ဒေါ်နယ်ထရမ့်က ဗဟိုတရားရုံးချုပ် တရားသူကြီးအဖြစ် နီးဂေါ့ရှ်ကို ရွေး

 

တရားရုံးချုပ် တရားသူကြီးအဖြစ် လျာထားခံရသူ နီးဂေါ့ရှ်နှင့် ဇနီးကို သမ္မတ ဒေါ်နယ်ထရမ့်က လူထုနှင့် မိတ်ဆက်ပေးနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီတရားရုံးချုပ် တရားသူကြီးအဖြစ် လျာထားခံရသူ နီးဂေါ့ရှ်နှင့် ဇနီးကို သမ္မတ ဒေါ်နယ်ထရမ့်က လူထုနှင့် မိတ်ဆက်ပေးနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဝါရှင်တန် - အမေရိကန်သမ္မတသစ် ဒေါ်နယ် ထရမ့်က ဗဟိုတရားရုံးချုပ် တရားသူကြီး အဖြစ်
ကော်လိုရာဒိုပြည်နယ် ဒင်ဗာမြို့မှအယူခံရုံး တရားသူကြီး အသက် ၄၉ နှစ်အရွယ်ရှိ နီးဂေါ့ရှ်ကို
အဆိုပြုရွေးချယ်လိုက်ရာ အမေရိကန်၏ အဆင့်အမြင့်ဆုံး တရားရုံး တွင် ကွန်ဆာဗေးတစ်
ပါတီဝင်တို့ အများဆုံး နေရာရစေရန် စောစောပိုင်း အခွင့်အလမ်း တစ်ခုကို ထူးထူးခြားခြား
အမိအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အကယ်၍ ဆီးနိတ်အထက်လွှတ်တော်ကအတည်ပြုခဲ့လျှင် အန်တိုနင် စကာဒီယာ ကွယ်လွန်သွား၍
လွန်ခဲ့သည့် တစ်နှစ်နီးပါက လစ်လပ်နေသော တရားရုံးချုပ် တရားသူကြီး နေရာတွင် ဂေါ့ရှ်က
အစားထိုးနေရာယူခြင်း ဖြစ်သည်။ ဖြူစင်ရိုးသားပြီး ရည်မွန်သောဆံပင်ဖြူဖြူနှင့် တရားသူကြီးမှာ
စီရင်ချက်များကို ပြတ်သားစွာရေးသားနိုင်သည့်ယခုမျိုးဆက်တွင် အသက်အငယ်ဆုံး
အဆိုပြုခံရသူတစ်ဦး ဖြစ်ခဲ့သည်။

၎င်းကို ခန့်အပ်မှုသည် စီးပွားရေးလုပ်ငန်း ဆိုင်ရာ စည်းမျဉ်းများမှသည် အမျိုးသား အမျိုးသမီးခွဲခြားမှု
အခွင့်အရေးအလယ်၊ လက်နက်ထိန်းချုပ်ရေးအထိ ကျယ်ပြန့်သော ကိစ္စရပ်များတွင် အဓိကအကျိုး
သက်ရောက် နိုင်ပြီဖြစ်သည်။ ထိုကဲ့သို့ မမျှော်လင့်ဘဲ ကြေညာချက် ထွက်ပေါ်ပြီးနောက် ထရမ့်က
ဂေါ့ရှ်နှင့် သူ့ဇနီးတို့ကို အိမ်ဖြူတော်သို့ ဖိတ်ကြားခဲ့ပြီး အရှေ့ဘက်ခန်းမဆောင်တွင် ပရိသတ်များနှင့်
မိတ်ဆက်ပေးခဲ့သည်။

မစ္စတာထရမ့်က သူအဆိုပြုထားသည့် တရားသူကြီးကို ပရိသတ်များအားပြရင်း ''သူတို့လာပါပြီ။
ရုတ်တရက်တော့ အံ့အား သင့်စရာပေါ့ဗျာ''ဟု ပြောကြားခဲ့သည်။

''သူက ဥပဒေကုမ္ပဏီတစ်ခုခုမှာ ငွေ များများစားစားနဲ့ လုပ်ခလစာရမယ့် လုပ်ငန်း တစ်ခုခု
ရနိုင်သူပါ။ ဒါပေမဲ့ ဘဝတစ်သက် တာလုပ်ငန်းအဖြစ် တရားသူကြီးတစ်ယောက် ပဲ ဖြစ်ချင်တဲ့
ဆန္ဒရှိတယ်၊ စီရင်ချက်တွေ ရေးမယ်၊ နောက်ပြီးတော့ ကျွန်တော်တို့နိုင်ငံ ရဲ့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေနဲ့ တည်ဆဲဥပဒေ တွေကို အကျိုးရှိရှိ ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်မယ့်
ဆန္ဒရှိသူဖြစ်တယ်'' ဟု ထရမ့်က ပြောကြားခဲ့သည်။

နီးဂေါ့ရှ်သည် အစဉ်အလာရှိခဲ့သော မိသားစုတန်ဖိုးများကို အထူးအလေးထားပြီး ဖွဲ့စည်းပုံ
အခြေခံဥပဒေကို တိတိကျကျ လိုက်နာကာ အမေရိကန် လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက်
ဘာသာရေးအခန်းကဏ္ဍကို ကာကွယ်ရန် လိုအပ်သည်ဟု ဆိုသူ ဖြစ်သည်။ ကော်လိုရာဒိုနယ်သား
Ivy League ပညာတတ်ဖြစ်ပြီး ၂ဝဝ၆ ခုနှစ်နောက်ပိုင်းက စ၍ ဒင်ဗာမြို့ ပြည်ထောင်စု အယူခံတရားရုံး
တွင် တရားသူကြီးအဖြစ် အမှုထမ်းခဲ့သူ ဂေါ့ရှ် သည် ဆီးနိတ်လွှတ်တော်၏ အတည်ပြုချက် ကိုလည်း
ရနိုင်မည်ဖြစ်သည်။

သူသည် အထူးပင် ယဉ်ကျေးသိမ်မွေ့၍ သံခင်းတမန်ခင်းအရ ကျွမ်းကျင်မှုရှိသူဟု လည်းမြင်
ထားကြသည်။ အရေးပါသော စီရင်ချက်များ ရေးသားနိုင်ရန် သူ၏စွမ်းရည် နှင့် အစဉ်အလာဝါဒီ
တစ်ဦးအဖြစ် သူ့အမြင် များကလည်း ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ကွယ်လွန်သွားခဲ့သော
ကွန်ဆာ ဗေးတစ်ပါတီ တရားသူကြီး စကာဒီယာနှင့် အထူးပင်နှိုင်းယှဉ်နိုင်သူဖြစ်သည်။

ကိုလံဘီယာနှင့် ဟားဗတ်တက္ကသိုလ်များ မှ ဘွဲ့ရခဲ့သူ ဂေါ့ရှ်ကပြောကြားရာတွင် သူသည်
ဇာတိနယ်မြေ ကော်လိုရာဒို၌ အမြဲ တမ်းပင် ဆက်နွှယ်မှုရှိခဲ့ကြောင်း၊ ယင်းပြည် နယ်သို့
ငါးဖမ်းရန် ပြန်ရသည်ကို သဘောကျ ပြီး ထိုဒေသမှာပင် သူ၏ဇနီး လူစီနှင့် သမီး
နှစ်ဦးတို့ရှိကြောင်း၊ မြင်းများ၊ ကြက်များနှင့် ဆိတ်များ မွေးမြူကြောင်း ပြောကြားခဲ့သည်။

တရားသူကြီး ဂေါ့ရှ်သည် ဝါရှင်တန်မြို့သို့ ဆယ်ကျော်သက်ဘဝကတည်းက ရွှေ့ပြောင်း
နေထိုင်ခဲ့သူဖြစ်ပြီး သူ့မိခင်မှာ သမ္မတ ရော်နယ် ရေဂင်လက်ထက်တွင် သဘာဝ ပတ်ဝန်းကျင်
ကာကွယ်ရေးဆိုင်ရာ အေဂျင်စီ ၏အကြီးအကဲအဖြစ် အဆိုပြုခံခဲ့ရသည်။

ဂေါ့ရှ်သည် နယူးယော့ခ်မြို့ ကိုလံဘီယာ တက္ကသိုလ်တွင် ဘွဲ့မရမီသင်ကြားခဲ့ပြီး သမ္မတ ဘာရက်
အိုဘားမား အလားတူ ဘွဲ့မရမီအချိန်လေးမှာပင် ဟားဗတ်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည်။
ထို့နောက် သူသည် အောက်စ်ဖို့ဒ်တက္ကသိုလ်သို့ ပညာဆက်လက်ဆည်းပူရန် သွားရောက်ခဲ့သည်။
သူသည် သမ္မတ ဂျော့ဒဗ္ဗလျူဘွတ်ရှ် လက်ထက်တွင် တရားရေးဌာန၌ ဝင်ရောက်မလုပ်ကိုင်မီ
ဝါရှင်တန် ဥပဒေကုမ္ပဏီတစ်ခုတွင် ရှေ့နေ တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။

နောက်ပိုင်းတွင် သမ္မတ ဘွတ်ရှ်က သူ့ကို ပြည်ထောင်စုတရားရုံး တရားသူကြီးနေရာ အတွက်
အဆိုပြုခဲ့ပြီး ၂ဝဝ၆ ခုနှစ်တွင် တရားသူကြီးအဖြစ် တာဝန်ယူခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း