လန်ဒန်မျှော်စင် အဆောက်အအုံကြီး မီးလောင်

မီးအရှိန်တက်နေသော ဂရင်းဖဲလ်အထပ်မြင့် အဆောက်အအုံကို ဇွန် ၁၄ ရက် အရုဏ်တက်ချိန်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီမီးအရှိန်တက်နေသော ဂရင်းဖဲလ်အထပ်မြင့် အဆောက်အအုံကို ဇွန် ၁၄ ရက် အရုဏ်တက်ချိန်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

လန်ဒန် - လန်ဒန်မြို့ အနောက်ပိုင်း ကင်စင်တန်ရှိ အထပ်ပေါင်း ၂၄ ထပ်ပါ ဂရင်းဖဲလ်အထပ်မြင့်
အဆောက်အအုံတွင် ဇွန် ၁၄ ရက် အရုဏ်တက်ချိန်မတိုင်မီ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ညပိုင်းအထိ
လူခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

လန်ဒန် မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဒန်နီကော်တွန်ကပြောကြားရာတွင် သေဆုံးသူ အတော်များများရှိနိုင်
ကြောင်း၊ သို့ရာတွင် ယခုအချိန်၌ အဆောက်အအုံ၏ အရွယ်အစားနှင့် ရှုပ်ထွေးမှုအခြေအနေများကြောင့်
သေဆုံးသူဦးရေ အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေး ကြောင်း ဆိုသည်။

''ဒီမီးလောင်မှုက အစဉ်အလာမရှိတဲ့ မီးလောင်မှုပါ။ မီးသတ်သမားအဖြစ် ကျွန်မ ၂၉ နှစ် တာဝန်
ထမ်းဆောင် ခဲ့တဲ့ ကာလအတွင်းမှာ တစ်ခါမှ ဒီလောက်ကြီးတဲ့ မီးလောင်မှုမျိုး မမြင်ဖူးပါဘူး''ဟု
ကော်တွန်က ဆိုသည်။

လူနာတင်ယာဉ်အဖွဲ့က ပြောကြားရာတွင် လူပေါင်း ၅ဝ ကျော် ဆေးရုံတင်ပို့ခဲ့သည်ဆို၏။ မီးဘေး
အချက်ပေး ဥသြသံကို ဇွန် ၁၄ ရက် နံနက် ၁ နာရီခန့်တွင် ကြားခဲ့ရပြီး တစ်နာရီအတွင်းမှာပင်
မီးတောက်ကြီးများက အခန်းပေါင်း ၁၂ဝ ပါသည့် အဆောက်အအုံကြီးကို ဝိုင်းပတ်သွားခဲ့သည်။

၁ဝ နာရီခန့်အကြာတွင် တိုက်ခန်းများအတွင်း၌ မီးတောက်ကြီးများကို တွေ့နေရပြီး ကောင်းကင်သို့
မီးခိုးလုံးမည်းကြီးများ ထိုးတက်နေခဲ့သည်။ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်က ပြောကြားရာတွင်
မီးသတ်သမားများသည် ညကြီးမင်းကြီးတွင် အထပ် ၁၂ ထပ်အထိသာ ရောက်အောင် မီးကို
ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။ အဆောက်အအုံတွင်းမှ လူအတော်များများကို ကယ်တင်
နိုင်ခဲ့သော်လည်း အမြောက်အမြားကျန်နေသေးသည်ဟု သိရသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း