မာဒါဂါစကာနိုင်ငံက ကြက်ဝိုင်းများ

 

အန်တန်နာရီဗိုမြို့ ဆင်ခြေဖုံး ကြက်တိုက်ကွင်းတွင် တိုက်ကြက်နှစ်ကောင် ခွပ်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီအန်တန်နာရီဗိုမြို့ ဆင်ခြေဖုံး ကြက်တိုက်ကွင်းတွင် တိုက်ကြက်နှစ်ကောင် ခွပ်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အန်တန်နာရီဗို - ဆူညံနေသော မာဒါဂါစကာကြက်တိုက်ကွင်းရဲ့ အလယ်ဗဟိုမှာ
တိုက်ကြက်နှစ်ကောင် တစ်ကောင်နဲ့တစ်ကောင် ရင်ဆိုင်ဖို့ အတောင်ပံဖြန့်ထားပြီး ခြေသည်းတွေနဲ့
အဆင်သင့် တိုက်ခိုက်ဖို့ မျက်နှာချင်းဆိုင် ဟန်ရေးပြင်နေကြပါတယ်။

တောင်ပံတွေ စုတ်ပြတ်သတ်နေပြီး ဒဏ်ရာဗရပွနဲ့ကြက်နှစ်ကောင်ဟာ အသံစူးစူးအော်ဟစ်ကာ
အရှိန်မြှင့်ပြီး ခွပ်ရန် ဟန်ပြင်နေတဲ့အချိန်မှာ ကြည့်ရှုသူ ပရိသတ်အပေါင်းကလည်း တစ်ခဲနက်
အော်ဟစ်အားပေးနေကြပါတော့တယ်။

တရစပ်တိုက်ခိုက်ခြင်းကြောင့် တစ်ဖက်က တိုက်ကြက် တလှမ်းဆုတ်သွားတဲ့အချိန်မှာ ရာချီရှိတဲ့
ကြက်ပွဲဝါသနာရှင် ပရိသတ်တို့လှောင်ပြောင်အော်ဟစ်သံများကို ကွင်းထဲကနေ အပြင်ဘက်အထိ
ကြားနေရပါတယ်။

အိန္ဒိယသမုဒ္ဒရာ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မာဒါဂါစကာမှာ ဆင်းရဲမွဲတေမှုက ရုန်းမထွက်နိုင်
သေးသော်လည်း ကြက်ပွဲများက လောင်းကြေးငွေ အမြောက်အမြားနဲ့ လူတွေကို
ဆွဲဆောင်လျက်ရှိသည်။

အကယ်၍ နှစ်နာရီကြာပြီးနောက် ရှင်းရှင်းလင်းလင်း အနိုင်ရမှုမရှိလျှင်၊ သို့မဟုတ်
တိုက်ကြက်နှစ်ကောင်ထဲက တစ်ကောင်မျက်လုံးကန်းသွားလျှင် ပွဲအား အဆုံးသတ်ရမည်ဖြစ်သည်။
အကယ်၍ တိုက်ကြက်တစ်ကောင်က မတိုက်ခိုက်နိုင်တော့လျှင်၊သို့မဟုတ် တိုက်ခိုက်နေသည့်
နှစ်ကောင်ထဲက တစ်ကောင် သေသွားရင်လည်း ပွဲအဆုံးသတ်မည်ဖြစ်သည်။ တိုက်ကြက်
သေဆုံးသည်မှာ ရှားလှပြီးကြားဖူးနေကျ မဟုတ်ပေ။

ကြက်တိုက်ကွင်းတွင် အနိုင်ရသော တိုက်ကြက်ကို ဒိုင်လူကြီးမှ မြှောက်ထားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီကြက်တိုက်ကွင်းတွင် အနိုင်ရသော တိုက်ကြက်ကို ဒိုင်လူကြီးမှ မြှောက်ထားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အန်တန်နာရီဗိုမြို့တော်ရှိ လူ ၄ဝဝ ဆံ့သော အမ်ဘိုဟီမန်ဂိတ်ခ်လီ ကြက်ကွင်းသည်
ကြက်ပွဲရှိသည့် နေ့များတွင် ဆူညံအော်ဟစ်အားပေးသံတွေနဲ့ လွှမ်းမိုးလျက်ရှိသည်။

ကြက်တိုက် ဝါသနာကြီးသူတွေက မာဒါဂါစကာအနှံ့ လှည့်ပတ်ပြီး လောင်းကြေး အလုအယက်
ထပ်ကြတဲ့ နာမည်ကြီးပွဲတွေမှာ သူတို့ရဲ့ အကောင်းဆုံး တိုက်ကြက်တွေကို ပွဲထုတ်ကြကြောင်း
သိရသည်။

အလုပ်လုပ်ကိုင်လျှင် လခ တစ်လလျှင့် ယူရို ၄၅ သာရရှိသည့် အဆိုပါကျွန်းတွင် ပြုလုပ်သည့်
ပွဲစဉ်တစ်ခုတည်းနှင့်ပင် လောင်းကြေး မာဒါဂါစကာသုံးငွေ သန်း၂ဝ (ယူရိုငွေ ၃,၈၇ဝ နှင့်
၃,၆၇ဝ အကြား) ရှိကြောင်း သိရသည်။

''ပွဲမစခင် အသင်းတိုင်းက သူတို့တိုက်ကြက်ဘက်ကနေ လောင်ကြေးထည့်ကြပြီး
ပွဲကြည့်ပရိသတ်တွေကလည်း လောင်းကြပါတယ်'' ဟု ကြက်တိုက်ဝါသနာကြီးသူများထဲက
တစ်ဦးဖြစ်သူ ရီဂျက ပြောသည်။ ကြက်ပွဲအား ဒိုင်လူကြီးတစ်ယောက်ဖြင့် တင်းကျပ်စွာ
ထိန်းချုပ်ထားသည်။ ပွဲနားချိန်အတွင်း ကြက်တိုက်သူက သူတို့၏ ဒဏ်ရာရရှိထားတဲ့
ကြက်တွေကို ရေဆွတ်ထားသောဂွမ်းဖြင့် ဒဏ်ရာ သက်သာအောင် ဆေးကြောပေးပါသည်။

အာရှတိုက်တွင် ကြက်တိုက်ခြင်းသည်အကြီးအကျယ် နာမည်ကြီးပြီး အာဖရိကတွင်
ကြက်တိုက်လေ့မရှိကြကြောင်း သိရသည်။ သို့သော် နှစ်ပေါင်း ၇ဝဝ ခန့်က အာရှရွှေ့ပြောင်း
အလုပ်သမားများ လာရောက်လုပ်ကိုင်ခဲ့ခြင်းကြောင်း မာဒါဂါစကာတွင် ကြက်တိုက်သည့်
ဓလေ့ရှိကြောင်း သိရသည်။

ကြက်တိုက်ခြင်းသည် အမေရိကန်၊ ဗြိတိသျှနှင့် ဥရောပတို့တွင် တရားမဝင်သော်လည်း
မာဒါဂါစကာတွင် ကြက်တိုက်ခြင်းကို ဖမ်းဆီးအရေးယူသည့် ဥပဒေမရှိကြောင်းသိရသည်။
''ဒီကြက်တိုက်တာတွေက ရိုးရာဓလေ့ဖြစ်ပါတယ်။ ဘောလုံးကန်တာထက်တောင်
နာမည်ကြီးသေးတယ်''ဟု ကြက်ပွဲစီစဉ်သူ ဆက်တရာ ရာဘာရင်အန်ဒရီယန်နီနာက
ပြောသည်။

၂၅ နှစ်ရှိပြီဖြစ်သော ကြက်တိုက်ဝါသနာကြီးသူ ရာဗိုအာဗီ လိုဗာတီနာက သူရဲ့ တိုက်ကြက်
အကောင် ၃ဝ ထဲက အကောင်းဆုံး တိုက်ကြက် ပီရာရော့နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
လိုဗာတီနာက သူ့ရဲ့ အကောင်းဆုံး တိုက်ကြက်တွေဖြစ်တဲ့ နေမာ၊ လီဂိုလက်စ် နှင့် ဖလက်ရှ်တို့ကို
အစာမကျွေးမီ ပီရာရော့ကို ရေစိုနေသောတဘက်နှင့် သုတ်လျက်ရှိပါတယ်။

''ပြိုင်ပွဲအတွက် တိုက်ကြက်တွေကို ပြင်ဆင်ရပါတယ်။ သူတို့ကို အစာကျွေးပြီး သေသေချာချာ
ဂရုစိုက်ရပါတယ်'' ဟု သူက ပြောသည်။

''ကြက်တွေကို ဂရုစိုက်ရတာဟာ ကျွန်တော်တို့ကို အပန်းပြေစေပြီး ဝါသနာတစ်ခုလည်း
ဖြစ်ပါတယ်။ သူတို့ကြီးလာတာကို ကြည့်ရင်းနဲ့ ပျော်ရွှင်ရတယ်'' ဟု သူကဆိုသည်။

စီးပွားရေး ကျောင်းသားတစ်ယောက်ဖြစ်တဲ့ လိုဗာတီနာဟာ ၃၅ ပွဲနိုင်ပြီး တစ်ပွဲသာ
ရှုံးထားသော ချန်ပီယံတစ်ယောက် ဖြစ်သော်လည်း ကြက်တိုက်ခြင်းက ရရှိသည့် ငွေသည်
နေထိုင်စားသောက်ရေးအတွက် မလုံလောက်ပေ။ အနိုင်ရရှိမှုက ရရှိသည့်ငွေကို ကြက်တိုက်
သူများကို ပြန်လည်ခွဲဝေယူကြပြီး ကာကွယ်ဆေး၊ အစားအသောက်ကုန်ကျစရိတ်
အနည်းငယ်သာ ကာမိပြီး လေ့ကျင့်ရန် အချိန်ပြန်ယူရကြောင်း သိရသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း