ဥရောပအတွက် မက်ကရွန် ဆောင်ရွက်ပေးနိုင်မလား

ပြင်သစ်သမ္မတ မက်ကရွန်ကို ဂျီ ၂ဝ ထိပ်သီးဆွေးနွေးပွဲအပြီး ဇူလိုင် ၈ ရက်က သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီပြင်သစ်သမ္မတ မက်ကရွန်ကို ဂျီ ၂ဝ ထိပ်သီးဆွေးနွေးပွဲအပြီး ဇူလိုင် ၈ ရက်က သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဥရောပသို့ ရောက်လာမယ့် ရက်ပိုင်းအနည်းငယ်အလို မှာပဲ
ဥရောပရဲ့ အဓိပတိအိမ်တော်တွေမှာ စိတ်ချယုံကြည်မှုတွေ ပြန်လည်ဖြစ်ပေါ်လာ တယ်။
အင်မတန် ဆိုးရွားခဲ့တဲ့ ၂ဝ၁၆ ခုနှစ် အတွင်း EU ရဲ့ ရှင်သန်မှုကို လူအများက စိုးရိမ်ခဲ့ကြတယ်။
ဒါပေမဲ့ ၂ဝ၁၇ ခုနှစ်မှာတော့ ပြင်သစ်မှာ မက်ကရွန် သမ္မတဖြစ်လာတာ ရယ်၊ သာမန်လူထု
အကျိုး ရည်မျှော်သူတွေ နယ်သာလန်၊ သြစတြီးယားနဲ့ ဂျာမနီတို့မှာ ရှုံးနိမ့်သွားတာတွေနဲ့
အမေရိကန်မှာ ထရမ့်အပေါ် လူကြိုက်များမှု ကျဆင်းသွားတာတွေကြောင့် ဥရောပ ပရောဂျက်
အတွက် မျှော်လင့်ချက် ထပ်မံပေါ်ပေါက်လာခဲ့တယ်။

ပြင်သစ်သမ္မတ မက်ကရွန်နဲ့ ဂျာမနီ ဝန်ကြီးချုပ် မာကယ်တို့ကြား မကြာသေးခင်က ခိုင်မာအောင်
ကြိုးပမ်းခဲ့တဲ့ မိတ်ဖက် (Mercron) ကြောင့် ယူရိုဇုန် ပြန်လည်တီထွင်မှုအတွက် ဥရောပ မူဝါဒချမှတ်
သူတွေဟာ စိတ်ထက်သန်တက်ကြွနေကြတယ်။ ယူရိုဇုန်ဘတ်ဂျက်ကို ဝေမျှခံစားတာနဲ့ ဘဏ္ဍာရေး
ဝန်ကြီး ခန့်အပ်ဖို့နဲ့ EU အဆင့်ရှိတဲ့ လုံခြုံရေးသမဂ္ဂက အကြမ်းဖက်မှုကို အရေးယူကိုင်တွယ်ဖို့နဲ့
နယ်ခြားထိန်းချုပ်မှုတွေအတွက် အဆိုပြုချက် တွေရှိလာတယ်။

ဒါ့ပြင် ဥရောပရဲ့ မိမိဘာသာကာကွယ် ဖို့နဲ့ ကာကွယ်နိုင်တဲ့ရည်မှန်းချက်တို့ရဲ့ ကွာဟချက်ကို
အပြီးသတ်ဖို့ EU က လွန်ခဲ့တဲ့လက ကာကွယ်ရေးရန်ပုံငွေအသစ်ကို စတင်ခဲ့ တယ်။
မျှော်လင့်ချက်ကတော့ လူဦးရေ သန်းပေါင်း ၁၅ဝ ရှိတဲ့ ဥရောပသားတွေဟာ သူတို့ရဲ့
လုံခြုံရေးအတွက် အမေရိကန်ပြည်သူ သန်း ၃၂ဝ ကို အားကိုးစရာလိုမှာမဟုတ် တော့ဘူးဆိုတဲ့
မျှော်လင့်ချက်ပဲ ဖြစ်တယ်။

အရင်ကဆိုရင် ပြင်သစ်နဲ့ ဂျာမနီအကြား အေးတိအေးစက် ငြိမ်းချမ်းရေးဟာ EU အပေါ်
ထိရောက်တဲ့အုပ်ချုပ်မှုကို ဟန့်တား ခဲ့တယ်လို့ EU အဖွဲ့ဝင်နိုင်ငံ အတော်များများက
မကျေမနပ် ညည်းညူပြီး ပြောခဲ့ကြ တယ်။ အခုအချိန်မှာ အဲဒီနိုင်ငံတွေကပဲ သြဇာတက်
လာတဲ့ ပြင်သစ် - ဂျာမန် ဆက်ဆံ ရေးအပေါ် ယုံကြည်မှုပြန်ရှိလာတယ်လို့ဆိုကြတယ်။
ဒါပေမဲ့ ပြင်သစ်နဲ့ ဂျာမနီအစိုးရတို့ဟာ သူတို့ရဲ့အောင်မြင်မှုကို တခြားအစိုးရတွေကို
ဝေခွဲမပေးခဲ့ရင် နိုင်ငံအတော်များများတို့ဟာ ဈေးဝယ်သူရဲ့နောင်တမျိုး ရသွားနိုင်တယ်။

လွန်ခဲ့တဲ့လက ဘာလင်မြို့မှာကျင်းပခဲ့တဲ့ ဥရောပကောင်စီ နိုင်ငံခြားဆက်ဆံရေးရဲ့
နှစ်စဉ်အစည်းအဝေးမှာ ဥရောပဆိုင်ရာ ရေးရာတွေကို ဆွေးနွေးဖို့ လက်ရှိဝန်ကြီးချုပ် နဲ့
ဝန်ကြီးချုပ်ဟောင်းတွေ၊ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ ပေါ်လစီရေးဆွဲသူတွေနဲ့အတွေးအခေါ်
ပညာရှင် ၂၅ဝ တို့ တွေ့ဆုံခဲ့ကြတယ်။ ဥရောပရေးရာ ပြန်လည်စတင်လို့ စိတ်ထက်သန်မှုနဲ့
မက်ကရွန် အစီအစဉ်သစ်တို့ဟာ အဖွဲ့ဝင်နိုင်ငံတွေကို နောက်ချန်ခဲ့မှာကို စိုးရိမ်မှုတွေကြား
ဝေခွဲမရဖြစ်နေခဲ့ကြတယ်။

'မာကိုဇီ'ခေတ်ကို ပြင်သစ်နဲ့ ဂျာမနီတို့ ပြန်လည်သတိရသင့်တယ်။ အဲဒီအချိန်တုန်းက
ဂျာမနီဝန်ကြီးချုပ် မာကယ်နဲ့ ပြင်သစ် သမ္မတ ဆာကိုဇီတို့ ခိုင်မာတဲ့ မိတ်ဖက်ဖြစ်ဖို့
ကြိုးစားခဲ့ကြရာမှာ အခြား ဥရောပအစိုးရ တွေရဲ့ ရန်လိုမှုကိုဖြစ်ပေါ်စေခဲ့တယ်။ EU
ဖွံ့ဖြိုးရေး၊ သို့မဟုတ် ယူရိုဇုန်ဆိုင်ရာကိစ္စတွေ အဖြေရှာခဲ့ပြီးနောက် ကျန်ရှိတဲ့အုပ်စုကို
လက်လွန်ပြီးတဲ့ကိစ္စအနေနဲ့ တင်ပြခဲ့တဲ့ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ သီးသန့်ကဏ္ဍတို့ကို
အခြား EU အဖွဲ့ဝင်နိုင်ငံတွေက သဘောမကျ ကြဘူး။ သတိပြုမိလောက်အောင်
ထင်ရှားတဲ့ ဥပမာတစ်ခုကို ပြောရမယ်ဆိုရင် တစ်ခါက မာကယ်နဲ့ ဆာကိုဇီနှစ်ဦးတို့
ရုရှားနဲ့ ပိုရင်းနှီး လာဖို့ ထိပ်သီးညီလာခံ ကျင်းပခဲ့ရာမှာ ရုရှားနဲ့ကပ်လျက်တည်ရှိတဲ့ EU
အဖွဲ့ဝင် နိုင်ငံတို့နဲ့ တိုင်ပင်ဖို့၊ သို့မဟုတ် ပါဝင်ဖို့ အလေးမထား ဂရုမစိုက်ခဲ့ဘူး။

အခုအချိန်မှာ ပြင်သစ်နဲ့ ဂျာမနီတို့အတွက် စိန်ခေါ်မှုကတော့ တချို့ EU နိုင်ငံတွေရဲ့
တုံ့ပြန်မှုကိုမဖြစ်စေဘဲ ဥရောပလိုလားတဲ့ အစိုးရတွေရဲ့ မကြာသေးခင်က အောင်မြင်မှု
တွေကို အမြတ်ထုတ်ဖို့ပဲဖြစ်တယ်။ ဒါကလည်း သိပ်မလွယ်လှဘူး။ ဘာကြောင့်လဲဆိုရင်
ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တို့ဟာ ဥရောပအနာဂတ်ရဲ့ ပြိုင်ဆိုင်နေကြတဲ့ အမြင်နှစ်မျိုး
ကြောင့်ပဲ။

အမြင်တစ်ခုကတော့ ပြင်သစ် - ဂျာမနီ ဦးဆောင်တဲ့ ယူရိုဇုန်ကို အဓိကထားကာ ဗဟိုတူ
စက်ဝိုင်းတွေ ပူးပေါင်းမှုကို ဖြစ်စေချင် တယ်။ ဒီအတွေးက အပေါ်ယံမှာတော့ နှစ်သက်စရာ
ကောင်းတယ်။ အချက်အချာ ကျတဲ့ နိုင်ငံတွေကို ဆက်လက်ပေါင်းစည်းဖို့ ခွင့်ပြုမှာဖြစ်ပြီး
ပြဿနာဖန်တီးလေ့ရှိကြတဲ့ ပိုလန်နဲ့ ဟန်ဂေရီနိုင်ငံတို့ကို ချန်လှပ်ခဲ့ဖို့ ဖြစ်တယ်။

ဒါပေမဲ့ ဒီဗျူဟာက နက်ရှိုင်းတဲ့ ယူရိုဇုန် ပေါင်းစည်းမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေး
မှာဖြစ်ပေမဲ့ ဥရောပရဲ့ တာရှည်နေတဲ့ အရှေ့နဲ့အနောက်၊ မြောက်နဲ့တောင်၊ သို့မဟုတ်
ဗဟိုနဲ့ အနီးအနားကွဲပြားခြားနား မှုတွေကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ ရုရှား၊ ဒုက္ခသည်တွေ
ခြိုးခြံချွေတာရေး စစ်ဘက် ဆိုင်ရာ အရေးယူမှုနဲ့ Brexit တို့ဟာ ဥရောပ စည်းလုံးညီညွတ်မှုကို
ဆက်လက်စိန်ခေါ် နေမှာဖြစ်တယ်။

ဥရောပ အနာဂတ်အတွက် ဒုတိယ အမြင်ကတော့ အတူလုပ်လို၊ လုပ်နိုင်တဲ့ နိုင်ငံတွေကြား
ညွန့်ပေါင်းဖွဲ့စည်းမှုတွေကို အလေးထားအသားပေးထားတယ်။ အစိုးရတွေအတွင်း
အတော်ကလေး ဆက်စပ်မှုရှိတဲ့ န့ ထဲမှာ သေးငယ်တဲ့ ညွန့်ပေါင်းအဖွဲ့တွေဟာထိရောက်တဲ့
အုပ်ချုပ်မှုရဲ့ တန်ဆာပလာဖြစ်လာနိုင်ကာ တရားဝင် EU အစည်းအဝေးတွေမှာ လတ်တလော
ရှိနေတဲ့ ဗီတိုအာဏာကိုလျော့ပါးစေမှာဖြစ်တယ်။ လွတ်လပ်စွာ နယ်ခြားဖြတ်ကျော် ခရီးသွား
လာမှုဖြစ်တဲ့ Schengen သဘောတူညီချက်လို အစီအစဉ်တွေကို တရားဝင်ဖြစ်စေဖို့ သဘောတူ
လက်မှတ်တွေကိုတောင် လက်မှတ်ရေးထိုးလို့ရတယ်။

ညွန့်ပေါင်းပုံစံ လက်အောက်မှာ နိုင်ငံ အအုပ်အသင်းအဖွဲ့တွေ ပြောင်းလဲနိုင်ပြီး လက်ရှိဖြေရှင်းရ
မယ့် ကိစ္စအပေါ် မူတည်ကာ ပိုပြီး ပြောင်းလွယ်ပြင်လွယ်ရှိစေနိုင်တယ်။ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ
ဒီအသင်းအဖွဲ့တွေ အများစုရဲ့ အချက်အချာမှာ ရှိနေပေမဲ့ တခြား နိုင်ငံတွေအနေနဲ့ ဦးဆောင်ကာ
ရေပန်းစားမှုကို မျှဝေခံစားနိုင်ပြီး EU ပြန်လည်စတင်မှုအပေါ် သဘောထားကွဲလွဲမှုကို
လျော့ပါးစေမှာဖြစ်တယ်။ ဥပမာ - စောစော ပိုင်ခေတ်တုန်းက ပိုလန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ
ယူကရိန်းလို နိုင်ငံအပါအဝင် EU ရဲ့ 'အရှေ့ပိုင်းမိတ်ဖက်' ဗျူဟာကို ဦးဆောင်ခဲ့တယ်။

'မာကိုဇီ' မိတ်ဖက်ထက် မက်ကရွန် မိတ်ဖက်ဟာ ဥရောပအတွင်း ချစ်ကြည်မှုကို တည်ဆောက်ဖို့
ပိုအခွင့်အလမ်းသာမှာဖြစ်တယ်။ ပွဲဦးထွက်အဖြစ် ပြင်သစ်နဲ့ ဂျာမနီကြား အင်အားချိန်ခွင်ဟာ
ပြင်သစ်ဘက် အနည်းငယ်ရွေ့သွားနိုင်တယ်။ ဘာကြောင့်လဲဆိုရင် ပြင်သစ်နိုင်ငံ စီးပွားရေးဟာ
အားကောင်းလာနေပြီး သမ္မတ မက်ကရွန်က ပြောင်းလဲမှုတွေအတွက် ကတိပေးပြီးနောက်မှာ
ပြန်လည်ကြီးထွားလာမယ့် အနေအထားမှာရှိတယ်။

ဒါ့ပြင် အစဉ်အလာကွဲပြားမှုတွေကို ကျော်လွှားနိုင်တဲ့ သမ္မတ မက်ကရွန်ရဲ့အထာ ကြောင့်
အရင်ကရင်းနှီးခဲ့ခြင်းမရှိတဲ့ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပိုကောင်းမွန်တဲ့ဆက်ဆံရေးတွေ ကို သမ္မတ
မက်ကရွန်တည်ဆောက်လာနိုင် တယ်။ နောက်ဆုံးမှပြောရမယ့် အလေးထား ရမှာက
အောက်ခြေလူတန်းစားတွေရဲ့ တက်ကြွမှုကြောင့် ဘာရက်အိုဘားမားကို ၂ဝဝ၈ ခုနှစ်က
အမေရိကန်မှာ သမ္မတဖြစ်စေ ခဲ့သလို မက်ကရွန်မှာလည်း နိုင်ငံရေး အမြတ်ထုတ်ဖို့
အင်အားရှိတယ်။

တစ်ကြိမ်တည်းမှာ မာကိုဇီခေတ်အတွင်းမှာထက် ဂျာမနီဟာ အင်အားနည်းတဲ့အနေ အထားမှာ
ရှိနေတာကြောင့် ပြင်သစ် - ဂျာမန် ဆက်ဆံရေးအတွက် သတင်းကောင်း ဖြစ်တယ်။
ဒုက္ခသည်ပြဿနာကြောင့် ဂျာမနီ ဟာ ဥရောပ ကုန်ပစ္စည်းတွေအတွက် ပေးသွင်းသူထက်
တောင်းဆိုသူ အနေအထားမှာ ရှိနေတယ်။ နိုင်ငံတကာ အခင်းအကျင်းမှာ ၁၂ နှစ်ကြာလာပြီဖြစ်တဲ့
မာကယ်ဟာ မရှိမဖြစ်လို့ထင်ရပေမဲ့ ဂျာမနီက လူအတော်များများဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို
အဆုံးသတ်ဖို့ ပြင်ဆင်နေကြပြီဖြစ်တယ်။

အရေးအကြီးဆုံးကတော့ ခိုင်မာအင်အားရှိတဲ့ ဥရောပကို အောင်မြင်စွာတည်ဆောက်မယ်ဆိုရင်
မက်ကရွန် မိတ်ဖက် အလုပ်ဖြစ်ဖို့ မာကယ်နဲ့ မက်ကရွန်တို့အတွက် လိုအပ်တယ်။

အနာဂတ်မှာဖြစ်လာမယ့် ဥရောပဟာ သူ့ရဲ့နိုင်ငံသားတွေကို ကမ္ဘာတစ်ဝန်း ခြိမ်းခြောက်မှုတွေမှာ
ကာကွယ်နိုင်ဖို့လိုတယ်။ ဒီခြိမ်းခြောက်မှုတွေကို ပေါ်လွင်စေဖို့ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ သဘောထား
တို့ကိုသာ စဉ်းစားချင့်ချိန်ဖို့မဟုတ်ဘဲ EU အဖွဲ့ဝင်နိုင်ငံ အားလုံးတို့ရဲ့ သဘောထားတွေကိုပါ
ထည့်သွင်းစဉ်းစားဖို့လိုတယ်။

မာကိုဇီရဲ့ ရှေ့သွားနောက်လိုက်ညီဖို့ အကန့်အသတ်တွေရှိတာကို ကံအားလျော်စွာ မာကယ်နဲ့
မက်ကရွန်နှစ်ယောက်စလုံး သိကြ တယ်။ ဒါ့ပြင် မာကယ်နဲ့ မက်ကရွန်တို့အရင် ပြင်သစ်သမ္မတ
အော်လန်းနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့လည်း လိုအပ်တယ်။ အဖြစ်ချင် ဆုံးကတော့ နှစ်ဦးနှစ်ဖက်
ဆက်ဆံရေးနဲ့ ဖြစ်နိုင်ခြေရှိတာတွေကို သူတို့အနေနဲ့ အရှိကို အရှိအတိုင်း လက်ခံဖို့လိုလိမ့်မယ်။
ဘာကြောင့်လဲဆိုရင် ဥရောပရဲ့ အားအကောင်းဆုံး၊ အဖိုးတန် အရည်အချင်းဟာ အနာဂတ်အတွက်
အသေးစိတ်မြင်ကွင်း ဘယ်တုန်းကမှ မဟုတ်ခဲ့ဘဲ အရင်မအောင်မြင်မှုတွေအပေါ် ပိုကောင်းလာဖို့
စုပေါင်းကာ စိတ်ပါလက်ပါ လိုလိုလားလားလုပ်ချင်တာမျိုးပဲ ဖြစ်တယ်။

မက်ကရွန်နဲ့ မာကယ်တို့နှစ်ဦး ဒီသမိုင်း အခြေခံတဲ့ ရှုထောင့်ကို မှတ်သားထားကြမယ် ဆိုရင်
သူတို့ရဲ့ဆက်ဆံမှုကို ပွင့်လင်းတဲ့ နိုင်ငံရေးပေါင်းစပ်မှုပြုလိုက်ရင် ဥရောပတစ်ဝန်း အကျိုးရှိလာမှာဖြစ်
တယ်။ သီးသန့် မိတ်ဖက် ဆိုရင်တော့ ချစ်ကြည်မှုထက် မကျေမချမ်းမှု ကို ပေါ်ပေါက်စေမှာဖြစ်ပြီး
ကြာရှည်ရှင်သန် ဖို့ လွယ်ချင်မှလွယ်လိမ့်မယ်။


(ဤဆောင်းပါးသည် Mark Leonard ၏အာဘော်သာဖြစ်သည်။ သူသည်
ဥရောပ ကောင်စီ၏ နိုင်ငံခြားဆက်ဆံရေး ညွှန်ကြား ရေးမှူးဖြစ်သည်။)

- Project Syndicate

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း