ရုရှား အတိုက်အခံ သတင်းစာ ဆရာမ အခန်းကို စုံထောက်များ ဝင်ရောက်စီးနင်း ရှာဖွေ

 ရုရှားနိုင်ငံ၏ ထင်ရှားသော အတိုက်အခံ သတင်းစာဆရာမ ဇိုရာ စဗီ တိုဘာ။ ဓာတ်ပုံ - အေအက်ဖ်ပီရုရှားနိုင်ငံ၏ ထင်ရှားသော အတိုက်အခံ သတင်းစာဆရာမ ဇိုရာ စဗီ တိုဘာ။ ဓာတ်ပုံ - အေအက်ဖ်ပီ

မော်စကို - ရုရှားနိုင်ငံ၏ ထင်ရှားသော အတိုက်အခံ သတင်းစာဆရာမ ဇိုရာ စဗီ တိုဘာ၏
နေအိမ်ခန်းကို ရုရှားစုံထောက် များက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝင်ရောက်ရှာဖွေခဲ့သည်။
၎င်းတို့က ရုရှား အစိုးရ၏ရန်သူ မီခေး ခိုဒေါ် ကော့ဗ်စကီး အပါအဝင် ယူကို ရေနံကုမ္ပဏီ အကြီး
အကဲဟောင်းများ၏ ငွေကြေးခဝါချမှု လုပ်ငန်းတွင် ပါဝင်သည်ဟု စွဲဆိုကာ စုံစမ်းနေသည့်
အမှုနှင့်ဆက်စပ်၍ ဝင်ရောက်ရှာဖွေခြင်းဖြစ်သည်ဟု ဆိုသည်။

နယူးတိုင်း(မ်) မဂ္ဂဇင်းအပါအဝင် အတိုက်အခံများ၏ မီဒီယာတွင် အစိုးရကို ပြင်းပြင်းထန်ထန်
ထိုးနှက်သည့် ဆောင်းပါးများ ရေးသားခဲ့သည့် အသက် ၅၇ နှစ်အရွယ်ရှိ ဆဗီတိုဘာသည်
နာမည်ကြီးမှုခင်းများတွင် အကျဉ်းသား များအခွင့်အရေး အလွဲသုံးစားလုပ်ခံရ
ခြင်းနှင့်စပ်လျဉ်း၍ ထောင်ထဲတွင် အကျဉ်းသား အတော်များများကို တွေ့ဆုံ မေးမြန်းကာ
ဆောင်းပါးများရေးသား ခဲ့သည်။

၂ဝ၁၆ ခုနှစ်အထိ ဆဗီတိုဘာသည် မော်စကိုမြို့ရှိ အကျဉ်းထောင်များ အခြေ အနေကို
အကဲခတ်စောင့်ကြည့်ရသော ပြည်သူလူထု ကော်မရှင်တွင် ကာလ ကြာရှည် အဖွဲ့ဝင်
တစ်ဦးဖြစ်ခဲ့သည်။

ဆဗီတိုဘာက ပြောကြားရာတွင် ရုရှား စုံစမ်းထောက်လှမ်းရေး ကော်မတီနှင့် FSB
စုံထောက်အဖွဲ့တို့သည် သူ၏ ကွန်ပျူတာက အချက်အလက်များ၊သူ့သားသမီးများ၏
ကွန်ပျူတာများနှင့် သူ့ခင်ပွန်းသည်၏ ခရီးဆောင်ဖုန်းမှ အချက်အလက်များအားလုံးကို
မိတ္တူ ကူးယူခဲ့သည်ဟု ပြောကြားပြီး ထိုလုပ်ရပ် မှာ ခြောက်လှန့်မှုလုပ်ရပ် တစ်မျိုးဖြစ်ကြောင်း
စွပ်စွဲပြောကြားခဲ့သည်။ ၄င်းတို့ သည် တရားရုံးတစ်ရုံး၏ ခွင့်ပြုချက်ဖြင့် အခန်းကို ဝင်ရောက်
ရှာဖွေပြီး အရေးပါ သော စာရွက်စာတမ်းများကို ဖတ်ရှုခြင်း နှင့် ကွန်ပျူတာဖိုင်များကို
ဒေါင်းလုပ် လုပ်ကာ ရယူသွားခဲ့သည်ဟု ဆိုသည်။

''ကျွန်မအခန်းကို ရှာဖွေတာနဲ့ ပတ်သက်လို့ အရာရှိများကို ကျွန်မ ဘာမှ မဆန့်ကျင်ခဲ့ပါဘူး။
ဒီလိုရှာဖွေတာဟာ တကယ်တော့ ယူကို ကိစ္စနဲ့လည်း မပတ်သက်ဘူးလို့ ကျွန်မယူဆပါတယ်။
သူတို့ရည်ရွယ်ချက်က ကျွန်မကို ရာဇဝတ် ကြောင်းအရ အမှုဖွင့်နိုင်ဖို့ စုံစမ်းစစ်ဆေး
တာပဲလို့ ထင်ပါတယ်''ဟု သူ့နေအိမ်မှ စုံထောက်များ ပြန်သွားပြီးနောက်သတင်းထောက်
များကို ဆဗီတိုဘာက ပြောကြားခဲ့သည်။

စုံစမ်းထောက်လှမ်းရေး ကော်မတီက ပြောကြားရာတွင် ၄င်းတို့အဖွဲ့မှ အရာရှိ များသည်
''ခိုဒေါ် ကော့ဗ်စကီးနှင့် သူ၏ ကြံရာပါများက စောစောပိုင်းက ခိုးယူ ထားသောငွေများနှင့်
ရုရှားနိုင်ငံသို့ လွှဲပြောင်းမှုများ''နှင့် စပ်လျဉ်း၍ စာရွက် စာတမ်းအထောက်အထားများကို
ဆဗီ တိုဘာရရှိခဲ့ကြောင်း သတင်းရရှိခဲ့သည် ဆို၏။

ထို့ပြင် ယခုကဲ့သို့ ရှာဖွေခြင်းမှာ ဆဗီတိုဘာ၏ အသက်မွေးဝမ်းကျောင်း ဆောင်ရွက်မှုများ၊
သို့မဟုတ် လူ့အခွင့် အရေးလှုပ်ရှားမှုများနှင့် ဆက်နွှယ်မှု မရှိကြောင်း အလေးထား ပြောကြား
ခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း