လျူရှောက်ပိုကို ကုသရန် နိုင်ငံခြား ကင်ဆာပါရဂူများကို တရုတ် ဖိတ်ကြား

ရှန်ယန်း  (တရုတ်ပြည်) - ကင်ဆာရောဂါ ဖြစ်ပွားနေသော နိုဘယ်ဆုရှင် လျူရှောက်ပိုကို ပြည်ပတွင်
ဆေးကုနိုင်ရေးအတွက် နိုင်ငံခြားသို့ထွက်ခွာခွင့်ပြုရန် အပြည်ပြည်ဆိုင်ရာကဖိအားများပေးခဲ့ပြီး
နောက်ပိုင်း ၄င်းကိုဆေးကုသပေးနေသည့် တရုတ်ဆေးရုံက အမေရိကန်၊ ဂျာမနီနှင့် အခြား
နိုင်ငံခြားပါရဂူများကို ဖိတ်ခေါ်၍ တရုတ်ပြည်မှာပင် ပြုစုကုသပေးရန် ဆုံးဖြတ်ခဲ့သည်။

လျူရှောက်ပို ဆေးကုသခံယူလျက်ရှိသည့်တရုတ်ပြည် အရှေ့မြောက်ပိုင်းမြို့ကြီး ဖြစ်သော
ရှန်ယန်းမြို့၏ တရားရေး ဗျူရိုက ဇူလိုင် ၅ ရက်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင်
လျူ၏ မိသားစုက မေတ္တာ ရပ်ခံခဲ့သဖြင့် ယခုကဲ့သို့ နိုင်ငံခြားဆရာဝန် များကို ဖိတ်ကြားခဲ့ခြင်း
ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သို့ရာတွင် တရုတ်အာဏာပိုင်များကပြောကြားရာ၌ အသက် ၆၁ နှစ်အရွယ်ရှိ လျူရှောက်ပိုကို
ရှန်ယန်းမြို့ရှိ တရုတ်ဆေးတက္ကသိုလ်၏ အမှတ် (၁) ဆေးရုံတွင် ထင်ရှားသော ကင်ဆာရောဂါကု
တရုတ်ဆရာဝန်များက ကုသပေးလျက်ရှိသည်ဟုဆိုသည်။ ဆေးရုံတွင်တရုတ်ရဲများ စောင့်ကြပ်လျက်
ရှိသည်။

ကင်ဆာဆေးကုသဆောင်ရှိ သူနာပြုများ ကမူ ၄င်းတို့၏ ကွန်ပျူတာစနစ်တွင် လျူ၏ နာမည်ကို
ရှာမတွေ့ကြောင်း ပြောကြားခဲ့သည်။ ဂျာမနီက အထူးကုဆရာဝန်ကြီးများကို ဖိတ်ကြားခြင်းမှာ
တရုတ်သမ္မတ ရှီကျင့်ဖျင် ဇန်နဝါရီ ၄ ရက်က ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ချစ်ကြည်ရေးခရီးနှင့်
ဟန်းဘတ်မြို့တွင် ဇူလိုင် ၇ ရက်၌ကျင်းပမည့် ဂျီ - ၂ဝ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန်
ရောက်ရှိပြီးမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့၏
တရုတ်သုတေသီ ပက်ထရစ်ပွန်းကမူ လျူနှင့်သူ့ဇနီး ကဗျာဆရာမ လျူရှားတို့သည် နိုင်ငံခြားတွင်
ဆေးကုသခံယူလိုကြောင်း ရှင်းလင်းစွာ ပြောကြးခဲ့ပြီးဖြစ်သည်ဆို၏။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း