ၌ သူပါဝင်ဆောင်ရွက်ခဲ့သည့် အခန်းကဏ္ဍအတွက်
အစ္စရေး ဝန်ကြီးချုပ် ယစ်ဇတ် ရာဘင်၊ ပါလက်စတိုင်း ခေါင်းဆောင် ရာဆာ အာရာဖတ်တို့နှင့်အတူ
နိုဘယ်ငြိမ်းချမ်းရေးဆုကို ပူးတွဲဆွတ်ခူးရရှိ ခဲ့သည်။

ပီရက်စ်သည် မနက် ၃ နာရီဝန်းကျင်တွင် ရာဖီဝါဒမ်၌ ကွယ်လွန်ခဲ့ကြောင်း သူ၏ သားမက်လည်းဖြစ်၊
ကိုယ်ရေးဆရာဝန်လည်းဖြစ်သူ ရာဖီလ်ဝယ်ဒမ်က ပြောကြားခဲ့သည်။

ရှီမွန် ပီးရက်စ်ကို ၁၉၂၃ ခုနှစ်တွင် ပိုလန် နိုင်ငံရှိ ဝစ်ရှ်နယူးမြို့ (ယခုအခါ ဘီလာရုစ် နိုင်ငံ၊
ဝစ်ရှ်ညီဘာမြို့)တွင် မွေးဖွားခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် အစ္စရေးပါလီမန်အမတ် အဖြစ် ပထမဆုံး
အကြိမ် ရွေးချယ်ခံရပြီး အစိုးရအဖွဲ့ ၁၂ ခုတွင် အဆင့်အမျိုးမျိုးဖြင့် အမှုထမ်းခဲ့သည်။ သူသည်
အစ္စရေးနိုင်ငံ၏ လျှို့ဝှက် နျူကလီးယားစက်ရုံကို တည်ထောင် ခဲ့သူဖြစ်သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း