အိုင်အက်စ်ဟု သင်္ကာမကင်း သူများကို ဆော်ဒီနှင့် အိန္ဒိယတွင် ပစ်သတ်

လတ်နောင်း - လူ ၁ဝ ယောက်ဒဏ်ရာရခဲ့သော ရထားဗုံးပေါက်ကွဲ မှုတွင် ပါဝင်ပတ်သက်သူဟု
ဆိုသော အိုင်အက်စ်အဖွဲ့လိုလားသူဟု သင်္ကာ မကင်းဖြစ်ခံရသူတစ်ဦးကို အိန္ဒိယ ရဲက
မတ် ၈ ရက်တွင် ပစ်သတ်ခဲ့သည်။ ရဲက ပြောကြားရာတွင် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင်
ပုန်းအောင်းနေသော ဆိုင်ဖူလာဆိုသူ ရှိနေသည့် နေအိမ်ကို ရဲက ၁၂ နာရီ နီးပါးကြာ
ဝင်ရောက်စီးနင်းပြီးနောက် ယခုကဲ့သို့ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

အလားတူပင် ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့၌ အိုင်အက်စ်အဖွဲ့ဝင် တစ်ဦးကို မတ် ၈ ရက်က
ပစ်သတ် ခဲ့ကြောင်း ရဲကဆိုသည်။ ရီယာ့ဒ်မြို့ အယ်လ် ရာယန်ရပ်ကွက်ရှိ အခန်း တစ်ခန်းထဲတွင်
ပုန်းအောင်းနေသူတစ်ဦးက အိုင်အက်စ် အစွန်းရောက်အုပ်စုကို သူ၏ထောက်ခံမှုကြွားလုံး
ထုတ်နေချိန်တွင် မတ် ၇ ရက် နံနက် ၆ နာရီက ရဲကဝင်၍ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

''သူက ကိုင်ဆောင်ထားတဲ့ သေနတ်ကို မြှောက်ပြီး ခုခံဖို့ပြင်ဆင်ပါတယ်။ အဲဒါကြောင့်
လက်ဦးအောင် ပစ်သတ်လိုက်တယ်'' ဟု ပြည်ထဲရေးဝန်ကြီးဌာန အစီရင်ခံစာကဆိုသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း