သတင်းလွတ်လပ်မှုကြောင့် ဗြိတိန်နိုင်ငံ ဆွဲဆောင်မှုရှိလာ

အိန္ဒိယရောက် လန်ဒန်မြို့တော်ဝန် ဘောရစ်ဂျွန်ဆင်ကို ကျောင်းသူကျောင်းသားများနှင့်တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)အိန္ဒိယရောက် လန်ဒန်မြို့တော်ဝန် ဘောရစ်ဂျွန်ဆင်ကို ကျောင်းသူကျောင်းသားများနှင့်တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

လန်ဒန်- ဗြိတိန်နိုင်ငံသည် ပိုမို တင်းကျပ်သော မီဒီယာစည်းမျဉ်းများကို ပြဋ္ဌာန်းလိုက်ပါက
ကမ္ဘာ့နိုင်ငံများစွာနှင့် ဆန့်ကျင်ဘက်သို့ ဦးတည်သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံသို့
အလည် ရောက်ရှိနေသော လန်ဒန်မြို့တော်ဝန် ဘောရစ်ဂျွန်ဆင်က ဆိုသည်။

ဗြိတိသျှ သတင်းစံနှုန်းများအား အသေးစိတ်လေ့လာပြီးနောက် ဗြိတိသျှ မီဒီယာစည်းမျဉ်း
များကို ပိုမိုတင်းကျပ် သွားစေနိုင်သည့် သုံးသပ်ချက်၏ ပထမပိုင်းကို မထုတ်ပြန်မီ ၎င်းက
ပြောကြားလိုက်ခြင်းဖြစ်သည်။

မိမိ၏ ကွန်ဆာဗေးတစ်ပါတီ ခေါင်း ဆောင်ဖြစ်သူ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ယင်း
သတင်းဆိုင်ရာ စတက်ကျု စည်းမျဉ်းများကို ပြဋ္ဌာန်းရန် ကြိုးပမ်းလာပါလျှင် မိမိအနေဖြင့်
အပြင်းအထန် ကန့်ကွက်သွားမည်ဟု လည်း သတင်းသမားဟောင်းတစ်ဦး ဖြစ်သည့်
ဘောရစ်ဂျွန်ဆင်က ဒေလီ မြို့တွင် နိုဝင်ဘာလ ၂၅ ရက်က ဘီဘီစီ ရေဒီယိုသတင်းထောက်
ကို ပြောသည်။

"လွတ်လွတ်လပ်လပ် ရေးသားပြော ဆိုခွင့်ပေးနေကြတဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆန့်ကျင်သွားနိုင်
မယ့် ကျွန်တော်တို့ အခြေအနေကို ကျွန်တော်စိတ်မချပါဘူး။ နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံမှု
တွေကို လန်ဒန်က ဘာတွေနဲ့ဆွဲဆောင်နေသလဲ။ လန်ဒန်မှာ နေခင်းထိုင်ခင်း အကောင်းဆုံး
ဖြစ်အောင် ဘာတွေက ဖန်တီးနေသလဲ။ ဘာတွေလဲလို့ဆိုရင် လန်ဒန်မှာ တည်ငြိမ်တဲ့ စည်း
စနစ်ရှိလို့ ပဲ။ လန်ဒန်ဟာ အကျင့်ပျက်ခြစား တာတွေ ရှာမှာရှားတဲ့နေရာလည်း ဖြစ်လို့ပါပဲ။
မီဒီယာကို ပိုးသတ်သလိုသတ် နေရင်၊ မျိုးတုံးအောင်လုပ်သလို လုပ်နေရင်၊ မလိုင်မတက်
အောင် မွှေသလို မွှေနေရင် တော့ ကျွန်တော်တို့ ဒီမိုကရေစီလမ်း ပေါ်မှာ ဆိုးကျိုးတွေဖြစ်
လာဖို့ပဲ ရှိပါတယ်"ဟု ၎င်းကပြောသည်။

ဗြိတိန်နိုင်ငံခြားရေးရာဝန်ကြီး ၀ီလျံ ဟေ့ဂ်ကမူ "မိမိသည် သတင်းလွတ်လပ် ရေးကိစ္စကို
လုံးဝထောက်ခံသူဖြစ်သော် လည်း အတွေ့အကြုံရင့်ကျက်သည့် တရားသူကြီး ဘရိုင်ယန်
လီဗီဆန် ဦးဆောင်ထုတ်ပြန်သည့် သတင်း ဆန်းစစ်ချက် အစီရင်ခံစာကို ဖတ်ရှု ပြီးမှသာ
မိမိ၏ဆုံးဖြတ်ချက်ကို ပြောပါရစေ"ဟုဆိုသည်။

လီဗီဆန်၏ ဆန်းစစ်ချက်တွင် တွေ့ရှိရသည်များ အပေါ် စိတ်ချယုံကြည်ရန်နှင့် ယင်းတွေ့
ရှိချက်များ၏ အကျိုး အကြောင်းဆီလျော် မျှတမှုကို သိနိုင်ဖို့ အချိန်တိုတစ်ခုတော့ ပေးပါ
ရန် အဓိကအတိုက်အခံ လေဘာ ပါတီခေါင်းဆောင်အက်ဒွပ် မီလီဘန်က အကြံပြု တိုက်
တွန်းသည်။

အက်ဒွပ်မီလီဘန်က "ပါလီမန်သည် ခိုင်မာသော အချက်အလက်အားလုံးကို စုံစမ်းစစ်
ဆေးပြီး ကောက်ချက်ချ နိုင်သော အခွင့်အာဏာဖြင့် ဤ ဆန်းစစ်ချက် အစီရင်ခံစာကို
ပြုစုခြင်းဖြစ်သည်။ ဤလုပ်ဆောင်ချက်ကို ကျွန်ုပ်တို့ ယုံကြည်ကြရန် လိုအပ်ပါသည်။
အသစ်တစ်ခု တီထွင်ရန် မဟုတ်ပါ"ဟု နိုဝင်ဘာလ ၂၆ ရက် ထုတ် ဂါးဒီးယန်းနေ့စဉ်
သတင်းစာတွင် ရေးသားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း