အီဂျစ်တွင် သမ္မတအိမ်တော်ကိုဝိုင်းပြီး ကန့်ကွက်ဆန္ဒပြ

ဖွဲ့စည်းပုံဥပဒေမူကြမ်းကို ကန့်ကွက်၍ သမ္မတအိမ်တော်အနီးတွင် ဆန္ဒပြနေကြသည့် အီဂျစ်ပြည်သူလူထု။ (ဓာတ်ပုံ - အေအက်ဖ်ပီ)ဖွဲ့စည်းပုံဥပဒေမူကြမ်းကို ကန့်ကွက်၍ သမ္မတအိမ်တော်အနီးတွင် ဆန္ဒပြနေကြသည့် အီဂျစ်ပြည်သူလူထု။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ကိုင်ရို - အီဂျစ်သမ္မတမော်ဆီ၏ အာဏာသိမ်းကျုံးရယူသည့် ကြေညာ ချက်ကြောင့် ပဋိပက္ခ
များကြီးထွားလာရာ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အဓိကရုဏ်း နှိမ်နင်းရေးရဲများ၏ မျက်ရည်ယို
ဗုံးများ ဖြင့် တားဆီးနှိမ်နင်းနေမှုကို ကျော်ဖြတ် ကာ ထောင်ပေါင်းများစွာသောကန့်ကွက်
ဆန္ဒပြသူများက သမ္မတအိမ်တော်ကို ၀ိုင်းကာ ဆန္ဒပြခဲ့ကြသည်။

ကန့်ကွက်ဆန္ဒပြသူများက သမ္မတ အိမ်တော်မှ မီတာအနည်းငယ်အကွာ တွင်ရှိသောနေရာမှ
သံဆူးကြိုးများကို ဖြတ်တောက်ပြီး ဖြတ်ကျော်ဝင်ရောက် ခဲ့ကြရာ ၎င်းတို့ အိမ်တော်နံရံနား
မရောက်ခင်နှင့် ပြန်လည်မဆုတ်ခွာခင် ရဲများက မျက်ရည်ယိုဗုံးများသုံးကာ နှိမ်နင်းခဲ့ကြောင်း
အေအက်ဖ်ပီသတင်း ထောက်များက ပြောကြားခဲ့သည်။

ထိုအချိန်တွင် သမ္မတမော်ဆီ အိမ်တော်ထဲတွင်မရှိကြောင်း သမ္မတ လက်ထောက်တစ်ဦးက
အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

"အဲဒီအချိန်မှာ သမ္မတ ကြီးက ပုံမှန်အစည်းအဝေးပွဲတွေပြီး လို့ အစ်တီဟာဒီရာ အိမ်တော်က
ထွက်ခွာသွားတာဖြစ်ပါတယ်" ဟု လုံခြုံ ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အီဂျစ်သတင်းကွန်ရက် Rassd ၏ အွန်လိုင်းပေါ်၌တင်ထားသော ဗီဒီယို တစ်ခုတွင် ကန့်ကွက်
ဆန္ဒပြသူများက "သတ္တိမရှိတဲ့သူ"၊ "ထွက်သွား" ဟု ဟစ်အော်နေကြသည့်အချိန် ၀ိုင်းရံလျက်
ရှိ သော အဓိကရုဏ်းရဲများကြားမှ သမ္မတ ၏ယာဉ်တန်း အိမ်တော်မှထွက်ခွာသွား ပုံကို ပြသ
ထားသည်။

အခြားကန့်ကွက်ဆန္ဒပြသူများ စုရုံး နေရာယူထားသော တာဟီရာရင်ပြင်တွင် အတိုက်အခံ
မဟာမိတ်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သော အမျိုးသားကယ်ဆယ် ရေးတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ
တစ်ဦးက သမ္မတအိမ်တော်အပြင်ဘက် ၌ ဆန္ဒပြကြရန်ကြေညာခဲ့ပြီး နိုင်ငံ တစ်ဝန်းတွင်
ထိုကဲ့သို့ ဆန့်ကျင်ပွဲများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

အစ္စလမ္မစ်ဝါဒီများကြီးစိုးသည့် အဖွဲ့ တစ်ဖွဲ့က ရေးဆွဲခဲ့သည့် အဆိုပါဖွဲ့စည်း ပုံဥပဒေမူကြမ်းကို
လစ်ဘရယ်ဝါဒီများ၊ လက်ဝဲ၀ါဒီများနှင့် ခရစ်ယာန်ဘာသာ ၀င်များက ကန့်ကွက်ခဲ့ကြသည်။

အိမ်တော်အပြင်ဘက်တွင် ကန့်ကွက်ဆန္ဒပြသူများက အီဂျစ်နိုင်ငံ အလံများဝှေ့ယမ်းကာ
အာဏာရှင် စနစ် ကျဆုံးရန်ကြွေးကြော်ခဲ့ကြသည်။

အီဂျစ်နိုင်ငံတွင် ကာလကြာရှည် အုပ်ချုပ်ခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟော့စနီ
မူဘာရက်ကို ပြီးခဲ့သောနှစ် က ရာထူးမှဖြုတ်ချခဲ့သည့် တော်လှန် ရေးကြီးကို အလွဲသုံးစား
လုပ်ပစ်သည် ဟုဆိုကာ သမ္မတမော်ဆီပါဝင်သော မွတ်စလင်ညီအစ်ကိုများအဖွဲ့ကို ပြစ်တင်
ရှုတ်ချခဲ့ကြသည်။

"အီဂျစ်နိုင်ငံက ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်
က အစ္စလမ္မစ် ဥပဒေဖြစ်တဲ့ ရှရီယာဥပဒေကိုကြိုက် ပါတယ်။ ဒါပေမယ့် ဒီဖွဲ့စည်းပုံဥပဒေ
မူကြမ်းကို ကျွန်တော်ကန့်ကွက်မှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒါက ပြည်သူတွေကို
အကွဲကွဲအပြားပြား ဖြစ်သွား စေလို့ပါ" ဟု အစ္စလမ္မစ်ဥပဒေ ပါမောက္ခ တစ်ဦးဖြစ်သည့်
ဘက်ဆန်မ်အလီ မိုဟာမက် က အိမ်တော်အနီးမှ ပြော ကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း