အင်ဒိုနီးရှား လာဘ်စားမှုပပျောက်ရေး စုံစမ်းသူကို အက်စစ်ဖြင့်ပက်၍ တိုက်ခိုက်

ဂျကာတာ – အင်ဒိုနီးရှားနိုင်ငံက အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ကြိုးပမ်းဆောင်ရွက်
နေသူ ထင်ရှားသည့်စုံစမ်းရေးမှူးတစ်ဦး၏မျက်နှာကို ဧပြီ ၁၁ ရက်တွင် ဂျကာတာမြို့၌
မော်တော်ဆိုင်ကယ် စီးလာသူတစ်ဦးက အက်စစ်ဖြင့်ပက်၍ တိုက်ခိုက်ခဲ့သည်။

ထိုဖြစ်ရပ်မှာ အထက်တန်းနိုင်ငံရေးသမားတစ်ဦးဦးနှင့် ဆက်စပ်သော လာဘ်ပေးလာဘ်
ယူမှုဖြင့် ပတ်သက်နေသည်ဟု ယုံကြည်ရသည်။ အကျင့်ပျက်ခြစားမှု ပပျောက်ရေး
ကော်မရှင် (ကေပီကေ) အဖွဲ့ဝင်အရာရှိတစ်ဦးဖြစ်သူ နိုဘယ်လ်ဘတ်စ်ဝီဒန်တိုက်ခိုက်ခံ
ရပြီးနောက် ဆေးရုံတွင် ကုသပေးလျက်ရှိသည်။

ဘတ်စ်ဝီဒန်မှာ ယနေ့နံနက်စောစောပိုင်း ဝတ်ပြုပြီးနောက် ဗလီမှနေ၍ အိမ်သို့လမ်းလျှောက်
ပြန်လာစဉ် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဆေးရုံသို့သွားရောက်၍ ဘတ်စ်ဝီဒန်ကိုအားပေးခဲ့သည့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ
ဂျိုဟန်ဘူဒီက တိုက်ခိုက်မှုကို အသေးစိတ်ပြောကြားခဲ့ပြီး စုံစမ်းရေးအရာရှိ၏ ဒဏ်ရာများမှာ
နဖူးတွင်ရရှိပြီး လက်ဝဲဘက် မျက်စိအမြင်မှုန်ဝါးသွားခဲ့သည်ဟု အေအက်ဖ်ပီသတင်း
ထောက်အား ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူရှိကြောင်း ချက်ချင်းမသိရသော်လည်း အကျင့်
ပျက်ခြစားမှု ပပျောက်ရေး အင်န်ဂျီအိုကမူ ၄င်းတို့သည် အစိုးရဘဏ္ဍာငွေမှ ဒေါ်လာသန်း
၁၇ဝ အလွဲသုံးစားမှုနှင့်ပတ်သက်နေသည်ဟုဆိုသည်။


 တင်စိန် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း