လန်ဒန် တိုက်ခိုက်မှုအရေး ကမ္ဘာ့ခေါင်းဆောင်များနှင့် ထရမ့် သဘောထားအမြင်ခြားနား

 ဇွန် ၃ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ရာ လန်ဒန် တံတားကြီး၌ လုံခြုံရေးအစောင့်များ ချထားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဇွန် ၃ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ရာ လန်ဒန် တံတားကြီး၌ လုံခြုံရေးအစောင့်များ ချထားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

လန်ဒန်မြို့တွင် ဇွန် ၃ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု အစောပိုင်း အရှုပ်အထွေးတွင် ရဲတပ်ဖွဲ့က
ပြည်သူလူထုကို ကောလာဟာလများ မဖြန့်ရန် လှုံဆော်ခဲ့ပြီး အစောပိုင်းတွင် ပွင့်ပွင့်လင်းလင်း
ပြောဆိုရှင်းလင်းခဲ့သော ကမ္ဘာ့ခေါင်းဆောင်များက အဓိကအားဖြင့် စာနာထောက်ထားကြောင်း
ထုတ်ပြန်ခဲ့ကြသည်။

''တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့သူများနှင့် သူတို့၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲကြောင်း
'' ပြင်သစ် သမ္မတ မက်ကရွန်က သူ၏ တွစ်တာအကောင့်တွင် ရေးသားခဲ့ပြီး အလားတူညနေပိုင်းတွင်
''အရမ်းဆိုးရွားသောသတင်းဖြစ်ပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်'' ဟု ကနေဒါဝန်ကြီးချုပ်
ဂျက်စတင်ထရူးဒေါက၏ တွစ်တာအကောင့်တွင် ရေးသားထားကြောင်းသိရသည်။

အမေရိကန်သမ္မတ ထရမ့်ကမူ အဆိုပါ တိုက်ခိုက်မှုသည် အကြမ်းဖက်သမားများနှင့် ဆက်နွှယ်နေသည်
ဟုလန်ဒန်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာမှု မပြုလုပ်ခင်မှာကတည်းကီမကိါန သတင်းဝက်ဘ်ဆိုက်မှ
အကျဉ်းချုပ် ဖော်ပြထားသော အလုံပိတ်မော်တော်ယာဉ်တစ်စင်းက လန်ဒန်တံတားပေါ်တွင်
လူအယောက် ၂ဝ အား တိုက်ခဲ့ပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုအသစ်များကို ပိုမိုစိုးရိမ်ပူပန်လာ''
ခေါင်းစဉ်ဖြင့် သတင်းကို ထရမ့်၏ တွစ်တာအကောင့်တွင် တင်ခဲ့ကြောင်းသိရသည်။

ထိုအချိန်တွင် လန်ဒန်အာဏာပိုင်များက အသေးစိတ်အချက်အလက် အနည်းငယ်ကိုသာ
အတည်ပြုခဲ့သည်။ ထရမ့်က ဒရက်ခ်ျသတင်းကို တွစ်တာအကောင့်တွင် တင်ခဲ့ပြီးနောက် အတည်
မပြုရသေးသော သတင်းအချက်အလက်များကို ဖြန့်ဝေခြင်းမပြုလုပ်ရန် ဗြိတိသျှ ရဲတပ်ဖွဲ့က
သတိပေးခဲ့သည်။ လန်ဒန်ရဲတပ်ဖွဲ့က တွစ်တာအကောင့်တွင် သတိပေးချက်ထုတ်ပြန်ပြီး ၁၅ မိနစ်
အကြာတွင်ထရမ့်က အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသော မွတ်စလင်လူမျိုး
အများဆုံး နေထိုင်သော နိုင်ငံများက လူများကို ဝင်ရောက်ခွင့်ပိတ်ပင်ထားသော ခရီးသွားပိတ်ပင်မှုကို
ထရမ့်အုပ်ချုပ်ရေးက တရားဝင်မြှင့်တင်ထားမှုကိစ္စ တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။

ဝါရှင်တန်ပို့စ်သတင်းစာက သတင်းထောက် ဖီးလစ်ဘမ့်ရေးသားထားသော သတင်းအရ အိုင်အက်စ်
အကြမ်းဖက်လက်နက်ကိုင်အုပ်စုနှင့် ဆက်နွှယ်နေသော အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ထရမ့်က
ပိုမိုဖိအားပေးလိုသော်လည်း ဖိအားပေးလိုစိတ်မရှိသော နိုင်ငံများမှာ ဖိအားပေးရန် သိသိသာသာ
နောက်ကျနေပြီဖြစ်သည်။

သို့သော် ဇွန် ၄ ရက် နံနက်ပိုင်းတွင် လန်ဒန်အာဏာပိုင်များက တိုက်ခိုက်မှုတွင် ပါဝင်သော သံသယ
ရှိသူ၏အချက်အလက် အထောက်အထားကို မထုတ်ပြန်ခဲ့ပေ။

အခြား ကမ္ဘာ့ခေါင်းဆောင်များ၏ စည်းလုံးညီညွတ်ရေး ထောက်ခံမှု ထုတ်ပြန်ချက်များနှင့်
သဘောထားချင်းထပ်တူညီကြောင်း ဇွန် ၃ ရက် ညပိုင်းတွင် ထရမ့်၏တွစ်တာအကောင့်တွင်
နောက်ဆုံးရေးသားခဲ့သည်။ ထိုသို့ရေးသားခဲ့ပြီးနောက် ဗြိတိသျှအာဏာပိုင်များက အဆိုပါဖြစ်ရပ်
သည် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံ ညပိုင်းအချိန်တွင် ဗြိတိန်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းလုံးမှ ခေါင်းဆောင်များက
ထိုအကြမ်းဖက်တိုက်ခိုက်မှုအား ပြစ်တင်ရှုံ့ချကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။
လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်း၏ တွစ်တာအကောင့်တွင် ''လန်ဒန်မြို့တွင် နေထိုင်သူများ
စိတ်အေးအေးချမ်းချမ်းထားပြီး နေထိုင်ရန်နှင့် အကြမ်းဖက်သမားများကို သူ၏မြို့တွင်
အလိုမရှိကြောင်း'' ရေးသားခဲ့သည်။

ထရမ့်၏တွစ်တာပေါ်တွင် ရေးသားချက်နှစ်ခုတွင် ထရမ့်က တခြားနိုင်ငံက မနှစ်မြို့မည့်
အသုံးအနှုန်းအမူအကျင့်တို့ကို ရှောင်ရှားမှုအား ဝေဖန်ထိုးနှက်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှု
ဖြစ်ပွားရာ လန်ဒန်မြို့၏ ရွေးကောက်ခံခေါင်းဆောင်ကို အခြေခံအားဖြင့် ကဲ့ရဲ့ဝေဖန်ရန်ခန်း၏
ပြောဆိုချက်တစ်စိတ်တစ်ပိုင်းကို ကိုးကားရေးသားခဲ့သည်။

''တခြားနိုင်ငံက မနှစ်မြို့မည့် အသုံးအနှုန်းအမူအကျင့်တို့ကို ရှောင်ရှားမှုကို ရပ်သင့်ပြီး
ကိုယ့်လူမျိုးအတွက် လုံခြုံရေးပိုမိုတိုးမြှင့်သင့်ပါတယ်'' ဟု ထရမ့်၏တွစ်တာအကောင့်တွင်
ရေးသားထားသည်။ လန်ဒန်မြို့တိုက်ခိုက်မှုတွင် လူအနည်းဆုံး ခုနစ်ဦးသေဆုံးခဲ့ပြီး၄၈
ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြို့တော်ဝန်သည် ဒေါ်နယ်ထရမ့်၏ အသိတရားခေါင်းပါးစွာရေးသားထားသော တွစ်တာပေါ်ရှိ
မှတ်ချက်ချ ဝေဖန်မှုများက တုံ့ပြန်ရန်ထက် လုပ်ဆောင်ရန် အခြားအရေးကြီးကိစ္စများရှိသည်ဟု
လန်ဒန်မြို့တော်ဝန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက တုံ့ပြန်ပြောကြားခဲ့သည်။

ထရမ့်က မွတ်စလင်အများဆုံးနေထိုင်သော နိုင်ငံများမှနေထိုင်သူများ အမေရိကန်နိုင်ငံသို့
ဝင်ရောက်ခွင့် ပိတ်ပင်တားမြစ်ခဲ့ပြီးနောက် ''လက်ရှိတွင် နိုင်ငံရေးအဆင့်သတ်မှတ်ချက်က
အကြွင်းမဲ့ဖြစ်ရန် လိုအပ်နေပါတယ်''ဟု ဗြိတိသျှ ဝတ်လုံတော်ရရှေ့နေတစ်ဦးက ဇွန် ၃ ရက်တွင်
တွစ်တာအကောင့်၌ ရေးသားခဲ့သည်။ ဥရောပသမဂ္ဂထိပ်တန်း လုံခြုံရေးကပင် အမေရိကန်
သမ္မတအား ဆက်သွယ်ခဲ့ပြီး လန်ဒန်မြို့တော်ဝန် ခန်းကို ဝေဖန်မှုကဗြိတိသျှနှင့် အမေရိကန်
ခေါင်းဆောင်အကြား တင်းမာမှုကို လှုံဆောင်ခဲ့ပြီး ခန်း၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နှင့် ထရမ့်၏
လူမှုမီဒီယာဒါရိုက်တာ အငြင်းပွားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

(ဝါရှင်တန်ပိုစ့်မှ သတင်းထောက် အယ်ဗီ ဆက်ခ်၏အာဘော်သာဖြစ်သည်။)

- ဝါရှင်တန်ပိုစ့်

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း