မက္ကဆီကို လုံခြုံရေးဥပဒေကြမ်းကို စိုးရိမ်နေကြသည့် နှိပ်စက်ခံများ

 မက္ကဆီကိုစီးတီးမြို့ရှိ အက်စတန်ကွေလိုပြတိုက်တွင်ပြသထားသော ရာ့ဖဲလ် ဘာရာဂျပ်၏ ညှဉ်းပန်းနှိပ်စက်မှု ပန်းချီကားကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီမက္ကဆီကိုစီးတီးမြို့ရှိ အက်စတန်ကွေလိုပြတိုက်တွင်ပြသထားသော ရာ့ဖဲလ် ဘာရာဂျပ်၏ ညှဉ်းပန်းနှိပ်စက်မှု ပန်းချီကားကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဂျူတီပက်မြို့(မက္ကဆီကိုနိုင်ငံ) - မက္ကဆီကန် လူငယ် အင်ဂျင်နီယာ ဂျက်သရိုဆန်းချက်ဟာ
ညနေခင်း ဧည့်ခံပွဲတစ်ခုကိုသွားဖို့ အိမ်က ထွက်ပြီး နာရီပိုင်းအတွင်းမှာပဲ ငရဲမီးလောင်
တဲ့ဒဏ်ရာနဲ့ စစ်သားတွေက အရှင်လတ်လတ် မြေမြှုပ်သတ်ပစ်လိုက်တယ်လို့ ဖခင်ဖြစ်သူက
ဆိုပါတယ်။

မူးယစ်ဆေး မှုခင်းနှိမ်နင်းဖို့ မက္ကဆီကို အစိုးရက လက်နက်ကိုင်စစ်သားတွေကို ယခင်
ဆယ်စုနှစ်လောက်ကတည်းက ခေါ်ယူ အသုံးချခဲ့တယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့
ဒီလိုလုပ်ငန်းမျိုးကို စစ်သားတွေမှာ လေ့ကျင့် ထားပြီးမဟုတ်လို့ (ပြစ်မှုထင်ရှားသေးတဲ့)
အပြစ်မဲ့ သင်္ကာမကင်းသူတွေဟာ စစ်သား တွေရဲ့ နှိပ်စက်ညှဉ်းပမ်းခံရပြီး သေနေကြရ
တယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

အခုတော့ မက္ကဆီကိုပြည်သူများ လုံခြုံရေး အတွက် စစ်တပ်အင်အား အသုံးပြုခြင်းကို တရားဝင်
ပြန်လည်ပြုပြင်ဖို့ လွှတ်တော်မှာ အဆိုတင် ဆွေးနွေးနေကြပါပြီ။ ဒါပေမဲ့ မတော်မတရားလုပ်နေတဲ့
စစ်သားတွေကို ဒီ ပြုပြင်မှုက အကာအကွယ်ပေးနေဦးမှာကို တွေးပူစိုးရိမ်နေကြပြန်ပါတယ်။

အင်ဂျင်နီယာ မဟာဘွဲ့တန်းမှာ သင်ယူနေတဲ့ သူ့သားဟာ အသတ်ခံရတဲ့ညနေက စီးပွားရေး
လုပ်ငန်းတစ်ခု အောင်မြင်တဲ့ အထိမ်းအမှတ် ပွဲတစ်ခုကို သွားရောက်တာဖြစ်ပြီး စစ်တပ်က
စွပ်စွဲသလို မူးယစ်ဆေးရောင်းဝယ်သူ မဟုတ်ကြောင်း စစ်သားတွေကသူ့သားကို အကြောင်းမဲ့
သတ်ဖြတ်တာဖြစ်ကြောင်း ယာဉ်ပစ္စည်း ပြန်လည်ပြုပြင်ရေးလုပ်ငန်းနဲ့ အသက်မွေးနေတဲ့ ဖခင်
ဟက်တာဆန်းချက် (၆၃ နှစ်) က သားဖြစ်သူရဲ့ သင်္ချိုင်းမြေပုံဘေး မတ်တပ်ရပ်လျက်
အတိအလင်း ပြောပြပါတယ်။

ဖြစ်ပုံက ၂ဝ၁၁ ခုနှစ်၊ မေ ၁ ရက်မှာ ဂျက်သရိုဆန်းချက် (၂၆ နှစ်)ဟာ မက္ကဆီကို စီးတီးမြို့
တောင်ဘက်မှာရှိတဲ့ ဂျူတီပက်မြို့က ပွဲဈေးတစ်ခုဆီ ရောက်နေတယ်။ သူ ကမကထလုပ်
ထားတဲ့ ဘောလုံးအသင်း အနိုင်ရလို့ ကျင်းပတဲ့ပွဲကို ဆင်နွှဲနေတာပါ။

လမ်းပေါ်မှာ ရုန်းရင်းဆန်ခတ်တစ်ခု ဖြစ်တယ်။ ရဲတွေက ဂျက်သရိုဆန်းချက်ကို ဖမ်းပြီး စစ်တပ်ထံ
လွှဲအပ်လိုက်တယ်။ ဂျက်သရိုဆန်းချက်ဟာ မူးယစ်ဆေးရောင်းဝယ်သူလို့လည်း ရဲတွေက
ပြောကြတယ်။

ဟက်တာဆန်းချက် ထုတ်ဖော်ပြောပြချက် အရ စစ်သားတွေက ဂျက်သရို့မျက်နှာကို ငရဲမီးနဲ့
ပက်ပြီး မြေမြှုပ်ခဲ့ကြတယ်။ ဂျက်သရို အလောင်းကို နှစ်လကြာမှ ဂျူတီပက်မြို့ အရှေ့ဘက်
ကီလိုမီတာ ၁၅ဝ (၉၅ မိုင်) က ပွေဘလာမြို့မှာ ပြန်တွေ့ခဲ့ပါတယ်။

သားဖြစ်သူ မတရားညှဉ်းဆဲ သတ်ဖြတ်ခံရတဲ့ ရာဇဝတ်မှုကို ခြောက်နှစ်တိုင်တိုင်
ကျားကုပ်ကျားခဲ့ ဥပဒေကြောင်းအတိုင်း လိုက်လံ ရင်ဆိုင်ဖြေရှင်းပြီးတဲ့ အချိန်မှာတော့
သူ့သား သေဆုံးမှုနဲ့ ဆက်နွှယ်နေတဲ့ အဖမ်းခံထားရတဲ့ စစ်သားသုံးယောက်ကို
နောက်ဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ် ဖွယ်ရှိတယ်လို့ ဖခင်
ဟက်တာဆန်းချက်က ပြောကြားပါတယ်။

မက္ကဆီကိုနိုင်ငံမှာ မူးယစ်ဆေးနှိမ်နင်းရေး စစ်ပွဲကို ရှင်းလင်းနှိမ်နင်းဖို့ စစ်တပ်ကို
စတင်တာဝန်ပေးသူဟာ ၂ဝဝ၆ ခုနှစ်မှာ အဲဒီတုန်းက သမ္မတ ဖိလစ်ပီကယ်လ်ဒီရွန်
ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ လုပ်ငန်းတာဝန်ချိန်
တွေမှာ အကျင့်ပျက်လွန်းနေကြတာကြောင့် ရှင်းလင်းဖယ်ရှားဖို့ လိုအပ်နေပြီလို့လည်း
ပြောခဲ့ပါသေးတယ်။

အဲဒီအချိန်လောက်ကစပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့
(Amnesty International) ကဲ့သို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO)
တွေရဲ့ လေ့လာချက် မှတ်တမ်းတွေ ထဲမှာ အခုလို နိုင်ငံတွင်း အလားတူ ညှဉ်းဆဲ
သတ်ဖြတ်မှုတွေကို တွေ့မြင်ခဲ့ရဖူးပါတယ်။

ပြည်တွင်းပြဿနာတွေ၊ အထူးသဖြင့် ရာဇဝတ်မှုဆိုင်ရာ တရားစွဲတဲ့ကိစ္စတွေကို ဖြေရှင်းရန်
လေ့ကျင့်ပေးထားတဲ့ စစ်သား တွေဟာ ပြဿနာအကြီးအကျယ်ဖြစ်လာနိုင် တယ်လို့လည်း
မက္ကဆီကိုနိုင်ငံဆိုင်ရာ အစီရင်ခံစာပြုစုသူနဲ့ ညှဉ်းပန်းနှိပ်စက်မှု ဆိုင်ရာ ကုလသမဂ္ဂ
ကိုယ်စားလှယ်ဟောင်ဲးကညေ နြညိနဖ ကလည်း သတိပေးထားပါတယ်။

ယနေ့မှာတော့ မက္ကဆီကို တစ်ဝန်းမှာ ရာဇဝတ်မှု ဝိုင်းဝန်းတိုက်ဖျက်ဖို့ စစ်သား
၅ဝ,ဝဝဝ ကျော် ဖြန့်ကြက်ထားဆဲပါပဲ။မက္ကဆီကို လွှတ်တော်မှာ စစ်တပ်က
ဆောင်ရွက်နေတဲ့ ရဲလုပ်ငန်းနဲ့စပ်လျဉ်းပြီး ပါတီတွေထံမှ တင်ပြချက်တွေကို
ယခင်နှစ် စက်တင်ဘာလကတည်းက လေ့လာသုံးသပ်နေပါပြီ။

တင်ပြချက် အသေးစိတ်တွေကို မထုတ် ပြန်သေးပါဘူး။ ဒါပေမဲ့ ယခုပြဿနာကြောင့်
မကြေလည်မှုတွေ အလွန်များပြားလာရာက လက်ရှိ လွှတ်တော်အစည်းအဝေးများ
သက်တမ်းကုန်ဆုံးမယ့် ယခု ဧပြီလ ၃ဝ ရက် မတိုင်မီ ဥပဒေကို အတည်မပြုနိုင်တဲ့
အထိ ဖြစ်သွားနိုင်ပါတယ်။

အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း