ကမ္ဘာတစ်ဝန်း ဖွဲ့စည်းပုံစနစ်ဆီ တစ်ပတ်ပြန်ကျော့ခြင်း

 ဂျာမနီဝန်ကြီးချုပ် မာကယ်(ယာ)က ပြင်သစ်သမ္မတ မက်ကရွန်ကို ဇွန် ၂၉ ရက်က ကြိုဆိုလာစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီဂျာမနီဝန်ကြီးချုပ် မာကယ်(ယာ)က ပြင်သစ်သမ္မတ မက်ကရွန်ကို ဇွန် ၂၉ ရက်က ကြိုဆိုလာစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဆန်းစစ်သူတွေအများက လေ့လာခဲ့သလို အမေရိကန်နဲ့ ဆက်စပ်တဲ့ ငြိမ်းချမ်းရေးဟာ မကြာသေးခင်
ရာစုနှစ်ကစပြီး အသက်ဆက် ပေးနေရတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်ဦးစားပေး၊
သို့မဟုတ် ပိုပြီးတိကျတဲ့ 'အမေရိကန်တစ်ကိုယ်တည်း' ပြောဆိုခဲ့တဲ့ ရက်ပေါင်း ၁၅ဝ ပြီးသွားတဲ့
အခါမှာတော့ အမေရိကန်ရဲ့ အစဉ်အလာဖြစ်တဲ့ တည်ငြိမ်မှုပေးတဲ့ကဏ္ဍဟာ အမြဲရရှိလိမ့်မယ်ဆိုတဲ့
အမြင်မျိုးနဲ့ ကြည့်လို့မရတော့ဘူး။ နိုင်ငံ တကာပတ်ဝန်းကျင်မှာ အမေရိကန်ရဲ့ ရှေ့ဆုံးကပြေးနေတဲ့
ကမ္ဘာပေါ်မှာ မရှိမဖြစ်တဲ့နိုင်ငံအဆင့်အတန်းဟာ တစ်စတစ်စ ဆုတ်ယုတ် လျော့ပါးလာကာ
တခြားနိုင်ငံတွေနဲ့ နိုင်ငံမဟုတ်တဲ့ သရုပ်ဆောင်သူတွေဟာ ထင်ပေါ်ကျော်ဇောလာကြတယ်။
လွတ်လပ်တဲ့ နိုင်ငံဖွဲ့စည်းပုံစနစ်လို့ ပြောပြောနေကြတာ ဘယ်လိုအဓိပ္ပာယ်ရသလဲ။

များလှတဲ့ ပဋိပက္ခအနေအထားတွေ မြင့်မားလာတာဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကမ္ဘာတစ်ဝန်း
စနစ်နဲ့ ထိပ်တိုက်တွေ့စရာမလိုဘူး။ တရုတ်လို တက်သစ်စအင်အားကြီးနိုင်ငံတွေဟာ တာဝန်ရှိတဲ့
ကုမ္ပဏီတွေလို လုပ်နိုင်စွမ်းရှိကြတယ်။ ယုံကြည်မှုပြန်လည် ရရှိလာပြီလို့ထင်ရတဲ့ EU ဟာလည်း
အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ပါဝင်နိုင်မယ်ဆိုတာကို ယုံကြည်လို့ရတယ်။

နိုင်ငံတကာဆက်ဆံရေး သီအိုရီမှာ လွတ်လပ်တဲ့ အပြည်ပြည် ပူးပေါင်းဆောင်ရွက်ရေးဝါဒဟာ
ပွင့်လင်းမှုနဲ့စည်းစနစ်ရှိမှုရှိတဲ့ အသွင်အပြင်လက္ခဏာတွေကို ဆောင်ပြီး ဘက်ပေါင်းစုံပါဝင်တဲ့
အဖွဲ့အစည်း တွေနဲ့ တရိုတသေ ထိန်းသိမ်းထားတယ်။ ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာ ဒီမူတွေဟာ
အတွေးအမြင်စနစ်ကို အခြေခံတဲ့တစ်နေ့ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်း WTO ဖြစ်လာမယ့်
အကောက်ခွန်နဲ့ ကုန်သွယ်ရေး အထွေထွေသဘောတူညီမှုစာချုပ် (GATT)တို့ ဖြစ်ပေါ်လာစေဖို့
အထောက်အကူပြုခဲ့တယ်။

လွတ်လပ်တဲ့ အပြည်ပြည် ပူးပေါင်းရေးဝါဒ ကမ္ဘာတစ်ဝန်းဖြစ်စေချင်တဲ့ ရည်မှန်းချက်ဟာ
စစ်အေးတိုက်ပွဲကြောင့် အတော်ထိခိုက်သွားခဲ့တယ်။ ဒီဝါဒဟာ အနောက်အုပ်စုရဲ့
ပထဝီဝင်နိုင်ငံရေးနဲ့ အတော်ကလေး ဆက်နွှယ်ခဲ့တာ အထူးသဖြင့် အမေရိကန်နဲ့ ယူကေ
တို့နဲ့ အတော်ဆက်နွှယ်ခဲ့တယ်။ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလက ဘာလင် တံတိုင်းကြီးကို
ဖြိုချနိုင်လိုက်တဲ့ နောက်ပိုင်း ကာလဟာ အမေရိကန်အတွက် အငြင်းမပွားနိုင်တဲ့ ကြီးစိုးမှုကို
ရရှိခဲ့ကာ အနောက်အုပ်စုက မြှင့်တင်ပေးတဲ့ အုပ်ချုပ်ရေး ဖွဲ့စည်းတည်ဆောက်ပုံ ပျံ့နှံ့ဖို့
လမ်းစဖော်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီပြန့်ပွားသူဟာ မျှော်လင့်ခဲ့သလို မြန်မြန်ဆန်ဆန်၊
သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ထွန်းခဲ့ပေ။

အခုအချိန်မှာ ကမ္ဘာကြီးဟာ အကွဲကွဲ အပြားပြားဖြစ်နေတုန်းပဲ။ ၂ဝဝ၁ ခုနှစ်၊ စက်တင်ဘာ
၁၁ ရက်တိုက်ခိုက်မှုတွေ ကြောင့် နိုင်ငံအတော်များများဟာ အကြောင်းကြောင်းကို မေ့ထားပြီး
အမေရိကန်အပေါ် သွေးစည်းညီညွတ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုတွေဟာ မမျှော်လင့်တဲ့
သရုပ်ဆောင်တွေရဲ့ နက်ရှိုင်းတဲ့ နှောင့်ယှက်မှုတွေကို ပေါ်လာစေခဲ့တယ်။ ဒီဦးတည်မှုဟာ
နောင် ၁၅ နှစ် အတွင်းမှာ ပိုပြီးအားကောင်းလာဖို့ပဲရှိတယ်။

ဗြိတိသျှဝန်ကြီးချုပ် ထရီဆာမေနှင့် ဂျာမနီဝန်ကြီးချုပ် မာကယ်တို့ ဇွန် ၂၉ ရက်က တွေ့ဆုံနှုတ်ဆက်စဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဗြိတိသျှဝန်ကြီးချုပ် ထရီဆာမေနှင့် ဂျာမနီဝန်ကြီးချုပ် မာကယ်တို့ ဇွန် ၂၉ ရက်က တွေ့ဆုံနှုတ်ဆက်စဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

စီးပွားရေးအရလည်း နိုင်ငံတွေကြားမှာ ခြားနားချက်တွေက ရှိနေကြတယ်။ ၂ဝဝ၇ - ၂ဝဝ၉
ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ကျဆင်းမှုပင်လျှင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သမားရိုးကျ
အမြော်အမြင်ရှိမှုဟာ ကမ္ဘာတစ်ဝန်းလောက်မရှိခဲ့ပေ။ ၂ဝဝ၉ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း
ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု ကျုံ့သွားတဲ့အခါမှာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး
နိုင်ငံနှစ်နိုင်ငံဖြစ်ကြတဲ့ တရုတ်နဲ့အိန္ဒိယမှာ ရှစ်ရာခိုင်နှုန်းအထက် ကြီးထွားခဲ့တယ်။

ယနေ့ လွတ်လပ်စွာ ဖွဲ့စည်းမှုစနစ်ကို ပျက်ပြားအောင်လုပ်နေတဲ့ နိုင်ငံတွေဟာ
နိုင်ငံရေးမတည်ငြိမ်မှု အများဆုံးရင်းနှီးမြှုပ်နှံပြီး ဖန်တီးခဲ့တာဖြစ်တယ်။ UK က Brexit
ခေါ်တဲ့ ဗြိတိန်နိုင်ငံ၊ ဥရောပသမဂ္ဂက နုတ်ထွက်မှုနဲ့ အမေရိကန်မှာထရမ့် ရွေးကောက်ပွဲနိုင်ခြင်း
တို့က Offshoring လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံက ကုမ္ပဏီက သူ့အလုပ်ကို နောက်တစ်နိုင်ငံက
အလုပ်သမားတွေကို ခိုင်းတာမျိုးလို ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ စီးပွားရေးနဲ့ လူမှုရေး
အကျိုးသက်ရောက်မှုအချို့တွေအပေါ် ခံပြင်းလာတာကို ထင်ဟပ်လာတာပဲဖြစ်တယ်။
ဒီခံပြင်းမှုဟာ ထုတ်ပစ်တာကို အခြေခံတဲ့ နိုင်ငံချစ်စိတ်ဓာတ် ပုံစံတစ်မျိုးကို ပြန်လည်
သက်ဝင်လှုပ်ရှားလာစေတယ်။ ဂျာမန်ပုံစံ လွတ်လပ်တဲ့ အချုပ်အခြာအာဏာကို ပြန်လည်
အလေးအနက်ထားတာမျိုး ပြန့်ပွားနေရာမှာ အင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှုတွေ
ပြန်လည်ဖြစ်လာလိမ့်မယ်လို့ အချို့က ခန့်မှန်းနေကြတယ်။ ဒီအတွေးအခေါ်ကို ထောက်ခံ
အားပေးသူတွေက အမေရိကန်နဲ့ တရုတ်တို့ဆက်ဆံရေးမှာ သဘောထားကွဲလွဲမှုတွေ
ဖြစ်လာနိုင်တယ်လို့ မကြာခဏ ထောက်ပြကြတယ်။

ဒါဟာ အလွန်ဆိုးတဲ့ သွေးလှန့်ရေးသမားရဲ့ အမြင်ပဲ။ တရုတ် လျင်မြန်စွာတိုးတက်လာတာဟာ
အနောက်နိုင်ငံမြို့တော်တွေမှာ မယုံကြည်မှုကို ဖြစ်စေပေမဲ့ တချို့ထင်သလို တရုတ်ဟာ
ပြန်လည်ပြင်ဆင်ရေးဝါဒီ ဖြစ်ချင်မှဖြစ်မယ်။ မကြာသေးခင်ကပဲ တရုတ်အစိုးရဟာ ထရမ့်အစိုးရကို
ခပ်ခွာခွာနေခဲ့ကာ ပါရီ ရာသီဥတုသဘောတူညီချက်အပေါ် ထောက်ခံကြောင်းကို ထပ်လောင်း
အတည်ပြုခဲ့တယ်။ အမေရိကန်ဟာ ဒီသဘောတူညီချက်ကနေ ရုပ်သိမ်းဖို့ရည်ရွယ်ထားတယ်။
ဇန်နဝါရီလက ဒါဗို့စ် (Davos) မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်စဉ်အစည်းအဝေးမှာ
သမ္မတရှီကျင့်ဖျင်ဟာ အထိမ်းအမှတ် မိန့်ခွန်းပြောဆိုခဲ့ပြီးနောက် ဂလိုဘယ်လိုက်ဇေးရှင်းရဲ့
မယိမ်းမယိုင် ကာကွယ်သူအဖြစ် ပြသခဲ့တယ်။ နိုင်ငံတွေဟာ မိမိတို့အကျိုးအတွက် အခြားနိုင်ငံတွေ
မဆုံးရှုံး မနစ်နာစေဖို့ စောင့်ထိန်းဖို့ သမ္မတရှီက ပြောခဲ့တယ်။

ကမ္ဘာတစ်ဝန်း စီးပွားရေးမှာ နက်ရှိုင်းစွာ ပေါင်းစည်းခဲ့တဲ့အတွက် ဘယ်လောက်
အကျိုးအမြတ်ရရှိခဲ့တယ်ဆိုတာကို တရုတ်အာဏာပိုင်တွေ မသိဘဲမနေကြဘူး။ ဒါကြောင့်
လည်း စီးပွားရေးကြီးထွားမှုကို အခြေခံတဲ့ပြည်တွင်း၌ တရားဝင်မှုကို စွန့်စားဖို့မရည်ရွယ်ဘူး။
BRI လို့ခေါ်တဲ့ ရပ်ဝန်းနဲ့ လမ်းပန်း ပဏာမခြေလှမ်းကို သမ္မတရှီက 'ဒီရာစုရဲ့စီမံကိန်း'လို့
ကင်ပွန်းတပ်ခဲ့တယ်။ ဒီစီမံကိန်းဟာ ဥရောပ၊ အာရှနဲ့ အာဖရိကတိုက်တို့မှာ စီးပွားရေး
ဆက်နွှယ်မှုတွေ အားကောင်းခိုင်မာလာဖို့ တရုတ်ရဲ့ မဟာဗျူဟာကျတဲ့ ရွေးချယ်မှုရဲ့
ရောင်ပြန်ဟပ်ခြင်းအမှန်ဖြစ်တယ်။ နိုင်ငံရေးနဲ့စီးပွားရေးမှာ သြဇာရှိမှုအခွင့်အရေးကို
အသာစီးယူခဲ့တာဖြစ်တယ်။

ဒီလိုလုပ်ခဲ့ပေမဲ့လည်း တရုတ်ဟာ လွတ်လပ်စွာ ဖွဲ့စည်းမှုစနစ်ရဲ့ အုတ်မြစ်တွေကို
ပွင့်လင်းစွာမေးခွန်းထုတ်ခဲ့ခြင်းမရှိပေ။ လွန်ခဲ့တဲ့လက ပေကျင်းမှာကျင်းပခဲ့တဲ့ BRI
ဖိုရမ်မှာ ပါဝင်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ မှတ်သားလောက်တဲ့ တရားဝင်ကြေညာချက်မှာ
နိုင်ငံတွေနဲ့အဖွဲ့အစည်း ၃ဝ ကျော်တို့ကို ငြိမ်းချမ်းရေး တရားမျှတမှု၊ လူမှုရေးစည်းလုံးမှု၊
ပါဝင်ပတ်သက်မှု၊ ဒီမိုကရေစီ၊ ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊
လိင်အရ တန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့် အာဏာပေးခြင်းတို့ကို
မြှင့်တင်စေခဲ့တယ်။

ဒီ တရားဝင်ကြေညာချက်ကို တိုက်ရိုက် အဓိပ္ပာယ်ကောက်ရင်၊ သို့မဟုတ် တရုတ်ရဲ့
လက်သစ်ကုန်သွယ်ရေးယိမ်းယိုင်မှုတွေနဲ့ ပြည်တွင်းမှာ သဘောထားမကြီးတဲ့စည်းမျဉ်း တွေကို
လျစ်လျူရှုရင် မှားလိမ့်မယ်။ တရုတ်ကိုကြီးမားကျစ်လျစ်ခိုင်မာတဲ့ အဖွဲ့အစည်းလို့
မြင်ရင်လည်းမမှန်ဘူး။ တန်ဖိုးထားမှုတွေဟာ အနောက်အုပ်စုနဲ့ လုံးဝ သဟဇာတဖြစ်မှာ
မဟုတ်ဘူး။ ဒီလို ပေါ့ပျက်ပျက်လုပ်တာဟာ အမေရိကန်မှာ ဟီလာရီကလင်တန်က ထရမ့်ကို
လူထုမဲ (popular vote) နဲ့ အနိုင်ရတာမျိုး၊ သို့မဟုတ် UK မှာEU ထဲ ဆက်နေလိုတဲ့လူတွေ
Brexit လူထုသဘောထားခံယူပွဲကို ပွတ်ကာသီကာ ရှုံးနိမ့်တာလိုမျိုးလို တရုတ်
အတွက်လည်း ပိုပြီးမှန်တယ်လို့ ပြောလို့မရဘူး။

ဒီလို မရေမရာ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့အချိန်မှာ EU ဟာ ခေါင်းဆောင်မှုကဏ္ဍကို
ကူညီနိုင်တဲ့အနေအထားမှာရှိတယ်။ ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ Macron ရဲ့အောင်ပွဲဟာ
လွတ်လပ်တဲ့ ဖွဲ့စည်းပုံစနစ်ကို ကာကွယ်သူတွေကို အားပေးရာရောက်ကာ ဒီဖွဲ့စည်းပုံစနစ်ရဲ့
ပျော့ကွက်ဟာကွက်တွေရှိတဲ့ကြားက နိုင်ငံတကာဆက်ဆံရေးတွေအတွက် အဆွဲဆောင်နိုင်ဆုံးနဲ့
ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ နမူနာအဖြစ် ကိုယ်စားပြုနိုင်တုန်းပဲဖြစ်တယ်။

စည်းလုံးညီညွတ်တဲ့ EU ဟာ အားအင် ချို့တဲ့နေကြတဲ့ ဘက်ပေါင်းစုံ အဖွဲ့အစည်းတွေကို
ပြန်လည်အသက်သွင်းစေနိုင်တဲ့ ပြောင်းလဲမှုတွေကို အထောက်အကူပေးနိုင်ကာ
အရှိန်အဟုန်သစ်ကို ပြုလုပ်ပေးနိုင်တယ်။ ကျဉ်းထဲကျပ်ထဲက လွတ်လာတဲ့ နိုင်ငံတွေကို
ကျွန်တော်တို့တစ်တွေအနေနဲ့ကမ်းလှမ်းရင် စစ်မှန်တဲ့ကမ္ဘာတစ်ဝန်း လွတ်လပ်တဲ့
ဖွဲ့စည်းပုံစနစ်တည်ဆောက်ဖို့ အချိန်မနှောင်းသေးပါဘူး။ ၁၉၈၉ ခုနှစ်တုန်းကလို
မဟုတ်ဘဲ ဒီတစ်ခါမှာတော့ အလုပ်ကို မပြီးပြတ်ဘဲထားလို့ မရတော့ဘူး။

(ဤဆောင်းပါးသည် Javier Solana ၏အာဘော်သာဖြစ်သည်။
သူသည် EU ၏ နိုင်ငံခြားနှင့် လုံခြုံရေးပေါ်လစီ အဆင့်မြင့်ကိုယ်စားလှယ်
NATO ၏ အတွင်းရေးမှူးချုပ်၊ စပိန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည်။
သူသည် လက်ရှိ Centre for Global Economy and Geopolitics ၏
ဥက္ကဋ္ဌဖြစ်ပြီး Brookings Institution ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်
လူကြီးဖြစ်သည်။

- PROJECT SYNDICATE

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း