အရှေ့အလယ်ပိုင်းရဲ့ နောက်ထပ် စစ်ပွဲ

 

အီရတ်နိုင်ငံ မိုဆူးမြို့ဟောင်း အပျက်အစီးများကို ဇူလိုင် ၉ ရက်က တွေ့ရစဉ်။ နိုင်ငံ၏ ဒုတိယမြောက်မြို့ကြီးကို ပြန်လည်ထူထောင်ရေးဆောင်ရွက်ချိန် ရောက်ခဲ့ပြီ။ ဓာတ်ပုံ - အေအက်ဖ်ပီအီရတ်နိုင်ငံ မိုဆူးမြို့ဟောင်း အပျက်အစီးများကို ဇူလိုင် ၉ ရက်က တွေ့ရစဉ်။ နိုင်ငံ၏ ဒုတိယမြောက်မြို့ကြီးကို ပြန်လည်ထူထောင်ရေးဆောင်ရွက်ချိန် ရောက်ခဲ့ပြီ။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘာလင် - အီရတ်မြောက်ပိုင်းရှိ မိုဆူးလ်မြို့ကို ပြန်လည် သိမ်းပိုက်ခဲ့ပြီးနောက် မကြာမီတွင်
အိုင်အက်စ်အကြမ်းဖက်အဖွဲ့အစည်းသည် အတိတ်က အရာတစ်ခုသာ ဖြစ်လာတော့မည်ဖြစ်သည်။
သို့သော် အိုင်အက်စ်အဖွဲ့အစည်းရှုံးနိမ့်မှုနှင့် ၄င်းတို့ချုပ်ကိုင်ထားသော အီရတ်ဆီးရီးယားနယ်မြေတို့၏
နိဂုံးက အရှေ့အလယ်ပိုင်းဒေသကို ငြိမ်းချမ်းရေး ဖော်ဆောင်ပေးခြင်း ဆီးရီးယား၏ အဖြစ်ဆိုးကို
အဆုံးသတ်လိမ့်မည်မဟုတ်ပေ။

ဒေသ၏ သွေးထွက်သံယိုမှုများနှင့် ရှုပ်ထွေးသော သမိုင်းစဉ်တွင် အခန်းသစ် စတင်ရာတွင်
ကြုံတွေ့ရမည့် အန္တရာယ်ထက် ပထမကမ္ဘာစစ်ပြီးဆုံးပြီး အော်တိုမန်အင်ပါယာကျဆုံးပြီးနောက်
ကြုံခဲ့ရသော အခန်းများထက် ပိုပြီးအန္တရာယ်နည်းသည်။

ကျန်ရှိနေသောဒေသက ပြည်တွင်း ပဋိပက္ခများကို ၄င်းဘာသာ၎င်းဖြေရှင်းရန် ဆုံးဖြတ်နိုင်ခြင်းနှင့်
ငြိမ်းချမ်းရေးအတွက် ခိုင်မာသော မူဘောင် ဖန်တီးနိုင်ခြင်းမရှိသောကြောင့် အကြမ်းဖက်မှုများ
ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိသည်။ ထိုအစား ဆယ်ကိုးရာစုနှင့် နှစ်ဆယ်ရာစုကြား တစ်နေရာရာတွင်
ထိုဒေသက ပိတ်မိနေဆဲဖြစ်သည်။

အရှေ့အလယ်ပိုင်း၏ဒုက္ခများအတွက် အနောက်တိုင်းအင်အားကြီးနိုင်ငံများက အပြစ်တင်ခွင့်
မရှိသော နိုင်ငံကြီးများဖြစ်သည်။ ဗြိတိသျှနှင့် ပြင်သစ်တို့က အော်တိုမန်အကြိုနယ်မြေများကို
ပိုင်းခြားခဲ့သော ဆိုက်ခ် ပစ်ကော့ သဘောတူညီချက်တွင် ဖော်ပြထားချက်အရ အာရပ်ကမ္ဘာတွင်
အကြမ်းဖက်မှုများကို ဆက်လက် လှုံ့ဆော်လျက်ရှိသည်။ အဆိုပါ သဘောတူညီချက်က
၁၉၁၆ ခုနှစ်တွင် လျှို့ဝှက်စွာ ရေးဆွဲခဲ့သော်လည်း မနေ့တစ်နေ့ကမှ စိတ်ကူးပုံဖော်
ထားပုံပေါက်နေသည်။

အဆိုပါဒေသတွင် ဇာဘုရင်ခေတ်က ရုရှားနိုင်ငံ၏ အခန်းကဏ္ဍကိုလည်းမေ့ထား၍ မရပါ။
ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်ပြည်ထောင်စုနှင့် ၄င်း၏ စစ်အေးတိုက်ပွဲ ပြိုင်ဘက်
အမေရိကန်နိုင်ငံတို့က အဆိုပါဒေသတွင် ကြားဝင်စွက်ဖက်မှုများ စတင်ခဲ့သည်။

အမှန်မှာ အမေရိကန်နိုင်ငံက ယနေ့အရှေ့အလယ်ပိုင်းဒေသတွင် ဒေသဆိုင်ရာ
ဝရုန်းသုန်းကားအခြေအနေဖြစ်ပွားမှုအတွက် အထင်ရှားဆုံး ပါဝင်သည့်နိုင်ငံတစ်နိုင်ငံဖြစ်
လိမ့်မည်။ ယခင်ကတည်းက အရှေ့အလယ်ပိုင်းရှိ ရေနံထွက်ရှိမှုကို အမေရိကန်နိုင်ငံက ၄င်းတို့၏
လိုအပ်ချက်အတွက် စိတ်ဝင်စားသည်။ သို့သော် စစ်အေးတိုက်ပွဲအစတွင် ဆိုဗီယက်နှင့်ရင်းနှီးသော
အနောက်နိုင်ငံအစိုးရများ ပေါ်ထွက်လာမှုကို ကာကွယ်ရန်အတွက်စီးပွားရေး အကျိုးစီးပွားကနေ
မဟာဗျူဟာမြောက်အကျိုးစီးပွားကို အလျင်အမြန်ပြောင်းလဲခဲ့သည်။ ထိုဒေသတွင် သြဇာ
လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားရန် အမေရိကန်နိုင်ငံ၏ ကြိုးစားအားထုတ်မှုက ၄င်း
အနီးကပ်ဆုံး လုံခြုံရေးမဟာမိတ်နိုင်ငံဖြစ်သော အစ္စရေးနိုင်ငံက မြှင့်တင်ပေးခဲ့ပြီး နောက်ဆုံး
တွင် ဆက်ဒမ်ဟူစိန်၏ အီရတ်နိုင်ငံကို ဆန့်ကျင်ပြီး ကြီးမားသော ပင်လယ်ကွေ့စစ်ပွဲနှစ်ခု
ဖြစ်ပွားခဲ့သည်။

ထိုနည်းတူ အာဖဂန်နစ္စတန်တွင် အမေရိကန်၏ ပါဝင်ပတ်သက်မှုက အရှေ့အလယ်ပိုင်းဒေသ
အတွက် အကြီးအကျယ် ဂယက်ရိုက်ခဲ့ပါသည်။ ၁၉၈ဝ ပြည့်နှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၏
သိမ်းပိုက်ထားမှုကို ဂျီဟတ်အဖွဲ့အစည်းကြီးအောက်တွင် ဆန့်ကျင်သော အမေရိကန်
ကျောထောက်နောက်ခံပေးထားသော သောင်းကျန်းမှု စတင်ခဲ့ပြီး အမေရိကန် မဟာမိတ်များ
ဖြစ်သော ပါကစ္စတန်နှင့် ဆော်ဒီအာရေဗျတို့ကို မဟာဗျူမြောက်ခြိမ်းခြောက်သောနိုင်ငံများအဖြစ်
ပြောင်းလဲခဲ့သည်။ ၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် အယ်လ်ကေဒါက စေလွှတ်လိုက်
သည့် တိုက်ခိုက်ရေးသမား ၁၉ ယောက်တွင် ၁၅ ယောက်ကဆော်ဒီနိုင်ငံသားများ
ဖြစ်နေကြောင်း ပေါ်ထွက်လာသည့်အချိန်တွင် ထိုကိစ္စက ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့သည်။
တာလီဘန်အဖွဲ့ကို တည်ထောင်ခဲ့သည့်ပါကစ္စတန်က အမေရိကန်နှင့် အနောက်နိုင်ငံတွေကို
ဆန့်ကျင်သည့် ပူးပေါင်းကြံစည်ရန်အတွက် အယ်လ်ကေဒါအဖွဲ့ကို ခိုလှုံခွင့်ပေးခဲ့သည်။

အိုင်အက်စ်အဖွဲ့၏ အကြံအစည် ကျဆုံးပြီးနောက် ဒေသဆိုင်ရာ လွှမ်းမိုးမှုအတွက်
ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့ ထိပ်တိုက်ရင်ဆိုင်ဖွယ်ရှိကာ အရှေ့အလယ်ပိုင်းဒေသ
သမိုင်း၏ အခန်းသစ် ဖွင့်လှစ်လိမ့်မည်ဖြစ်သည်။ ယခုအချိန်အထိ အချိန်ကြာမြင့်စွာ ဖြစ်ပွား
နေသော ပဋိပက္ခက နိုင်ငံကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲများကြားတွင် ဆက်လက်ဖြစ်ပွား
ခဲ့သည်။ ထိုဒေသတွင် ဝင်ရောက်စွက်ဖက်နေသော တစ်ကမ္ဘာလုံးတွင် အင်အားအကြီးဆုံး
နိုင်ငံနှစ်နိုင်ငံက ပဋိပက္ခတွင် နေရာယူထားပြီးဖြစ်ပြီး အမေရိကန်က ဆော်ဒီအာရဗျဘက်တွင်
ရပ်တည်ပြီး ရုရှားက အီရန်ဘက်တွင် ရပ်တည်လျက်ရှိသည်။

လက်ရှိ အကြမ်းဖက်စစ်ပွဲက ပဋိပက္ခလွှမ်းမိုးမှုနှင့် အစားထိုးနိုင်ခြေ မြင့်တက်လျက်ရှိပြီး
ဆော်ဒီအာရေဗျနှင့် ဆွန်နီမဟာမိတ်လေးနိုင်ငံက ကာတာအပေါ် အဆက်အသွယ်ဖြတ်ရန်
တွန်းအားပေးလျက်ရှိသည်။ ကာတာနိုင်ငံနှင့် အီရန်အကြား ရင်းနှီးသောဆက်ဆံရေးရှိနေသော်
လည်း အဆိုပါပဋိပက္ခ ပါရှားပင်လယ်ကွေ့ဒေသများသို့ ရောက်ရှိသွားနိုင်သည့် အလားအလာ
ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရှေ့အလယ်ပိုင်းဒေသမှ တပ်ဆုတ်ရန် ၄င်း၏ မဲဆွယ်
စည်းရုံးရေးတွင် ကတိပြုခဲ့သည်။ ရွေးကောက်ပွဲပြီးနောက် အမေရိကန်က ဆီးရီးယားသို့
ပဲ့ထိန်းဒုံးကျည်များ ပစ်ခတ်ခဲ့ပြီး ဆော်ဒီအာရေဗျနှင့် ၄င်း၏မဟာမိတ်များကို ဦးတည်ပြီး
ပိုမိုကျယ်ပြန့်သည့် ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်ခဲ့သောကြောင့် အီရန်နိုင်ငံနှင့်
အမေရိကန်နိုင်ငံ၏ ထိပ်တိုက်ရင်ဆိုင်မှု မြင့်တက်လာခဲ့သည်။

အမေရိကန်သမ္မတထရမ့် သူကိုယ်တိုင် နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်သည်အထိ စောင့်ဆိုင်းမည်
မဟုတ်သောအရှေ့အလယ်ပိုင်းဒေသသို့ ဝင်လာပါက သူ့အတွက်နက်နက်နည်းနည်း သင်ခန်း
စာယူရမည့်အခြေအနေနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ အကောင်းမြင်စရာ အကြောင်းရှိမည်
မဟုတ်ပေ။

ဆောင်းပါးရှင် ဟို့ရှ်ကာ ဖစ်ရှာသည် ၁၉၉၈ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အထိ ဂျာမန် နိုင်ငံခြားရေး
ဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်တစ်ဦးဖြစ်သည်။ ၁၉၆ဝ နှင့် ၁၉၇ဝ ပြည့်လွန်နှစ်များတွင်
ပြုလုပ်ခဲ့သော ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီးနောက် ဖစ်ရှာက ရွေးကောက်ပွဲဆိုင်ရာနိုင်ငံရေး
လောကထဲ ဝင်ရောက်ခဲ့ပြီး သူ ဆယ်စုနှစ်နှစ်ခုနီးပါးဦးဆောင်ခဲ့သည့် ဂျာမနီနိုင်ငံ၏
ဂရင်းပါတီ တည်ထောင်ရာတွင် အဓိကနေရာက ပါဝင်ခဲ့သည်။


 

(ယခုဆောင်းပါးသည် ပရော့ဂျက်ဆင်ဒီကိတ်ဆောင်းပါးရှင် ဟို့ရှ်ကာ ဖစ်ရှာ၏
အာဘော်သာဖြစ်သည်။)

- ပရော့ဂျက်ဆင်ဒီကိတ်

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း