အမေရိကန် အကျဉ်းသားကို မြောက်ကိုရီးယားက ပြန်လွှတ်

 မြောက်ကိုရီးယားက ဖမ်းဆီးခဲ့သော အမေရိကန်ကျောင်းသား အော့တို ဝမ်ဘီယာကို ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီမြောက်ကိုရီးယားက ဖမ်းဆီးခဲ့သော အမေရိကန်ကျောင်းသား အော့တို ဝမ်ဘီယာကို ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဝါရှင်တန် - အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်ထုတ်လုပ်မှုကို
ရပ်တန့်ရန် အရှိန်မြှင့် လုပ်ဆောင်နေစဉ် မြောက်ကိုရီးယားနိုင်ငံက ဇွန် ၁၃ ရက်တွင် ယင်းနိုင်ငံ
အလုပ်သမားထောင်တွင် အချုပ်ကျနေသော အမေရိကန်နိုင်ငံသား ကျောင်းသားတစ်ဦးကို
နိုင်ငံရင်းသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယား အခြေအနေကို ဆွေးနွေးရန် တောင်ကိုရီးယားနိုင်ငံ
ခေါင်းဆောင်သစ်မွန်ဂျေအင်ကို အိမ်ဖြူတော်သို့ ဖိတ်ခေါ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံက
ထောင်ဒဏ် ၁၅ နှစ်တွင် ၁၈ လ ကျခံထားပြီးသော အသက် ၂၂ နှစ်အရွယ် အော့တို ဝမ်ဘီယာကို
လွတ်ငြိမ်းချမ်းသားခွင့်ပြုလိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ထောင်ဒဏ်ကျခံနေရသော အမေရိကန်နိုင်ငံသား ဝမ်ဘီယာကို လွတ်ငြိမ်း
ချမ်းသာခွင့်ပေးရန် မြောက်ကိုရီးယားနှင့် ဆွေးနွေးပြောဆိုခဲ့ပြီး နောက်ထပ် ထောင်ဒဏ်ကျခံနေရသော
အမေရိကန်လူမျိုး သုံးဦးနှင့်အထက် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် ကြိုးစားနေသည်ဟု
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ပြောကြားသည်။

''အော့တိုက မြောက်ကိုရီးယား နိုင်ငံက ထွက်လာပြီ'' ဟု သူ၏မိဘများက စီအင်န်အင်န်သတင်းဌာနနှင့်
တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ''သူ သတိပြန်ရနေပါပြီ။ ဝမ်းနည်းစရာတစ်ခုက သူ သတိလစ် မေ့မြောနေတာ
၂ဝ၁၆ ခုနှစ် မေလကတည်းကလို့ လွန်ခဲ့တဲ့သီတင်းပတ်ကမှ သိရတယ်''ဟု သူ၏မိဘများက ပြောသည်။

၂ဝ၁၆ ခုနှစ် မတ်လတွင် ဝမ်ဘီရာကို ရုံတင်စစ်ဆေးခဲ့ပြီးနောက် အိပ်ဆေးပေးခဲ့ပြီးကတည်းက
သတိလစ်သွားခြင်းဖြစ်သည်ဟု တိုက်ဝမ်ဘီရာ၏ မိဘများကသိထားသည်။

အမေရိကန်အာဏာပိုင်များက ဝမ်ဘီရာ၏ ကျန်းမာရေးအခြေအနေကို မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သော်
လည်း သံအမတ်ဟောင်းတစ်ဦးဖြစ်သူ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဘေလ်ရစ်ချတ်ဆန်က
ဝမ်ဘီရာ၏မိသားစုနှင့် တွေ့ဆုံနှစ်သိမ့်စကားပြောပြီးကြောင်းသိရသည်။ ''အော့တို သတိလစ်
မေ့မြောနေတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး အမေရိကန်နိုင်ငံတွင် သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု
အရေးတကြီး လိုအပ်နေပါတယ်'' ဟု ယခင်က မြောက်ကိုရီးယားနိုင်ငံ အထူးသံတမန်အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု အကျဉ်းသားရေးရာ ကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နေသည့်
ရစ်ချတ်ဆန်က ပြောသည်။

အမေရိကန်နိုင်ငံက ဝမ်ဘီရာကို မြောက်ကိုရီးယားက နိုင်ငံရေးလက်ကိုင်တုတ်အဖြစ်အသုံးချခဲ့သည်ဟု
စွပ်စွဲခဲ့ပြီး စွဲချက်တင်ခံရသည့် ပြစ်မှုနှင့် အရေးယူမှုမှာ မမျှတကြောင်း ပြစ်တင်ရှုံ့ချခဲ့သည်။ အမေရိကန်
ကာကွယ်ရေးဝန်ကြီး ဂျင်မ် မက်တစ်က ဇွန် ၁၂ ရက်တွင် ''အားလုံးအတွက် သိသာထင်ရှားသော
လက်ရှိအန္တရာယ်တစ်ခု'' ဟု အမည်ပေးထားသည့် လက်နက်တည်ဆောက်မှုကို အခြေခံသည်
မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်လာပြီးနောက် အမေရိကန်နှင့်
မြောက်ကိုရီးယား တင်းမာမှု ဖြစ်ပွားနေစဉ် အဆိုပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗာဂျီးနီးယားတက္ကသိုလ် ကျောင်းသား ဝမ်ဘီရာသည် မြောက်ကိုရီးယားနိုင်ငံရှိ ဟိုတယ်တစ်ခုရှိ
နံရံပေါ်က နိုင်ငံရေးစာတန်းကို ဖယ်ရှားမှုဖြင့် အဖမ်းခံခဲ့ရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် သူ၏ ခရီးသွားအဖွဲ့ဖြင့် မြောက်ကိုရီးယားနိုင်ငံမှ မထွက်ခွာမီ
လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည်။ သူ၏ ရုံးတင်စစ်ဆေးမှုမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင်
ဝမ်ဘီရာက ဘဝမှာ အမှားဆုံးလုပ်ရပ်တစ်ခု လုပ်မိခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ပြစ်ဒဏ် လွတ်ငြိမ်း
ချမ်းသာခွင့်ရရှိရန် တောင်းပန်ခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း