နျူကလီးယားလက်နက်ကိုင်ထားသည့် အရူးဟု ကင်ဂျုံအန်းကို ထရမ့်ကခေါ်

ဝါရှင်တန် - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို
ဒူတာတေးနှင့်ဖုန်းဖြင့်ဆက်သွယ် ပြောကြားရာတွင် မြောက်ကိုရီးယားခေါင်းဆောင်
ကင်ဂျုံအန်းကို ''နျူကလီးယား လက်နက်များကိုင်ထားသည့် အရူး''ဟု ခေါ်ဆိုခဲ့ကြောင်း
အမေရိကန် မီဒီယာများက မေ ၁၃ ရက်က ထုတ်ပြန်သည့် ဆွေးနွေးပွဲအကျဉ်းချုပ်တွင်
ဖော်ပြခဲ့သည်။

''ကျွန်တော်တို့က နျူကလီးယားလက်နက်တွေ ကိုင်ထားတဲ့ လူတစ်ယောက်ကို
ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ ကျွန်တော်တို့မှာ ပစ်ခတ်နိုင်တဲ့
စွမ်းပကားတွေ သူ့ဆီမှာရှိတာထက် အဆ ၂ဝ လောက် ပိုရှိပါတယ်။

ဒါပေမဲ့ အဲဒါတွေကို ကျွန်တော်တို့ အသုံးမပြုချင်ပါဘူး''ဟု အမေရိကန်နိုင်ငံ
ခေါင်းဆောင်က ပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း