ပထဝီဝင်နိုင်ငံရေး တစပြင်ကို မြည်သံပေး ဖြတ်သန်းမယ်

 

ဗြိတိန်နိုင်ငံ နုတ်ထွက်ပြီးနောက် ၂၇ နိုင်ငံက ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ ထိပ်သီးအထူးအစည်းအဝေး ဧပြီ ၂၉ ရက်က ကျင်းပစဉ်။ ဓာတ်ပုံ - အီးပီအေဗြိတိန်နိုင်ငံ နုတ်ထွက်ပြီးနောက် ၂၇ နိုင်ငံက ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ ထိပ်သီးအထူးအစည်းအဝေး ဧပြီ ၂၉ ရက်က ကျင်းပစဉ်။ ဓာတ်ပုံ - အီးပီအေ

နယူးယော့ခ် - လက်ယာယိမ်း သာမန်လူထုရဲ့ အကျိုးကို လက်ကိုင်ထားတဲ့ မာရီးလပဲင်းကို
အီမန်နျူရယ် မက်ကရွန်က ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ နိုင်လိုက်တာဟာ ဥရောပ သမဂ္ဂ
ယူရိုငွေကြေးအတွက် အသက်ဆက် ပေးလိုက်သလို ရှိသွားခဲ့တယ်။ ဒါပေမဲ့လည်း ပထဝီဝင်
နိုင်ငံရေးအန္တရာယ်တွေကတော့ ဆက်ပြီး တစ်ဟုန်ထိုး တိုးပွားနေတုန်းပဲ ရှိနေတယ်။

မက်ကရွန်ရဲ့ အောင်မြင်မှုဟာ အနောက်အုပ်စု နိုင်ငံတွေမှာ ဂလိုဘယ်လိုက်ဇေးရှင်းခေါ်တဲ့
ကမ္ဘာအနှံ့ ပျံ့နှံ့ဖြစ်ပေါ်ခြင်းကို သာမန်လူထုရဲ့အကျိုး မျှော်ကိုးတဲ့ တုံ့ပြန်မှုကတော့
ရပ်ဆိုင်းသွားမှာ မဟုတ်ဘဲ ပြည်တွင်းလုပ်ငန်းတွေကို ပြည်ပယှဉ်ပြိုင်မှုကနေ
ကာကွယ်ပေးထားတာ ကုန်သွယ်ရေး စစ်ပွဲတွေနဲ့ ပြောင်းရွှေ့နေထိုင်သူတွေအပေါ်
ပြင်းထန်တဲ့ ကန့်သတ်ချက်တွေ ဖြစ်ပေါ်လာနိုင်တယ်။ ပြိုကွဲစေနိုင်တဲ့ အင်အားစုတွေ
ခိုင်မြဲလာရင် ဥရောပသမဂ္ဂကနေ ဗြိတိန် ထွက်သွားတာဟာ နောက်ဆုံးမှာ မက်ကရွန်
သမ္မတဖြစ်တာ၊ မဖြစ်တာနဲ့မဆိုင်ဘဲ ပြိုကွဲသွားနိုင်တယ်။

တစ်ချိန်တည်းမှာ ရုရှားကလည်း ဘော်လ် ကန်ဒေသဖြစ်တဲ့ ဘော်လ်ကန်စ်၊ ယူကရိန်းနဲ့
ဆီးရီးယားတို့မှာ သူ့ရဲ့ ရန်လိုတဲ့အပြုအမူကို ဆက်လက်ထားရှိနေတုန်းပဲဖြစ်တယ်။ အရှေ့
အလယ်ပိုင်းမှာလည်း အစိုးရအင်အားချိနဲ့တဲ့ နိုင်ငံတွေဖြစ်ကြတဲ့ အီရတ်၊ ယီမင်၊
လစ်ဗျားနဲ့ လက်ဘနွန်နိုင်ငံတွေ ရှိနေကြတယ်။ ဆော်ဒီ အာရေဗျနဲ့ အီရန်နိုင်ငံတို့ကြား
ဆွန်နီ - ရှီယာ ဘာသာဝင်တွေ အသုံးချတဲ့ စစ်ပွဲတွေကလည်း အဆုံးသတ်သွားဖို့
မမြင်သေးဘူး။

အာရှမှာဆိုရင် အမေရိကန်၊ သို့မဟုတ် မြောက်ကိုရီးယားရဲ့ အန္တရာယ်ခံတွင်းဝအထိ
တိုးဝင်စွန့်စားတဲ့ မူဝါဒကလည်း ကိုရီးယား ကျွန်းဆွယ်မှာ စစ်ရေးပဋိပက္ခကို ဖြစ်ပေါ်
လာစေနိုင်တယ် တရုတ်နိုင်ငံကလည်း သူ့ရဲ့ ဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုင်နက်
အငြင်းပွားမှုတွေကို ဆက်လက် အာရုံစိုက် နေပြီး တချို့ကိစ္စတွေမှာလည်း အရှိန်မြင့်
တက်အောင် လုပ်နေတာတွေရှိတယ်။

ဒီ ပထဝီနိုင်ငံရေး အန္တရာယ်ရှိနေတဲ့ကြား က ကမ္ဘာတစ်ဝန်းက ငွေကြေးဈေးကွက်တွေဟာ
အထွတ်အထိပ်သစ်တွေဆီ ရောက်နေပြီဖြစ်တယ်။ ရင်းနှီးမြှုပ်နှံသူတွေကို တစ်ခု၊ သို့မဟုတ်
တစ်ခုမက ပဋိပက္ခဖြစ်နိုင်တဲ့ အလားအလာကို လျှော့တွက်နေတာလားလို့ မေးဖို့ရှိတယ်။
ဒီလိုဖြစ်နေရင်လည်း သူတို့ကို အားရကျေနပ်ဖြစ်နေတဲ့ အခြေအနေမှ
တုန်လှုပ်ချောက်ချားသွားအောင် ဘယ်လိုနည်းနဲ့လုပ်ဖို့လိုသလဲ။

ဈေးကွက်တွေဟာ ပထဝီဝင်နိုင်ငံရေး အန္တရာယ်တွေကို လျစ်လျူရှုနေတာ ဘာကြောင့်လဲ
ဆိုတဲ့အပေါ် ရှင်းပြချက်တွေ အများကြီးရှိတယ်။ ပထမအနေနဲ့ကတော့ အရှေ့အလယ်ပိုင်းမှာ
တည်ငြိမ်မှုမရှိဘဲ ပဋိပက္ခတွေဖြစ်နေတာတွေ ရေနံထောက်ပံ့မှု အခက်အခဲတွေ၊ သို့မဟုတ်
ကုန်သွယ်မှုပိတ်ပင်မှုတွေ မရှိဘူး။ ပြီးတော့ အမေရိကန်မှာ နုန်းကျောက်ဓာတ်ငွေ့
ပြောင်းလဲမှုကလည်း စရိတ်နည်းစွမ်းအင်ပံ့ပိုးမှုကို တိုးတက်လာစေခဲ့တယ်။
၁၉၇၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ယွန်ကစ်ပူးရ်ခေါ် အာရပ် - အစ္စရေးစစ်ပွဲ၊ ၁၉၇၉ ခုနှစ်က
အီရန်နိုင်ငံ အစ္စလမ္မစ် တော်လှန်ရေး နဲ့ ၁၉၉ဝ ပြည့်နှစ်က အီရတ်က ကူဝိတ်ကို
ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အရင်က အရှေ့ အလယ်ပိုင်းပဋိပက္ခတွေကြောင့် ရေနံ
ထောက်ပံ့မှုဂယက်ဟာ ကမ္ဘာတစ်ဝန်းမှာ တိုးတက်မှုဆိတ်သုဉ်းခဲ့ပြီး စတော့ဈေးကွက်
ပြင်ဆင်ပြောင်းလဲမှုတွေ ဖြစ်ခဲ့တယ်။

ဒုတိယရှင်းပြချက်ကတော့ ရင်းနှီးမြှုပ်နှံ သူတွေဟာ အရင်က ဂယက်တွေပေါ်မူတည်ကာ
တွက်ချက်ခန့်မှန်းနေကြတယ်။ ၂ဝဝ၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုတွေ
ဖြစ်ခဲ့တုန်းကလို မူဝါဒချမှတ်သူတွေက စီးပွား ရေးနဲ့ ငွေကြေးဈေးကွက်တွေကို ခိုင်မာတဲ့
ငွေကြေးမူဝါဒ လျှော့ပေးခြင်းဖြင့် ပံ့ပိုးအင်အားဖြည့်တင်းခဲ့တယ်။ ဒီမူဝါဒတွေကြောင့်
တန်ဖိုးရှိတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာ ရက်ပိုင်း၊ သို့မဟုတ် ရက်သတ္တပတ်အတွင်းမှာ
ကျသွားတာကြောင့် ဂယက်နောက်ပိုင်းဈေးကွက်ပြင်ဆင် ပြောင်းလဲမှုတွေကို
ဝယ်ယူနိုင်တဲ့အခွင့်အလမ်းတွေ ပေးခဲ့တယ်။

တတိယရှင်းပြချက်ကတော့ ဒေသတွင်း ပစ္စည်းဈေးကွက် ဂယက်တွေကို တကယ်ကြုံ ခဲ့တဲ့
ရုရှားနဲ့ ယူကရိန်းတို့လို ကရိုင်းမီးယားကို ရုရှားတိုက်ခိုက်သိမ်းပိုက်တာနဲ့ ၂ဝ၁၄ ခုနှစ်က
အရှေ့ ယူကရိန်းထဲ ရုရှား ကျူးကျော်ဝင် ရောက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ စီးပွားရေးအရ
အမေရိကန်၊ သို့မဟုတ် ကမ္ဘာ့ငွေကြေး ဈေးကွက်တွေအပေါ် သက်ရောက်မှုရှိလောက်အောင်
မကြီးမားခဲ့ဘူး။ ဒီအတိုင်းပဲ မာကျောတဲ့ Brexit ကို UK လက်ကိုင်ပြု နေတာတောင်
ကမ္ဘာ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု GDP ရဲ့ နှစ်ရာခိုင်နှုန်းဝန်းကျင်သာရှိတယ်။

စတုတ္ထရှင်းပြချက်ကတော့ ယနေ့ ပထဝီဝင်နိုင်ငံရေးရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ
နဲ့ဆက်စပ်တဲ့ တစ်ယောက်ယောက် နောက် ယောင်ခံလိုက်တဲ့ အန္တရာယ်တွေနဲ့ ကမ္ဘာကြီး
ဟာမကြုံတွေ့သေးဘူး။ အဓိက အင်အားကြီး နိုင်ငံတွေကြား တိုက်ရိုက် စစ်ရေးပဋိပက္ခ
မရှိသေးတဲ့အပြင် EU သို့မဟုတ် ယူရိုဇုန် ပြိုကွဲသွားခြင်း မရှိသေးဘူး။ အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်ရဲ့ ပိုပြီးဆန်းသစ်တဲ့ သာမန်လူထုရဲ့ အကျိုးရည်မျှော်တဲ့ဝါဒတွေ ကိုလည်း
တစ်စိတ်တစ်ပိုင်းအားဖြင့် ထိန်း ချုပ်ဟန့်တားထားတယ်။ လူမှုရေး၊ နိုင်ငံရေး
မတည်ငြိမ်မှုဖြစ်လာလောက်အောင် တရုတ် နိုင်ငံရဲ့ စီးပွားရေးဟာလည်း ကြီးကြီး
ကျယ်ကျယ် ဒုက္ခမရောက်သေးဘူး။

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ထိပ်တိုက်ရင်ဆိုင်မှုဟာလည်း ပထဝီနိုင်ငံရေး
အရ မခန့်မှန်းမမျှော်လင့်နိုင်တဲ့ ကြီးမားတဲ့ ဆိုးရွားဖြစ်ရပ်မျိုး ဖြစ်လာနိုင်ပေမဲ့
ဒီလို ဖြစ်နိုင်ခြေမျိုးကို ဈေးကွက်တွေက ပျော်ရွှင် စွာနဲ့ လျစ်လျူရှုကြတယ်။
အကြောင်းတစ်ခု ကတော့ ထရမ့်ရဲ့ သင်္ကြန်အမြောက်ဖောက် တာကို အသာထား၊
အမေရိကန်အနေနဲ့ ယုတ္တိရှိတဲ့ စစ်ရေးအရ ရွေးချယ်မှုတွေဟာ အလွန်နည်းတယ်။
အမေရိကန်က တိုက်ခိုက် လာရင် မြောက်ကိုရီးယားက သမားရိုးကျ လက်နက်တွေ
သုံးကာ တောင်ကိုရီးယားနိုင်ငံ ရဲ့ လူဦးရေတစ်ဝက်လောက်နီးပါး နေထိုင်တဲ့
ဆိုးလ်မြို့နဲ့ ပတ်ဝန်းကျင်တို့ကို ခြေမှုန်းပစ် နိုင်တယ်။ စစ်ရေးပဋိပက္ခ အနည်းအကျဉ်း
ဖြစ်ရင်တောင် အတိအလင်း စစ်ပွဲအဖြစ် မရောက်ရှိနိုင်ဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေက
မူဝါဒလျှော့ချလိုက်ရင် စီးပွားရေးနဲ့ ငွေကြေး ဈေးကွက်တွေကို ထိခိုက်မှု သက်သာ
လိမ့်မယ် လို့ယူဆနိုင်တယ်။ ဒီစိတ်မှန်းအနာဂတ်ဖြစ်နိုင်ခြေမှာ ၉/၁၁ တိုက်ခိုက်မှု
တုန်းကလိုပဲ ပမာဏဈေးကွက် ပြင်ဆင်ပြောင်းလဲမှုဟာ ဝယ်လိုအားအခွင့်အလမ်းကို
ဖြစ်ပေါ်စေမှာဖြစ်တယ်။

ဒါပေမဲ့လည်း အခြားဖြစ်နိုင်တဲ့ စိတ်မှန်း၊ အနာဂတ်ဖြစ်နိုင်ခြေတွေ ရှိသေးတဲ့အထဲက
တချို့ဟာ ပထဝီဝင်နိုင်ငံရေးအရ မခန့်မှန်း၊ မျှော်လင့်ဘဲ ကြီးမားတဲ့ ဆိုးရွားမှုမျိုးတွေ
ပေါ်လာနိုင်တယ်။ စစ်ရေးအရ တိုက်ရိုက်လုပ်ရပ်ကြောင့် ဆက်နွှယ်ဖြစ်ပေါ်လာနိုင်တဲ့
အန္တရာယ်တွေကြောင့် အမေရိကန်ဟာ အခုအချိန်မှာ အမေရိကန်ပြည်မကြီးအပေါ်
မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို ရှင်းပစ်ဖို့ ဆိုက်ဘာလက်နက်တွေ
အသုံးပြုနေတယ်လို့ ဆိုတယ်။ မကြာမီလတွေ အတွင်း မြောက်ကိုရီးယား ဒုံးကျည်
စမ်းသပ် ပစ်လွှတ်တာတွေ အောင်မြင်မှုမရှိတာလည်း ဒါနဲ့ပတ်သက်နိုင်တယ်။
စစ်ရေးအရ ဦးချိုးခံရမှုကို မြောက်ကိုရီးယားအနေနဲ့ ဘယ်လို တုံ့ပြန်နိုင်မလဲ။

အဖြေတစ်ခုကတော့ မြောက်ကိုရီးယားကလည်း ထပ်တူ ဆိုက်ဘာတိုက်ခိုက်တာမျိုးကို
စတင်တိုက်ခိုက်နိုင်တယ်။ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာစစ်ပွဲဆင်နွှဲနိုင်တဲ့ အရည်
အချင်းဟာ ရုရှား၊ တရုတ်တို့ထက် တစ်ဆင့် သာနိမ့်တယ်လို့ ယူဆကြတယ်။ ၂ဝ၁၄ ခုနှစ်က
Sony Pictures ကုမ္ပဏီကို ကွန်ပျူတာ မှတစ်ဆင့် အချက်အလက်တွေကို ရယူ
နှောင့်ယှက်ခဲ့တာကိုကြည့်ရင် သိနိုင်တယ်။

အဓိကကျတဲ့ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုဟာ အမေရိကန်ရဲ့
အရေးပါတဲ့ အခြေခံအဆောက်အအုံ တချို့ကို ချို့ယွင်း၊ သို့မဟုတ် ဖျက်ဆီးပစ်နိုင်ကာ
ကြီးမားတဲ့ စီးပွားရေးနဲ့ ငွေကြေးဆုံးရှုံး ပျက်စီးမှုကို ဖြစ်စေနိုင်တယ်။ အမေရိကန်က
မြောက်ကို ရီးယားနဲ့ စက်မှုစနစ်နဲ့ အခြေခံအဆောက် အအုံအားလုံးတို့ကို
အဖျက်အမှောင့်လုပ်ငန်း လုပ်နိုင်ရင်တောင် ဒီအန္တရာယ်က ရှိနေနိုင်တယ်။

ဒါမှမဟုတ်ရင်လည်း ဒုံးကျည်အစီအစဉ်နဲ့ အစိုးရစနစ်တို့ ဖျက်လိုဖျက်ဆီး အလုပ်ခံရရင်
မြောက်ကိုရီးယားက နျူကလီးယား စွန့်ပစ် ပစ္စည်းတွေက ထုတ်လုပ်တဲ့ ဗုံးသယ်ဆောင်တဲ့
သင်္ဘောတစ်စင်းကို လော့စ်အိန်ဂျလိစ်၊ သို့မဟုတ် နယူးယော့ခ်ဆိပ်ကမ်းဆီ စေလွှတ်
ပြီးတိုက်ခိုက်နိုင်တယ်။ ဒီလိုတိုက်ခိုက်မှုမျိုးကို ထောက်လှမ်းဖို့၊ သို့မဟုတ်
ရပ်ဆိုင်းဖို့ အလွန်ပင်ခက်ခဲနိုင်တယ်။

ကိုရီးယားကျွန်းဆွယ်မှာ မကောင်းတဲ့ အခြေအနေ မြင့်တက်လာတာဟာ စတော့
ဈေးတွေကျနေတုန်း ဝယ်ယူဖို့အတွက် အခွင့် အလမ်းလား၊ သို့မဟုတ် ကြီးမားတဲ့ စတော့
ဈေးကွက်ထိုးစိုက်ကျတာရဲ့ အစပဲဖြစ်မလား။ ကိန်းဂဏန်းအရ ခန့်မှန်းတိုင်းတာနိုင်တဲ့
ပုံမှန်ဖြစ်လာတဲ့ ဖြစ်ရပ်တွေနဲ့ ဆက်စပ်တဲ့ အန္တရာယ်တွေကို ဈေးကွက်တွေက ဈေးနှုန်း
သတ်မှတ်နိုင်တာကို လူတကာသိကြပေမဲ့ ဖြစ်နိုင်ခြေအပေါ် တွက်လို့မရနိုင်တဲ့
အန္တရာယ်ကို သိနိုင်ဖို့ကတော့ ပြဿနာနဲ့ နပန်းလုံးရတဲ့ဒုက္ခနဲ့ တွေ့ကြုံရတယ်။

ဤဆောင်းပါးသည် Roubini Macro Associates ၏ CEO Nouriel Roubini ၏
အာဘော်သာဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း