ဘ၀မှတ်တမ်းတွင် မေတ္တာဇာတ်လမ်းဖော်ထုတ်

ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးခေါင်းဆောင်ဖြစ်သော မီခေး ဂေါ်ဘာချော့ဗ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးခေါင်းဆောင်ဖြစ်သော မီခေး ဂေါ်ဘာချော့ဗ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

မော်စကို- ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးခေါင်းဆောင်ဖြစ်သော မီခေး ဂေါ်ဘာချော့ဗ်
ကိုယ်တိုင် နိုဝင်ဘာလ ၁၃ ရက်နေ့က မိတ်ဆက်ပေးသည့် ကိုယ်တွေ့ဘ၀ မှတ်တမ်း
စာအုပ်တွင် ပထမဦးဆုံးအနမ်းမှ ကင်ဆာဖြင့် သေဆုံးမှုအထိ ၎င်း၏ဇနီး ရေဆာ
အပေါ် ၎င်း၏ ချစ်ခြင်းမေတ္တာကို ပြန်လည်သတိရ ဖော်ပြခဲ့သည်။

ဂေါ်ဘာချော့ဗ် (၈၁ နှစ်) သည် မော်စကိုမြို့လယ် စာအုပ်ဆိုင်တစ်ဆိုင် တွင် မကြာခင်
ကထုတ်ဝေခဲ့သည့် ၎င်း၏ Alone with Myself စာအုပ်များ ပေါ်တွင် လက်မှတ်ထိုး
ပေးခဲ့သည်။

၎င်း၏ဇနီးအား ရည်စူးကြောင်း ဖော်ပြထားသည့် စာအုပ်၏ မျက်နှာဖုံး ပေါ်ရှိ ဇနီး၏ပုံရှေ့တွင်
၎င်းထိုင်လျက် ရှိနေသည်။

အခြား ဆိုဗီယက်ခေါင်းဆောင်များ ၏ ဇနီးများနှင့်မတူဘဲ ရေဆာသည် နောက်ပိုင်းတွင်
ရိုးရိုးကုပ်ကုပ်မနေခဲ့ပေ။ ၎င်း၏ ကြော့ရှင်းသောဝတ်စုံနှင့် လူပုံ အလယ် တက်ကြွစွာပေါ်
လာခြင်းသည် ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးနှစ်များ တွင် လူအများကို သည်းမခံနိုင်
အောင် ဖြစ်စေခဲ့သည်။

၎င်း၏ဇနီးအပေါ် ချစ်ခြင်းမေတ္တာ သည် ၎င်း၏ဘ၀တွင် တွန်းအားတစ်ခု ဖြစ်ကြောင်း
ဂေါ်ဘာချော့ဗ်က အမြဲ အလေးထားပြောခဲ့ပြီး သွေးကင်ဆာကို ခံစားရပြီး ၁၉၉၉ ခုနှစ်တွင်
ဇနီး၏ သေဆုံးမှုကြောင့် ၎င်းသည် လွန်စွာ ၀မ်းနည်းကြေကွဲခဲ့ရသည်။

အချစ်စစ် အချစ်မှန်သည် ချောချော မောမောမရှိကြောင်း ဂေါ်ဘာချော့ဗ်က ၎င်း၏စာအုပ်
တွင် ထုတ်ဖော်ခဲ့သည်။ ၎င်းသည် ရေဆာကို မော်စကိုတက္ကသိုလ် တွင် တွေ့ရှိခဲ့သည်ဟု
သိရသည်။

"ကျုပ် ကယောင်ချောက်ချားဖြစ် နေတယ်လို့ ခံစားရတယ်။ ရေဆာကို တွေ့ချင်နေပြီး
သူရှိတဲ့နေရာမှာ ရှိနေချင်တယ်"ဟု ၎င်းကရေးသားခဲ့သည်။

သူတို့နှစ်ဦး ရေကန်တစ်ကန်တွင် ရေကူးသွားစဉ် မိုးသက်မုန်တိုင်းတစ်ခု ရုတ်တရက်
ကျရောက်လာကြောင်းနှင့် မော်စကိုပန်းခြံတစ်ခြံတွင် ပထမဦးဆုံး နမ်းခဲ့ကြကြောင်း
ရေးသားထားသည်။

"လျှပ်စီးလက်လိုက်တဲ့အခါ ရေဆာရဲ့ မျက်နှာကို မှတ်မိပါတယ်။ သူက ကြောက်လန့်ပြီး
သံသယမျက်လုံးနဲ့ ကြည့်နေတယ်။ သူ့ကိုဖက်လိုက်ပြီး ကိုးရိုးကားရားနဲ့ ပြင်းပြစွာ စတင်နမ်း
လိုက်ပါတယ်"ဟု ရေးသားဖော်ပြ ထားသည်။

"သူ့မိန်းမ သေဆုံးမှုအတွက် ကိုယ့် ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ခဲ့ဘူး။ ရေဆာရဲ့ နောက်ဆုံး
နေ့တွေနဲ့ ၎င်း ဖြတ်သန်းခဲ့ရတဲ့ ကြီးစွာသောဒုက္ခတွေ ပြန်ပေါ်လာတယ်။ ဒီဆိုးရွားတဲ့
ကံကြမ္မာကို ရှောင်ရှားဖို့ ဒီထက် ဘာလုပ်နိုင်မလဲ၊ ဘာလုပ်ခဲ့သလဲ" ဟု ဖော်ပြခဲ့သည်။

"သူ ဂျာမန်ဆေးရုံမှာ သေဆုံးသွား ပြီးနောက် ကျုပ်ဘ၀မှာ အထီးကျန်မှုကို ခံစားခဲ့ရတယ်"
ဟု၎င်းက ရေးသား ခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုကို အစပျိုးခဲ့မှုကြောင့် ဂေါ်ဘာချော့ဗ်ကို အနောက်နိုင်ငံများက
ကြည်ညိုကြပြီး ၁၉၉၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း