အိန္ဒိယ ဇာတ်နိမ့်ဝင် ရေအိမ်သန့်စင်လုပ်သားများ ဥပဒေအရပိတ်ပင်ရေး ထိရောက်စွာမဆောင်ရွက်

နက်ခ်ပူးမြို့မှ ရေအိမ်သန့်စင်ရေးအမျိုးသမီးကီလာ၏ နေ့စဉ်လုပ်ငန်းခွင်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)နက်ခ်ပူးမြို့မှ ရေအိမ်သန့်စင်ရေးအမျိုးသမီးကီလာ၏ နေ့စဉ်လုပ်ငန်းခွင်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

နက်ခ်ပူး (အိန္ဒိယ)- မုဆိုးမအဘွား ကီလာသည် လူ့အညစ်အကြေးများပါသော ခြင်းတောင်းကို
ခေါင်းပေါ်တွင် တင်၍ လက်နှစ်ဖက်နှင့်ကိုင်ထားလျက် အညစ်အကြေးများ စီးဆင်းနေသည့်
စီးကြောင်းအတိုင်း ဖြတ်ကာ စွန့်ပစ် ပစ္စည်းအပုံတစ်ပုံပေါ်တက်ပြီး အညစ် အကြေးများကို
ငါးကြိမ်မြောက်ပစ်ချစဉ် ဆဲရေးတိုင်းထွာလိုက်သည်။

"ဘယ်သူကမှ ကျုပ်တို့ကို သင့်တင့် လျောက်ပတ်တဲ့ အခကြေးငွေကလေး တောင် မပေးဘူး"
ဟု မကြာခင်က ၎င်းပစ်ထားသည့် အပုံပေါ် ရွှံ့နွံနှင့် အမှိုက်များ ခြစ်ယူပြီးတင်လိုက်ရင်း ပြော
သည်။

၎င်းသည် နေအိမ်များကို သန့်ရှင်းရေးလုပ်ပြီး လက်အိတ်မပါ လက်ဗလာဖြင့်စွန့်ပစ် ပစ္စည်းများ
ကို ဆယ်တင်ယူသူအဖြစ် အလုပ်လုပ်နေ သူဖြစ်သည်။

နယူးဒေလီမြို့မှ မိုင် ၄၀ အကွာရှိ နက်ခ်ပူးမြို့ကလေးတွင် ၎င်းနှင့် အခြား အမျိုးသမီး ၂၀ ခန့်
သည် နေ့စဉ် အိမ်သာများမှ အညစ်အကြေးများကို လက်များဖြင့် ပလတ်စတစ်ဂေါ်ပြား တစ်ခု
ကိုအသုံးပြု၍ သန့်စင်ရှင်းလင်း ကြရသည်။

ကီလာနှင့် လုပ်ဖော်ကိုင်ဖက်များ သည် ရွာနှင့်သီးခြားရှိသော မြေကြီးအိမ် အချို့တွင်နေထိုင်ပြီး
၎င်းတို့ကို ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲသည့်စနစ်တွင် အနိမ့်တကာ အနိမ့်ဆုံး ဇာတ်နိမ့်များဟု သတ်
မှတ် ခံရသည်။

ခွဲခြားဆက်ဆံခြင်းသည် မကြာမီက လျှော့ပေါ့လာသည်။ သို့သော် ၎င်းတို့သည် အိမ်မွေး
တိရစ္ဆာန်များကို တစ်နိုင်တစ်ပိုင် မွေးမြူခွင့် ပိတ်ပင်ခံထား ရသည်။

တစ်ခါတစ်ရံ ဩဇာတိက္ကမ ကြီးသူများအနီးမှပင် လမ်းလျှောက် သွားခွင့်မရပေ။ နက်ခ်ပူးမြို့
ကလေးသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေသည့်
ကျေးလက် ဒေသဖြစ်သည်။

ခန့်မှန်းခြေ ၂၀၀,၀၀၀ ရှိ အမှိုက်သိမ်း သန့်ရှင်းရေးလုပ်သားများ သည် တစ်နိုင်ငံလုံးအနှံ့
ပင်ပန်းကြီးစွာ ဆက်ပြီးလုပ်ကြသည်။

အုပ်စုလိုက် ရှိသောခြင်များသည် အဖုံးမပါသော မြောင်းပေါ်တွင် ရစ်ဝဲနေပြီး အင်္ကျီ မပါ၊
ကိုယ်လက်ဗလာဖြင့် ကလေးငယ်များ သည် လမ်းများပေါ်တွင် ကစားနေကြသည်။

လမ်းများပေါ်တွင် ယာဉ်ထက် ကျွဲများက ပိုများသည်။ လက်များဖြင့် စွန့်ပစ် ပစ္စည်းများကို
ဆယ်တင်ယူသူများအား ရာဇ၀တ်သား ပမာဆက်ဆံပြူမူသည့် ၁၉၉၃ ခုနှစ်က ဥပဒေကို
ဥပဒေပြဋ္ဌာန်းမှုအသစ်က ပြုပြင်မွမ်းမံသည်။

၎င်းက အလယ်ခေတ် ပြန်လည် ဆန်းသစ်ခြင်းကဲ့သို့ထင်မြင် ရပြီး ခေတ်မီအောင်လုပ်နေ
သည့် အိန္ဒိယနိုင်ငံတွင် မရှိသင့်သည့် ထို အစဉ်အလာ အဆုံးသတ်မှု၏ မျှော်လင့် ချက်ကို
ပေါ်ပေါက်စေသည်။

လက်ဖြင့်ရှင်းရပြီး ရေမဆွဲသည့် အိမ်သာများပါသည့် အဆောက်အအုံ များကို ဥပဒေသစ်
က တားမြစ်လိမ့် မည်ဖြစ်ပြီး လက်ဖြင့် အညစ်အကြေး များကို ဆယ်တင်သူများအား ခိုင်းသူ
များသည် ထောင်ဒဏ်တစ်နှစ်၊ သို့မဟုတ် ရူပီး ၅၀,၀၀၀ (ဒေါ်လာ ၉၀၀) ထိ ဒဏ်ငွေ၊
သို့မဟုတ် နှစ်မျိုးစလုံးကို ချမှတ်ခံရမည်ဖြစ်သည်။

ဥပဒေပြဋ္ဌာန်းမှုရှိသလို အကောင် အထည်ဖော် ဆောင်ရွက်မှုကလည်း ရှိရမည်ဖြစ်ကြောင်းနှင့်
၁၉၉၃ ခုနှစ် အက်ဥပဒေအရ အောင်မြင်သည့် တရားစွဲစိုမှု တစ်မှုမျှပင်မရှိခဲ့ကြောင်း ရေဆိုး
စနစ်နှင့်ပတ်သက်၍ အကူအညီ ပေးနေသောအဖွဲ့အစည်းတစ်ခုဖြစ် သည့် Sulabh
International မှ ဘင်ဒီ ရှဝါးပါသက်က ဆိုသည်။

ထိုအလုပ်သမားများကို လုပ်ငန်းသစ် သင်တန်းပေးရန် ရည်ရွယ်ထားသည့် အများပြည်သူ
ရန်ပုံငွေများသည် ဗျူရို ကရေစီဆန်သော ဖင့်နှေးမှုနှင့် ခြစားမှု ကြောင့် ထိန်းထားခံရကြောင်း
အခြား လှုပ်ရှားပြောင်းလဲရေး ၀ါဒီများက ပြောသည်။

အစိုးရအတွက် တစ်ခုတည်းသော ဖြေရှင်းနည်းသည် ၎င်းတို့အတွက် အလုပ်ရှာပေးခြင်းဖြစ်
ကြောင်းနှင့် ပြန်လည် ထူထောင်ရေးအစီအစဉ်သည် အလုပ် မဖြစ်ကြောင်းနှင့် အလုပ်မှထွက်
ပြီး လက်ဖက်ရည်ဆိုင်ဖွင့်လျှင် မည်သူမျှ လာသောက်မည်မဟုတ်ကြောင်း ဒေလီ မြို့တွင်
အခြေစိုက်သော Social Development Foundation ၏ ညွှန်ကြားရေးမှူး ဗီဒီယာရာဝပ်က
ပြောသည်။

သို့သော်နက်ခ်ပူးရွာမှ အမျိုးသမီးများ သည် ပြန်လည်ထူထောင်ရေး အစီအစဉ် မှ အကျိုး
ခံစားနေရသည်။

၎င်းတို့သည် Sulabh မှ လုပ်ငန်းသစ် သင်တန်း တက်ရပြီး ယခုအခါဆပ်ပြာများနှင့် ဖယောင်း
တိုင်များ ပြုလုပ်နေပြီး ၎င်းတို့နှင့် ၎င်းတို့၏သားသမီးများ သည် အရှက်ရခြင်းနှင့် ရောဂါရသည့်
ဘ၀ကံကြမ္မာမှ လွတ်မြောက်တော့ မည်ဟု မျှော်လင့်နေကြသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း