မြောက်ကိုရီးယားမှ ကျောက်မီးသွေးတင်သွင်းမှု တရုတ်ရပ်စဲ

 

ပေကျင်း - မြောက်ကိုရီးယားနိုင်ငံ၏ စီးပွားရေး အသက်သွေးကြောသဖွယ် ဖြစ်နေ သော
ကျောက်မီးသွေးများ တရုတ်ပြည်သို့ တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းရန် တရုတ်နိုင်ငံက
ရုတ်တရက်ဆုံးဖြတ်မှုတွင် မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို
ရည်ရွယ်ပြီး ဒေါ်နယ်ထရမ့်၏ ရေရေရာရာ သတ်မှတ်မထားရသေးသော မူဝါဒကို
အကောင်အထည်ဖော်ရန် ရည်ရွယ်ပြီး နောက်ကွယ်တွင် ကျယ်ပြန့်သည့်အကြောင်းရင်း
ရှိနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

ဖေဖော်ဝါရီလ ဒုတိယပတ်က မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့မှုဖြင့် ကမ္ဘာကို
စိန်ခေါ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် မလေးရှားနိုင်ငံ၌ မြောက်ကိုရီးယားခေါင်းဆောင်
ကင်ဂျုံအန်း၏ ဖအေတူမအေကွဲအစ်ကို ကင်ဂျုံနမ် လုပ်ကြံခံရမှုတွင် မြောက်ကိုရီးယားအစိုးရက
စီစဉ်ခဲ့သည်ဟု သံသယဖြစ်ဖွယ်ရှိသည်ဟုဆိုသည်။

မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်
တိုက်တွန်းနေစဉ်အတွင်း တရုတ်နိုင်ငံက မြောက်ကိုရီးယား ကျောက်မီးသွေး တင်သွင်းမှုများကို
၂ဝ၁၇ ခုနှစ်တွင် ပိတ်ပင်ခဲ့ခြင်းသည် တရုတ်နိုင်ငံအား ဝေဖန်မှုများ လျော့ကျသွားစေရန်
ကြိုးပမ်းခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

''အကယ်၍ တရုတ်က မြောက်ကိုရီးယားကို ဖိအားပေးတာဟာ ရည်မှန်းချက်ဖြစ်တဲ့
ဆွေးနွေးညှိနှိုင်းမှု ပဏာမအဆင့်အတွက် အပြန်အလှန် ထရမ့်အစိုးရသစ်နှင့်
လက်တွဲပူးပေါင်းဆောင်ရွက်ရန် ဖြစ်တယ်''ဟု ပီတာဆန် နိုင်ငံတကာစီးပွားရေး
သုတေသနအဖွဲ့အစည်းမှ စတီဖင် ဟက်ဂတ်က သူ၏ ဘလော့ဂ်တွင်
ရေးသားထားသည်။

ပိတ်ဆို့မှုများက မြောက်ကိုရီးယားကို ပြောင်းလဲသွားစေနိုင်ပြီး ၄င်း၏ နျူကလီးယား
လက်နက်များကို စွန့်ပစ်ရန် ဖိအားပေးနိုင်လိမ့်မည်ဟု အိုဘာမားအစိုးရ လက်အောက်တွင်
အမေရိကန်နိုင်ငံက မြောက်ကိုရီးယားအပေါ် ''အရေးယူရန် ပျက်ကွက်မှု'' မူဝါဒ
ချမှတ်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက်
မြောက်ကိုရီးယားနိုင်ငံဟာ ''ကြီးကျယ်သော ပြဿနာတစ်ခု''ဖြစ်ပြီး ပြင်းပြင်းထန်ထန်
ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နျူကလီးယားလက်နက်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှင့်
တရုတ်နိုင်ငံတို့၏ စိုးရိမ်ပူပန်မှုသည် တစ်ထပ်တည်းကျပြီး ပိတ်ဆို့မှုများထက်စာလျှင်
ဆွေးနွေးညှိနှိုင်းရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း သိရသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း