Monday, April 24, 2017

အဖွဲ့သက်တမ်း ၆ဝ ရှင်သန်ရေး ဥရောပသမဂ္ဂ ကြိုးပမ်းနေရ

 ဗြိတိန်နိုင်ငံ နုတ်ထွက်သွားသော ဥရောပသမဂ္ဂ။ ဓာတ်ပုံ - အေအက်ဖ်ပီဗြိတိန်နိုင်ငံ နုတ်ထွက်သွားသော ဥရောပသမဂ္ဂ။ ဓာတ်ပုံ - အေအက်ဖ်ပီ

နိုင်ငံတွင်းမွေးဖွားသူတွေရဲ့ အကျိုးကိုကြည့် ကြတဲ့ အမျိုးသားရေးစိတ်ဓာတ်ရှိသူတွေဟာ
ဥရောပရဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့ အစည်းတွေကို ဖျက်ဆီးပစ်ဖို့ ခြိမ်းခြောက်
နေတဲ့အချိန်မှာ ဥရောပသမဂ္ဂရဲ့ နိုင်ငံ့ ခေါင်းဆောင်တွေဟာ ရောမ သဘောတူ စာချုပ်
(Treaty of Rome) လက်မှတ်ရေးထိုး ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ပြည့်အထမ်းအမှတ်ပွဲ ဆင်နွှဲ
တက်ရောက်ဖို့ စုဝေးလာခဲ့ကြတယ်။

ဒီလို အင်အားစုတွေကို ရှုံးနိမ့်သွားအောင် လုပ်နိုင်တယ်ဆိုတာ မကြာသေးခင်က ကျင်းပပြီးစီး
သွားတဲ့ ဒတ်ခ်ျရွေးကောက်ပွဲက ပြသလိုက်တာ တွေ့ရတယ်။ ဒါပေမဲ့ လုပ်နိုင်တဲ့ပမာဏ
ဘယ်လောက်အထိ ရှိသလဲဆိုတာကို ပိုပြီး အရေးကြီးတဲ့ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီနိုင်ငံတွေမှာ
ကျင်းပမယ့် ရွေးကောက် ပွဲတွေမှာ ဘယ်လိုလာမလဲဆိုတာ စောင့်ကြည့် ရမှာပဲ။ နောင်လာမယ့်
နွေဦးမှာတော့ ဥရောပသမဂ္ဂကို ဆက်လက်ရှင်သန်နေစေချင်တဲ့ သူတွေကတော့ ရှေ့တန်း
အတော်များများမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ လိုလာလိမ့်မယ်။

ပထမခြေလှမ်းကတော့ သာမန်လူထုရဲ့ အကျိုးကို ရည်မျှော်တဲ့ဝါဒ (Populism) ရဲ့
ခြိမ်းခြောက်မှုဟာ ဘယ်လောက် စိုးရိမ်ဖွယ် ကောင်းသလဲဆိုတာကို အသိအမှတ်ပြုဖို့ လိုတယ်။
လွတ်လပ်တဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းတဲ့ဝါဒီတွေအနေနဲ့ မိမိတို့ဘာသာ အားရကျေနပ်နေလို့
မဖြစ်ဘူး။ ဗြိတိသျှ လူမျိုးတွေဟာ ဥရောပသမဂ္ဂမှ ထွက်ဖို့မဲပေး ကြလိမ့်မယ်ဆိုတာ
လူအမြောက်အမြားဟာ စိတ်ကူးထဲတောင် မထည့်ခဲ့ကြဘူး။ ဒါပေမဲ့ သူတို့ ထွက်ခဲ့ကြတယ်။
အမေရိကန်မှာလည်း ဒေါ်နယ်ထရမ့် သမ္မတလောင်းအဖြစ် အရွေးခံခဲ့တာကိုလည်း လူအများက
အရေးမထားခဲ့ကြဘူး။ သူ သမ္မတရွေးကောက်ပွဲမှာ နိုင်သွားတော့မှသာ ဒီလိုအမြင်မျိုး
ပျောက်သွားတော့တယ်။

အဲဒီလိုပဲ ဥရောပသား အတော်များများ တို့ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အနောက်
အုပ်စုအပေါ် ဆိုက်ဘာနဲ့ ဝါဒဖြန့် မှုစစ်ဆေးရေးကို လျှော့တွက်ကြတယ်။ ဒီစစ်ပွဲ ဟာ ဥရောပ
သမဂ္ဂကို ပျက်စီးစေလိုတဲ့ လက်ယာအစွန်းရောက် (Populists) တွေ အာဏာရဖို့
အကူအညီပေးတဲ့ ရည်မှန်းချက်ဖြစ်တယ်။ သူစိမ်းကြောက်တဲ့ အစွန်းရောက် Geert Wilders
ရှုံးနိမ့်စေဖို့ ဒတ်ခ်ျ မဲဆန္ဒရှင်တွေက တစ်ခဲနက် မဲပေးခဲ့ကြပေမဲ့ နောက်ထပ် Populist
ကယောက်ကယက်ဖြစ်နိုင်တဲ့ အန္တရာယ်ကလည်း အတိအလင်းရှိနေတုန်းပဲ။

နောက်ထပ် ကယောက်ကယက်တစ်ကြိမ် ဖြစ်လိုက်တာနဲ့ ဥရောပသမဂ္ဂဟာ နာလန် ထူလာမှာ
မဟုတ်တော့ဘူး။ အထူးသဖြင့် မေလမှာ ပြင်သစ်က လက်ယာအစွန်းရောက် National Front
ပါတီက မာရိန်း လီပင်း (Marine Le Pen) နိုင်ပြီး အာဏာရသွားရင်ပေါ့။
လီပင်း သမ္မတအဖြစ် အရွေးမခံရရင်တောင် အီတလီရွေးကောက်ပွဲ တစ်ခုမှာ ယူရို
ဆန့်ကျင်တဲ့ အစိုးရဖွဲ့စည်းဖြစ်ခဲ့ရင် ငွေကြေး ပေါင်းစည်းမှုကို ကွဲသွားစေနိုင်တယ်။

ဥရောပသမဂ္ဂကို အတွင်းက လှိုက်စား နေတဲ့ ဟန်ဂေရီ၊ ပိုလန်နဲ့ ချက်ကိုစလိုဗား
ကီးယားနိုင်ငံတွေက အာဏာရှင်ယောင် ယောင် အမျိုးသားရေး အစိုးရတွေရှိနေတာ ကြောင့်
အခြေအနေပိုပြီး သိမ်မွေ့နက်နဲနေ တယ်။ မတည်မငြိမ်ဖြစ်စေတဲ့ သက်ရောက်မှု တွေနဲ့
ဥရောပသမဂ္ဂကို ရန်လိုနေတဲ့ အမေရိ ကန်သမ္မတ (Brexit နဲ့ Le Pen တို့ကိုတော့
လိုလားတယ်) နဲ့ပေါင်းလိုက်ရင် လာတော့မယ့်ရွေးကောက်ပွဲတွေရဲ့ ကြေးတွေဟာ
ထင်ထင်လင်းလင်း ပေါ်လာတယ်။

လူထုအကျိုးမျှော်ဝါဒီတွေဟာ အာဏာ မရှိတော့တဲ့ကြားက ကြီးမားလေးနက်တဲ့
ပျက်စီးမှုတွေကို လုပ်နိုင်တယ်။ ဒတ်ခ်ျ ရွေးကောက်ပွဲမှာ Wilders ဟာ ခပ်လှမ်းလှမ်းက
ဒုတိယလိုက်ခဲ့ပေမဲ့ အနိုင်ရသွားတဲ့ ဝန်ကြီးချုပ် Mark Rutte ကို ပြောင်းရွှေ့ အခြေစိုက်ဖို့
ဝင်လာသူတွေအပေါ် သိပ် သည်းမခံတဲ့ ရပ်တည်မှုလက်ခံလာအောင် တွန်းပို့ခဲ့တယ်။

Wilders မပါဘဲ ကျယ်ပြန့်တဲ့ ညွန့်ပေါင်း အစိုးရဖြစ်နိုင်တဲ့ အလားအလာရှိခဲ့ရင်
သူ့သြဇာကို မြှင့်တင်ပေးသလိုရှိပြီး အဓိက အတိုက်အခံဖြစ်လာစေမှာ ဖြစ်တယ်။

ဒီတော့ ပြုပြင်ပြောင်းလဲပြီး ရှင်သန်တဲ့ ဥရောပသမဂ္ဂကို လိုလားသူတွေဟာ Populists
တွေရဲ့ ခြိမ်းခြောက်မှုကို တန်ပြန် ရန် မမှန်တဲ့ သဘောထားတွေကို ဖယ်ရှားကာ ဥရောပ
မဲဆန္ဒရှင်တွေက သြဇာရှိ ရှေးရိုး ဝါဒီတွေအပေါ် ပုန်ကန်စေတဲ့ တကယ့် ပြဿနာတွေအပေါ်
အပြုသဘောဆောင်ပြီး အလားအလာကောင်းတဲ့ ဖြေရှင်းနည်း တွေကို ရှာဖွေပေးရမယ်။
သေချာတာကတော့ ဒီပြဿနာတချို့ကို လူမျိုးခြား မုန်းတီး ဖိနှိပ်မှု (racism) က ဖြစ်အောင်
ဖန်တီးပေးတယ်။ National Front ပါတီဟာ လွန်ခဲ့တဲ့ ဆယ်စု နှစ်က လူထု
သဘောထားစစ်တမ်းမှာ ၁ဝ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ အခု ၃ဝ ရာခိုင်နှုန်း ရှိလာတာကလည်း
အခြားအခြားသော အင်အားစုတွေ ပါဝင်နေတာကို ပြနေတယ်။

အဓိကအကြောင်း တစ်ခုကတော့ စီးပွား ရေးပဲ။ ဥရောပသား အတော်များများဟာ ထရမ့်ကို
မဲပေးခဲ့ကြတဲ့ အမေရိကန်နိုင်ငံ သား အတော်များများလိုပဲ နှစ်ရှည်လများ မတိုးတက်၊
သို့မဟုတ် နေထိုင်မှုအဆင့်အတန်း ကျဆင်းလာတာတွေကို အောင့်ခံခဲ့ကြရပြီး သူတို့နဲ့
သူတို့ရဲ့ သားသမီးတွေအတွက် ပိုဆိုးမယ့်အနာဂတ်ကို စိုးရိမ်ကြတယ်။

ဒီမဲဆန္ဒရှင်တွေ ဒေါသထွက်ရင်လည်း ထွက်လောက်ပါပေတယ်။ နိုင်ငံရေးသမား တွေနဲ့
ဥရောပသမဂ္ဂက နိုင်ငံရေး၊ စက်မှုကဏ္ဍ တို့မှာ အရှိန်အဝါကြီးတဲ့ သိပ္ပံပညာ၊ စက်မှု
ပညာရှင်တွေက ယူရိုဇုန်က ဘေးကျပ်နံကျပ် ဖြစ်နေချိန်မှာ ဆိုးဆိုးရွားရွား စီမံခန့်ခွဲခဲ့တယ်။
ငွေကြေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြ ရတဲ့ ဘဏ်တွေကို မတော်မတရား ကယ်တင်ခဲ့ကာ
တခြားသူတွေကို ခြိုးခြံချွေတာဖို့ ပြဋ္ဌာန်းခဲ့တယ်။ အရည်အချင်း မပြည့်မီ၊ ကိုယ်ကျိုးကို
ရှေ့တန်းတင်ပြီး လက်ပွန်းတတီးမရှိတဲ့ပုံစံ ရောက်နေတဲ့ ဥရောပသမဂ္ဂအဖွဲ့အစည်းကို
ဥရောပသား အတော်များများတို့ဟာ ယုံကြည်မှုမရှိကြတော့ဘူး။ ဒုက္ခသည်ပြဿနာအပေါ်
ဥရောပသမဂ္ဂခေါင်းဆောင်တွေရဲ့ ပရမ်းပတာတုံ့ပြန်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့
အမြင်ပေါ်မှာ ဏသစကူငျအ တွေက လက်မနှေးဘဲ အမြတ်ထုတ်ရာမှာ လူစိမ်းတွေကို
အကြမ်း ဖက်မှုနဲ့ ဆက်နွှယ်ခဲ့ကြတယ်။

ဒီတော့ ဥရောပသမဂ္ဂကို မည်သူမည်ဝါမှန်းမသိ ဥရောပသား လူနည်းစုမှာ ဒေါသဖြစ်ပြီး
စိုးရိမ်စိတ်ဖြစ်ပေါ်လာကြတဲ့ နိုင်ငံသားတွေ ပိုကြီးထွားလာတယ်။ စနစ်က သူတို့အပေါ်
အကြံအဖန်လုပ်တယ်လို့ ခံစား လာကြတယ်။ အခုအခါမှာ ဥရောပသမဂ္ဂကို ယုံကြည်တဲ့
ဥရောပသား ၃၆ ရာခိုင်နှုန်းသာ ရှိပြီး ၃၁ ရာခိုင်နှုန်းကတော့ နိုင်ငံအစိုးရ တွေကို
ယုံကြည်ကြတယ်။

အထူးသဖြင့် ဂရိနဲ့ စပိန်နိုင်ငံတို့မှာ ရှိကြတဲ့ ဒီလို မနှစ်သက်တော့တဲ့ နိုင်ငံသား
တချို့ဟာ လက်ဝဲပါတီတွေထဲ ဝင်လာကြ တယ်။ တချို့လူအတော်များများကလည်း
လက်ယာအစွန်းရောက် လူထုအကျိုးမျှော်ဝါဒီ တွေကို လက်ခံယုံကြည်လာကြတယ်။
ဒီလူ တွေက ပြည်သူတွေ (သူတို့ကထောက်ခံတဲ့ သူတွေ) အတွက် နိုင်ငံ့အကျိုးကို
ဥရောပသမဂ္ဂ၊ ပြောင်းရွှေ့အခြေချသူတွေနဲ့ ယေဘုယျအားဖြင့် နိုင်ငံခြားသားတွထံ
သစ္စာဖောက် တယ်လို့ စွပ်စွဲထားတဲ့ လွတ်လပ်တဲ့ သြဇာရှိ ရှေးရိုးဝါဒီ (သူတို့ရဲ့
အတိုက်အခံတွေ) ကို တိုက်ခိုက်ဖို့ ကတိပေးကြတယ်။

ဒီလို ဆက်စပ်စဉ်းစားရမယ့် အခြေအနေ မှာ လူထုအကျိုးမျှော်ဝါဒီတွေကို ဝေဖန်ရှုတ်ချတာ
တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ သူတို့ရဲ့ဆန္ဒကို အလိုဖြည့်တာဟာ အဖြေ မဟုတ်ဘူး။
ဒီလိုလုပ်ရင် အတိတ် ဘိုးဘေး တို့ရဲ့ အမြင်စရိုက်တွေကို အားပေးထောက်ခံ သလိုသာ
ဖြစ်လိမ့်မယ်။ နယ်သာလန်နိုင်ငံ မှာ ပြောင်းရွှေ့အခြေချသူတွေကို ဆန့်ကျင်တဲ့
ခေါင်းဆောင်ကို ရွေးချယ်တဲ့ Labour Party အပေါ် ထောက်ခံမှုဟာ
မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပျက်ပြယ် ပြိုကွဲသွားခဲ့တယ်။

နိုင်ငံရေး၊ စက်မှုကဏ္ဍတို့မှာ အရှိန်အဝါ ကြီးတဲ့ သိပ္ပံ၊ စက်မှုပညာရှင်တို့နဲ့ သီးသန့်
ကုလားဖန်ထိုးရင်လည်း အောင်မြင်မှာ မဟုတ်ဘူး။ ဟုတ်ပါတယ်။ အခုအချိန်မှာ
ကြီးထွားမှုနဲ့ လစာလုပ်ခတိုးဖို့ဆိုရင် ဥပဒေ အနေနဲ့ စီးပွားရေးမူဝါဒတွေ ပြောင်းလဲ
ဖို့လိုမယ်။

ဒါပေမဲ့ ပိုပြီးလေးနက်တဲ့ မေးခွန်းတွေ ဖြစ်တဲ့ ကိုယ်ပိုင်လက္ခဏာ၊ နိုင်ငံရေးအရ
တရားဝင်ဖြစ်တာနဲ့ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုကို ရင်ဆိုင်ဖို့ တည်ငြိမ်မှုနဲ့
ဖြစ်ထွန်းမှု ကတိကဝတ် (Stability and Growth Pact) တွေကို ပြီးစလွယ်
လုပ်လို့မရဘူး။

ဥရောပအနေနဲ့ အရေးတကြီး လိုအပ် နေတာကတော့ အပြုသဘောဆောင်တဲ့ နိုင်ငံရေး
ရွေးချယ်မှုတွေပဲဖြစ်တယ်။ ဒါဟာ အထူးအကျိုးတွေအတွက် ထောက်ခံပေးဖို့စည်းရုံး
ဆွယ်တရားဟောတဲ့ အဖွဲ့တွေမဟုတ် ဘဲ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက်
ဆောင်ရွက်တဲ့ မျက်နှာသစ်တွေ လိုအပ်တယ်။ အဓိပ္ပာယ်ကတော့ ပြောင်းလဲစေနိုင်တဲ့
အင်အား၊ ပိုတရားမျှတပြီး ပိုလုံခြုံတဲ့ လူ့အဖွဲ့ အစည်းတွေ ဖန်တီးနိုင်ဖို့ အခြေခံကျတဲ့
ပြောင်းလဲမှုတွေကို အကြံပြုတာတွေပေါ့။ ကျယ်ကျယ်ပြန့်ပြန့် ပြောရရင်တော့
ပွင့်လင်းမှု၊ သည်းခံမှုနဲ့ အဆင့်အတန်း အမျိုးမျိုးတို့က လူတွေကို စုစည်းမှုကို အခြေခံတဲ့
မျှဝေ ခံစားတဲ့ ကိုယ်ပိုင်လက္ခဏာရဲ့ အပြုသဘော ဆောင်တဲ့ အမြော်အမြင်ကို
အကောင်အထည်ဖော်တာပဲ ဖြစ်တယ်။

ဒတ်ခ်ျရွေးကောက်ပွဲမှာ အကြီးမားဆုံး အနိုင်ရသူတွေကတော့ ဥရောပသမဂ္ဂကို လိုလား၊
ပြောင်းရွှေ့အခြေချသူတွေကို လိုလားကြတဲ့ ပါတီတွေဖြစ်ကြတယ်။ အထူးသဖြင့် ခြိုးခြံမှုကို
ဆန့်ကျင်တဲ့ Green Left ပါတီ ခေါင်းဆောင်က အသက် ၃ဝ သာ ရှိသေးတယ်။ ပြီးတော့ D 66
ပါတီတို့ဖြစ်ကြတယ်။ ပြင်သစ်နိုင်ငံမှာ လက်ယာ၊ လက်ဝဲကွာဟမှုကို ရင်ကြားစေ့ပြီး
အပြုသဘောဆောင်တဲ့ ဥရောပသမဂ္ဂကို လိုလားမှုနဲ့ မဲဆွယ်နေတဲ့ အသက် ၃၉ နှစ်အရွယ်
Emmanuel Macron ဟာ Le Pen ထက် သာနေတယ်။

Macron နိုင်ခဲ့ရင် ဖြစ်နိုင်ခြေအလားအလာကောင်းတယ်။ ဥရောပမှာရှိကြတဲ့ သူနဲ့
အဆင့်တူ ပုဂ္ဂိုလ်တွေလိုပဲ သူ့အနေနဲ့ ပြောင်းလဲမှုကို ဖော်ဆောင်ဖို့ လိုအပ်လိမ့်မယ်။
ဒီလိုမှမဟုတ်ရင် Populists တွေ ပြန်ရောက်လာလိမ့်မယ်။ ဒီတစ်ခါဆိုရင်တော့
အရင်ထက် ပိုအားကောင်းလာလိမ့်မယ်။

ဤဆောင်းပါးသည် ဖီးလစ် လီးဂရိန်း၏ အာဘော်သာ ဖြစ်သည်။

(Project Syndicate)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း