ကျွန်တော်က အမေရိကန်နိုင်ငံသား အားလုံးအတွက် သမ္မတပါ

အမေရိကန်ပြည်ထောင်စု၏ ၄၅ ဦးမြောက် သမ္မတဖြစ်လာသော ဒေါ်နယ်ထရမ့် အောင်ပွဲခံမိန့်ခွန်း ပြောကြားနေစဉ်။အီးပီအေအမေရိကန်ပြည်ထောင်စု၏ ၄၅ ဦးမြောက် သမ္မတဖြစ်လာသော ဒေါ်နယ်ထရမ့် အောင်ပွဲခံမိန့်ခွန်း ပြောကြားနေစဉ်။အီးပီအေ

နယူးယော့ခ် - အမေရိကန်ပြည်ထောင်စု၏ ၄၅ ဦးမြောက် သမ္မတဖြစ်လာရေးအတွက်
ယှဉ်ပြိုင်ပွဲတွင် ဒေါ်နယ်ထရမ့်သည် ပြိုင်ဘက် ဟီလာရီကလင်တန်ကို အနိုင်ရကာ
အမေရိ ကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝန်းလုံးကို အံ့အားသင့်သွားစေခဲ့သည်။

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ် ထရမ့်သည် အနိုင်ရရှိရန် လိုအပ်သော
ကိုယ်စားလှယ်မဲ ၂၇၀ ထက်ကျော်လွန်၍ စုစုပေါင်း ၂၉၀ ဖြင့် သမ္မတရွေးကောက်ပွဲတွင်
အနိုင်ရရှိခဲ့သည်။

သူ၏ပြိုင်ဘက် ဒီမို ကရက်တစ်သမ္မတလောင်း ဟီလာရီကလင် တန်ကမူ ကိုယ်စားလှယ်မဲ
၂၁၈ မဲသာရရှိပြီး ရှုံးနိမ့်ခဲ့ရသည်။ "အခုအချိန်ဟာ အမေရိကန်အတွက် ကွဲပြားနေတဲ့
ဒဏ်ရာတွေကို ပြန်လည်ပြီး ပေါင်းစည်းနှောင်ဖွဲ့ဖို့ အချိန်ပါပဲ၊ ကျွန်တော် တို့နိုင်ငံက
နိုင်ငံသားတိုင်းကို ကျွန်တော်ဟာ အမေရိကန်နိုင်ငံသား အားလုံးရဲ့ သမ္မတ
ဖြစ်လာလိမ့်မယ်ဆိုတာကိုတော့ ကတိပေးပါတယ်"ဟု နယူးယော့ခ်မြို့တွင်
သူ့အား ထောက်ခံသော လူထုကြီးကို နိုဝင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။

သူ့ဇာတိ နယူးယော့ခ်မြို့တွင်ပြုလုပ်သော အောင်ပွဲခံ အခမ်းအနား၌ ဒေါ်နယ်ထရမ့်က
သူ့ကိုထောက်ခံသူများ၏ စိတ်အားတက်ကြွမှု အရှိန်ကိုယူကာ ၁၈ လကြာ သမ္မတ
ရွေးကောက်ပွဲကာလအတွင်း အဆိပ် အတောက်သဖွယ်ဖြစ်ခဲ့သည့် သဘောထား
ကွဲလွဲမှုများ၊ ရန်လိုမုန်းတီးမှုများကို မေ့ပျောက် မြှုပ်နှံပစ်ကြစေရန် ကြိုးပမ်းခဲ့သည်။

"အရင်တုန်းက ကျွန်တော့်ကို မထောက်ခံ ဘူးဆိုတဲ့လူတွေ များတော့မများလှတဲ့ လူတွေကို
ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ဟာ အတူတကွ လက်တွဲဆောင်ရွက်ကြရမယ်၊
ကျွန်တော်တို့နိုင်ငံကြီးအတွက် စည်းလုံး ညီညွတ်စွာ ဆောင်ရွက်ကြရမယ် ဆိုတာပါပဲ" ဟု
သူ၏ သမ္မတဖြစ်ရေးယှဉ်ပြိုင်ပွဲပြီးနောက် အောင်ပွဲခံမိန့်ခွန်းတွင် ကြေညာခဲ့သည်။

ထို့ပြင် သူ၏ပြိုင်ဘက် ဟီလာရီကလင် တန်ကိုလည်း နှစ်ပေါင်းများစွာ နိုင်ငံအတွက်
အမှုထမ်းခဲ့ခြင်းကို ချီးမွမ်းထောမနာပြုခဲ့ သည်။ "ဟီလာရီဟာ ကာလကြာရှည်စွာ
ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ နိုင်ငံအတွက် အလုပ်တွေ လုပ်ခဲ့ပါတယ်၊ ကျွန်တော်တို့
နိုင်ငံအတွက် သူ့ရဲ့ တာဝန်ကျေပြွန်စွာ ဆောင်ရွက်မှုတွေကို ကျွန်တော်တို့ ကျေးဇူး
တင်ကြရမှာဖြစ်ပါတယ်၊ ဒီကိစ္စကို ကျွန်တော် ရိုးသားစွာ ပြောဆိုခြင်းသာဖြစ်ပါတယ်"ဟု
ထည့်သွင်း ပြောကြားခဲ့သည်။

သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရ သော အသက် ၇၀ အရွယ်ရှိ ကုဋေကြွယ် သူဌေးကြီး
ထရမ့်က ပြိုင်ဘက်ဟီလာရီကလင် တန်သည် ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ရွေးကောက်ပွဲရလဒ်
ထွက်ပေါ်ပြီးနောက်တွင် သူအရေးနိမ့်ပါကြောင်း တယ်လီဖုန်း ဆက်၍ ၀န်ခံပြောကြားခဲ့သည်ဟုဆိုသည်။

အမေရိကန်၏ ဒီမိုကရက်တစ်ပါတီဝင် များကို ယှဉ်ပြိုင်၍ နှစ်နှစ်ကြာ ဆောင်ရွက် ခဲ့သော
ခါးသီးပြင်းထန်သည့် ရွေးကောက်ပွဲ မဲဆွယ်ရေးကာလအတွင်း ကုဋေကြွယ်သူဌေးကြီး
ဒေါ်နယ်ထရမ့်က တရားမ၀င် ၀င်ရောက် နေထိုင်သူများကို နှင်ထုတ်ပစ်ရန်၊ နိုင်ငံတွင်း
သို့ဝင်လာသည့် မွတ်စလင်များကို တားဆီး ပိတ်ပင်ရန်နှင့် လွတ်လပ်စွာကုန်သွယ်ရေး
သဘောတူညီချက်များကို ဖျက်သိမ်းပစ်ရန် ကတိပြုခဲ့သည်။

သူပေးသည့် ကတိများသည် အမေရိကန် လူဖြူအများစုကို အကြီးအကျယ် အားရ ကျေနပ်စေခဲ့သည်။

ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုလည်း အမေရိကန် ပြည်ထောင်စုသည်
ဥရောပရှိ နေတိုး မဟာမိတ်များကို အပြည့်အ၀ထောက်ခံ ကြောင်း၊ တောင်ကိုရီးယားနှင့်
ဂျပန်နိုင်ငံ တို့ကိုလည်း ယင်းတို့၏ ကိုယ်ပိုင်နျူကလီး ယားလက်နက်များ ထုတ်ခွင့်ပြုစေသင့် ကြောင်း
အကြံပြုပြောကြားခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဘ၀မှ ရုပ်မြင်သံကြားတွင် တွေ့ရများလှသော
နိုင်ငံရေးသမားတစ်ဦးဖြစ်လာပြီး တစ်ကြိမ် တစ်ခါမှ ရွေးချယ်တင်မြှောက်ခြင်း မခံရဖူးသူ ထရမ့်သည်
လာမည့် ဇန်န၀ါရီ ၂၀ ရက်တွင် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံ တစ်နိုင်ငံ၏
ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပေတော့မည်။

ထရမ့်အနိုင်ရခဲ့သည့် ရွေးကောက်ပွဲ အနိုင်ရလဒ်က ကမ္ဘာ့ဈေးကွက်များတွင် ပစ္စည်းများ
ဈေးလျှော့ရောင်းရခြင်း၊ လက်ကျန် ကုန်များ ထုတ်ရောင်းရခြင်းနှင့် အာရှနှင့် ဥရောပ
ဈေးကွက်များတွင် စတော့ဈေးကွက် များ ဈေးထိုးကျခြင်း၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများ
ကျဆင်းရခြင်း စသည့် အကျိုးရလဒ်များ ပေါ်ပေါက်ခဲ့ရသည်။

ဒေါ်နယ်ထရမ့်သည် အစိုးရလုပ်ငန်း ဆိုင်ရာ အတွေ့အကြုံများမရှိဘဲ များမကြာမီ
နှစ်များအတွင်းကအထိ အလှမယ်ရွေးပွဲများ တွင် အချိန်အများဆုံးဖြုန်းခဲ့ခြင်း၊ အိမ်ခြံမြေ
လုပ်ငန်း အင်ပါယာကြီးကို တည်ဆောက် ခဲ့ခြင်းများသာ ဆောင်ရွက်ခဲ့သော်လည်း
ယခု အသက် ၇၀ အရွယ်ရောက်ချိန်တွင် ကမ္ဘာ ပေါ်၌ အသက်အကြီးဆုံး သမ္မတတစ်ဦး
ဖြစ်လာတော့မည်။ ထရမ့်က "သမ္မတရာထူး လက်ခံတဲ့ ပထမနေ့မှာပဲ ပြောင်းလဲမှုတွေ
စတင်မယ်"ဟု ကတိပြုခဲ့သည်။

ရီပတ်ဘလီကန်ပါတီမှ သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ထရမ့်က သူစတင် တာဝန်ထမ်းဆောင်သည့်
ပထမ ရက် ၁၀၀ အတွင်း 'မဟာအမေရိကန်နိုင်ငံကြီး ပြန်ဖြစ် အောင်လုပ်မည်' ဆိုသော
အစီအစဉ်ကို ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့်
ပထမပိုင်း နေ့ရက်များမှာပင် မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှု
စာချုပ်ကို ပြန်လည်ညှိနှိုင်းပြီး တီပီပီ ခေါ် ကုန်သွယ်ရေးအဖွဲ့မှ နုတ်ထွက်မည်ဟု ကတိပြုထားသည်။

ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အံ့ဩ ရလောင်အောင် အောင်ပွဲခံမှုနှင့်စပ်လျဉ်း၍
ကမ္ဘာ့သတင်းစာများက အမျိုးမျိုးဝေဖန် ရေးသားခဲ့ကြသည်။ ဗြိတိန်ထုတ် ဂါးဒီးယန်း
သတင်းစာက အမေရိကန်ပြည်ထောင်စုသည် သူ့နိုင်ငံအတွက် အန္တရာယ်အကြီးဆုံး
ခေါင်းဆောင်ကို ရွေးချယ်ခဲ့သည်၊

စိုးရိမ်စရာ တွေ အများကြီးရှိသည်၊ အမေရိကန်ပြည်သူတွေ အသူတစ်ရာနက်သည့်
ချောက်ထဲ ခုန်ဆင်းခြင်းဖြစ်သည်ဟု ရေးသားခဲ့သည်။ ဂျာမနီသတင်းစာ Sueddeutsche Zeitung က
ဒီကိစ္စဟာ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးတာမဟုတ်ဘူး၊ တစ်နိုင်ငံလုံးဆိုင်ရာ အကျပ်
အတည်းတစ်ခုဖြစ်တယ်၊ အဆုံးမှာ အနိဋ္ဌာရုံတွေ့မယ်၊ ဒေါ်နယ်ထရမ့် အမေ ရိကန်သမ္မတဖြစ်ပြီ၊
တွေးတောင်မတွေး ရဲတာတွေ တကယ်ဖြစ်လာပြီဟု ရေးသားခဲ့သည်။ 

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း