မရည်ရွယ်တဲ့ ဆိုးကျိုးတွေပေါ်လာတဲ့ ခေတ်

 

ဆယ်လ်မန် ရာမာဒန် အဘေဒီ မန်ချက်စတာမြို့ တိုက်ခိုက်မှုမတိုင်မီညက တွေ့ရသော ရဲကတင်ပြသည့် စီစီတီဗီ ဓာတ်ပုံများ။ ဓာတ်ပုံ - အေအက်ဖ်ပီဆယ်လ်မန် ရာမာဒန် အဘေဒီ မန်ချက်စတာမြို့ တိုက်ခိုက်မှုမတိုင်မီညက တွေ့ရသော ရဲကတင်ပြသည့် စီစီတီဗီ ဓာတ်ပုံများ။ ဓာတ်ပုံ - အေအက်ဖ်ပီ

နယူးဒေလီ - ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဟာ အများအားဖြင့် တခြားနိုင်ငံတွေရဲ့ အစိုးရတွေကို
ဗြောင်ကျကျနဲ့ တိတ်တိတ်ပုန်း ဖြုတ်ချဖို့ ဝင်ရောက်စွက်ဖက်ကြတယ်။ အတာလွယ်တဲ့ အစိုးရတွေကို
အာဏာအပ်နှင်းပြီး အဲဒီအစိုးရတွေကို စစ်ရေးအရ အသုံးပြုပြီးတော့တောင် ကျားကန်ပေးထားကြတယ်။

ဒါပေမဲ့လည်း တစ်ခါတလေရေတိုမှာ ကောင်းတဲ့အကြံအစည်လို့ ထင်ရပေမဲ့ မရည်ရွယ်ထားတဲ့
ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာကာဝင်ရောက်စွက်ဖက်တာကြောင့် နိုင်ငံတွေကို ပဋိပက္ခ
ကျရောက်စေပြီး ဝင်ရောက်စွက်ဖက်တဲ့ နိုင်ငံတွေဟာ အကြမ်းဖက်မှုရဲ့ပစ်မှတ်တွေ ဖြစ်လာကြရတယ်။
အရှေ့အလယ်ပိုင်းမှာ ဝင်ရောက်စွက်ဖက်တဲ့ နိုင်ငံတွေမှာ တိုးပွား လာတဲ့ အကြမ်းဖက်မှုတွေနဲ့
ရင်ဆိုင်လာရတဲ့ အဖြစ်အပျက်တွေဟာ အခုအချိန်မှာ အတိုင်းသား မြင်နေရတယ်။

မေလတုန်းက လစ်ဗျားမှ ရွှေ့ပြောင်းအခြေချသူ မိဘတွေရဲ့ ဗြိတိန်နိုင်ငံဖွား တစ်ယောက်ဖြစ်တဲ့
အသက် ၂၂ နှစ် အရွယ်ရှိ ဆယ်လ်မန်ရာမာဒန် အဘေဒီ (Salman Ramadan Abedi) ဟာ
အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန် ပေါ့ပ်အဆိုတော် Ariana Grande ရဲ့
စင်တင် တေးဂီတပွဲတွင် အသေခံ ဗုံးဖောက်ခွဲခဲ့တယ်။ ဆယ်စုနှစ်တစ်ခုအတွင်း UK မှာ အဆိုးရွားဆုံး
အကြမ်းဖက်တိုက်ခိုက်မှုကို လစ်ဗျားမှာ UK နဲ့ သူ့ရဲ့မဟာမိတ်တွေရဲ့ လှုပ်ရှားမှုတွေကြောင့် မရည်ရွယ်
မလိုလားတဲ့ နိုင်ငံရေး ရလဒ်လို့ပြောနိုင်တယ်။ ပြင်ပစွက်ဖက်မှုကြောင့် လစ်ဗျားနိုင်ငံဟာ
စစ်ပွဲတွေကြောင့် ခြေကုန်လက်ပန်းကျနေတဲ့ အကြမ်းဖက်သမားတွေရဲ့ ခိုလှုံရာအဖြစ်
နာမည်ရလာတယ်။

UK ဟာ လစ်ဗျားမှာရှိတဲ့ ဂျီဟဒ်တွေကို ကိုယ်ထိလက်ရောက် အကူအညီပေးခဲ့ရုံတင်မကဘူး၊
ဗြိတိသျှ - လစ်ဗျား လူမျိုးတွေအပါအဝင် နိုင်ငံခြားက တိုက်ခိုက်ရေးသမားတွေကို ၂ဝ၁၁ ခုနှစ်က
ဗိုလ်မှူးကြီး ကဒါဖီအစိုးရကို ပြုတ်ကျစေခဲ့တဲ့ နေတိုးအဖွဲ့ ဦးဆောင်ခဲ့တဲ့ စစ်ဆင်ရေးမှာ ပါဝင်
ပတ်သက်စေခဲ့တယ်။ အဲဒီ တိုက်ခိုက်သမားတွေထဲမှာ Abedi ရဲ့ အဖေဟာ အယ်လ်ကေဒါအဖွဲ့နဲ့
ဆက်နွှယ်တဲ့ လစ်ဗျား အစ္စလမ္မစ် တိုက်ခိုက်ရေးအဖွဲ့ရဲ့ တာရှည် အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တယ်။

အဲဒီအဖွဲ့ဝင်တွေဟာ ကဒါဖီအာဏာရှိနေတဲ့ အချိန်အတွင်းမှာ အကျဉ်းချခံခဲ့ရ၊ ဒါမှမဟုတ်
ပြည်ပြေးတွေဖြစ်ခဲ့ကြရတယ်။ Abedi ရဲ့ အဖေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က လစ်ဗျားကို ပြန်လာပြီး
Tripoli Brigade လို့ခေါ်တဲ့ အနောက်အုပ်စုရဲ့ ထောက်ပံ့မှုရတဲ့ အစ္စလမ္မစ်စစ်ဝန်ထမ်းအဖွဲ့ထဲ
ပါဝင်ကာ တိုက်ပွဲဝင် ခဲ့တယ်။ သားဖြစ်သူ Abedi ဟာ လစ်ဗျားနိုင်ငံက မကြာသေးခင်က ပြန်လာ
ခဲ့ပြီးနောက် မန်ချက်စတာ တေးဂီတပွဲမှာ အသေခံ ဗုံးဖောက်ခွဲခဲ့တယ်။

'အစ္စလမ္မစ် ဘာသာရေးဆိုင်ရာစစ်သည်'ဟောင်းတစ်ယောက်က ဂျီဟဒ်ဝါဒကို သူ့ရဲ့ အနောက်နိုင်ငံဖွား
သားကို လက်ဆင့်ကမ်းပေးခဲ့တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူး။ အရင်နှစ် ဇွန်လတုန်းက
ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့မှာရှိတဲ့ Pulse ညကလပ် ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ Omar
Saddiqui Mateen ဟာလည်း သူ့အဖေဆီက လှုံ့ဆော်အားပေးမှုကို ရယူခဲ့တယ်။ ဒီဖြစ်ရပ်ဟာ
အမေရိကန်သမိုင်းမှာ တစ်ရက်အတွင်း အဆိုးရွားဆုံး အသေအပျောက်များတဲ့ ပစ်ခတ်မှုဖြစ်တယ်။
၁၉၈ဝ ပြည့်နှစ်များအတွင်းက အာဖဂန်နစ္စတန်က ဆိုဗီယက်တပ်တွေကို တိုက်ခိုက်နှင်ထုတ်ခဲ့တဲ့
အမေရိကန်အစိုးရ ထောက်ပံ့ကူညီခဲ့တဲ့ မူဂျာဟစ်ဒင်တပ်ဖွဲ့တွေမှာ Mateen ရဲ့အဖေ
ပါဝင်တိုက်ခိုက်ခဲ့တယ်။

အမှန်ပြောရရင်တော့ အဲဒီအချိန်က အာဖဂန်နစ္စတန်မှာ အမေရိကန်အစိုးရရဲ့ လှုပ်ရှားမှုတွေဟာ
အခု အကြမ်းဖက်မှုတွေရဲ့ တစ်ခုတည်းသော မရည်ရွယ် မလိုလားတဲ့ နိုင်ငံရေးရလဒ်ဖြစ်နိုင်တယ်။
ပါကစ္စတန်ရဲ့ ထောက်လှမ်းရေးအေဂျင်စီနဲ့ ဆော်ဒီအာရေဗျရဲ့ ငွေကြေးအထောက်အပံ့နဲ့ စီအိုင်အေဟာ
သမိုင်းတွင်ကျန်ရှိနေတဲ့ အကြီးမားဆုံး ခိုးကြောင်ခိုးဝှက်စစ်ဆင်ရေးနဲ့ ဆိုဗီယက်ဆန့်ကျင်တဲ့ သူပုန်
တွေကို သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးခဲ့တယ်။ စီအိုင်အေ သင်တန်းပေးခဲ့တဲ့ ပြောက်ကျား
အများစုမှာ 'ဘာသာရေးဆိုင်ရာစစ်သည်' ဖြစ်လာစေကာ အာဖဂန်တွေ၊ ဆိုဗီယက်တပ်တွေကို
တိုက်ခိုက်ဖို့ အမေရိကန်အစိုးရက ဒေါ်လာသန်း ၅ဝ သုံးစွဲခဲ့တယ်။

ဆိုဗီယက်တပ်တွေ ထွက်ခွာသွားပြီးနောက်မှာ ဒီ ဘာသာရေးဆိုင်ရာစစ်သည် အတော်များများဟာ
အယ်လ်ကေဒါ၊ တာလီဘန်နဲ့ တခြား အကြမ်းဖက်အဖွဲ့တွေကို ထူထောင်ခဲ့ကြတယ်။ အိုစမာ
ဘင်လာဒင်လို အကြမ်းဖက်ခေါင်းဆောင်တချို့ဟာ အာဖဂန်နစ္စတန် - ပါကစ္စတန် ဒေသဝန်းကျင်
မှာနေခဲ့ပြီး ၂ဝဝ၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုမျိုးတွေလို နိုင်ငံတကာ အကြမ်းဖက်
မှုမျိုးတွေကို စည်းရုံးနိုင်ဖို့ စခန်းအဖြစ်အသုံးပြုခဲ့တယ်။ တခြား အကြမ်းဖက်သမားတွေကလည်း
အီဂျစ်မှ ဖိလစ်ပိုင်နိုင်ငံအထိ သူတို့ရဲ့ ဇာတိနိုင်ငံတွေဆီ ပြန်သွားကြကာ အနောက်အုပ်စုနဲ့
ပတ်သက်လို့ သူတို့ထင်တဲ့ အစိုးရတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြတယ်။

''ကျွန်မတို့ အခု တိုက်ခိုက်နေတဲ့ပြဿနာ ကို ကျွန်မတို့ကပဲ ကူညီဖန်တီးခဲ့တယ်''လို့ အဲဒီတုန်းက
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဟီလာရီကလင်တန်က ၂ဝ၁ဝ ပြည့်နှစ်က ဝန်ခံပြော
ဆိုခဲ့တယ်။

ဒါတောင် အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေအားလုံး အပါအဝင်တို့ဟာ ဒီသင်ခန်းစာကို
ရရှိခဲ့ပုံမပေါ်ဘူး။ လစ်ဗျားခေါင်းဆောင် ကဒါဖီကို စစ်ရေးအရဖြုတ်ချဖို့ အစီအစဉ်ကို ချီတုံချတုံ
ဖြစ်နေတဲ့ သမ္မတ အိုဘားမားကို အပျော့ဆွဲဆွဲခဲ့တဲ့ကိစ္စမှာ ဟီလာရီကလင်တန်ဟာ အခရာဖြစ်
ခဲ့တယ်။ ဒီဖြစ်ရပ်ကြောင့် အီရတ် ပြိုကွဲပျက်ပြားအောင် လုပ်ခဲ့သူဟာ သမ္မတ ဂျော့ဒဗ္ဗလျူဘွတ်ရှ်လို့
အမှတ်ရနေသလို သမ္မတအိုဘားမားရဲ့ အချက်အချာကျတဲ့ အမွေကတော့ လစ်ဗျားကို ဝရုန်း
သုန်းကား အခြေအနေရောက်အောင် လုပ်ခဲ့တာပဲဖြစ်တယ်။

ဆီးရီးယားမှာ စီအိုင်အေဟာ အစွန်း မရောက်ဘူးဆိုတဲ့ ဂျီဟဒ်သူပုန်အုပ်စုတွေကို ကူညီထောက်ပံ့
မှုပေးနေပြန်ပြီ။ ဒီအုပ်စု အတော်များများဟာ အယ်လ်ကေဒါလို အဖွဲ့တွေနဲ့ ဆက်နွှယ်မှုရှိနေတယ်။
ရုရှားကတော့ သူ့ရဲ့လူ သမ္မတ အာဆတ်ကို ကျားကန်ပေးထားတယ်။ ဒီလိုလုပ်လို့လည်း
၂ဝ၁၅ ခုနှစ်တုန်းက ဆိုင်းနိုင်းကျွန်းဆွယ်အပေါ် ရုရှား လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရတာက
မလိုလားတဲ့ နိုင်ငံရေးရလဒ်ရဲ့ သာဓကတစ်ခု ဖြစ်ခဲ့တယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန်ကို
စစ်ရေးအရ ထွက်ခွာလို့မရနိုင်အောင် တာလီဘန်ကို အသုံးချဖို့ ရုရှားကလည်း ကြိုးပမ်းနေတယ်။

ဂျီဟဒ် ခံတပ်ကြီးနှစ်ခုဖြစ်တဲ့ ဆီးရီးယားနဲ့ လစ်ဗျားတို့ဟာ ဥရောပရဲ့ အိမ်ဦးနဲ့ကြမ်းပြင်လိုနေရာမှာ
ရောက်ရှိနေကာ အရင်က ဝင်ရောက်စွက်ဖက်မှုတွေရဲ့ ရလဒ်ကြောင့် ပြင်သစ်၊ ဂျာမနီနဲ့ UK
တို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ပိုပြီးပြင်းထန်လာနေတယ်။ ဒီအချိန်အတောအတွင်းမှာ
ဘင်လာဒင်ရဲ့ အနှစ်သက်ဆုံးသားဖြစ်တဲ့ ဟမ်ဇာ ဘင်လာဒင်ဟာ အယ်လ်ကေဒါရဲ့ ကမ္ဘာ
တစ်ဝန်းကွန်ရက်ကို ပြန်လည်အသက်ဝင်လာဖို့ ကြိုးပမ်းနေတယ်။

ဟုတ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ဝရုန်းသုန်းကားအခြေအနေနဲ့ ပဋိပက္ခတွေ
အဆုံးမသတ်နိုင်အောင် ဖြစ်ပွား နေတာဟာလည်း ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေမှာ တာဝန်
မကင်းပါဘူး။ ဆော်ဒီအာရေဗျဟာ ဂျီဟဒ်ကို ငွေကြေးထောက်ပံ့နေတဲ့ ကာတာနဲ့ သဘော
ကွဲလွဲခဲ့ပေမဲ့ ယီမင်မှာ အီရန်နဲ့ ကိုယ်တိုင်မပါဝင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲကို ဆက်လက်
ဆင်နွှဲ နေတာကြောင့် အီရတ်နဲ့ လစ်ဗျားတို့လိုပဲ အင်အားအလွန်နည်းတဲ့ အစိုးရမျိုးရှိတဲ့ နိုင်ငံ
အခြေအနေကို ကျရောက်လုနီးပါး ဖြစ်လာခဲ့တယ်။

ဒါ့ပြင် ဆော်ဒီအာရေဗျဟာ စစ်အေးကာလ ဒုတိယပိုင်းမှစတင်ကာ သည်းမခံတဲ့ အစွန်းရောက်
ဝါဟာဘီ အစ္စလာမ်အယူကို ပြည်ပသို့ ပြန့်ပွားစေတဲ့ အဓိကနိုင်ငံဖြစ်တယ်။
အနောက်အုပ်စုနိုင်ငံတွေက ဝါဟာဘီ အယူဝါဒ၁၉၇၉ ခုနှစ်က အီရတ်က ရှီးယားတော်လှန်ရေး
တို့လို ကွန်မြူနစ်ဝါဒအစား ဖြေဆေးလို့မြင်ခဲ့ကြပြီး အပြန်အလှန် နားလည်မှုနဲ့မပြောဘဲ
သိသာစွာအားပေးခဲ့တယ်။ နောက်ဆုံးမှာ ဝါဟာဘီ အယူအဆဟာ ဆွန်နီအစ္စလမ္မစ် အကြမ်း
ဖက်မှုရဲ့ အခြေခံဖြစ်လာကာ ဆော်ဒီအာရေဗျဟာ သူ့ဖန်တီးမှုနဲ့ ပြန်ခြိမ်းခြောက်ခံနေရတယ်။

ချဉ်းကပ်မှုအသစ် မြန်မြန်ဆန်ဆန်လုပ်ဖို့တော့ လိုလာပြီ။ ဘယ်နေရာမှာမဆို အစ္စလမ္မစ်အစွန်း
ရောက်တွေကို လက်နက်တပ်ဆင်ပေးတာ၊ သို့မဟုတ် အားပေးထောက်ပံ့တာဟာ နိုင်ငံတကာ
အကြမ်းဖက်မှု တိုးလာစေတယ်ဆိုတာကို လက်ခံကာ အဆင်ပြေတဲ့ မဟာမိတ်တွေဖွဲ့တာကို
ရှောင်ကြဉ်သင့်တယ်။ အစ္စလာမ်အစွန်းရောက်ရဲ့ ဆိုးယုတ်တဲ့ သဘောတရားကို လက်မခံအောင်
စနစ်တကျ ဝိုင်းဝန်းလုပ်ဆောင်ရမယ်လို့ ဗြိတိသျှဝန်ကြီးချုပ် ထရီဆာမေက ပြောခဲ့တယ်။


(ဤဆောင်းပါးသည် Brahma Chellaney ၏ အာဘော်သာဖြစ်သည်။ သူသည် နယူးဒေလီ
မြို့မှာရုံးစိုက်တဲ့ Centre for Policy Research မှ မဟာဗျူဟာ သင်ကြားလေ့လာမှုဆိုင်ရာ
ပါမောက္ခဖြစ်သည်။)

- PROJECT SYNDICATE

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း