ဗင်နီဇွဲလား ကားလမ်းပေါ် ဆန္ဒပြမှုနှင့် တစ်ကိုယ်တော် တယောသမား

 ဗင်နီဇွဲလား တယောသမား ဝူးလီအာတီးဂါးကို ဆန္ဒပြသူများနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဗင်နီဇွဲလား တယောသမား ဝူးလီအာတီးဂါးကို ဆန္ဒပြသူများနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ကရာကတ် - ဗင်နီဇွဲလားနိုင်ငံ ကရာကတ်မြို့တော်၏ လမ်းများတွင် မျက်ရည်ယိုဗုံး ဓာတ်ငွေ့က
လေကို မွန်းကျပ်စေပြီး မီးသတ်ပိုက်များမှရေများ အားသွန်ပန်းထွက်နေသည့်ကြားတွင်
ပိန်ခြောက်ခြောက် လူရွယ်တစ်ဦးသည် အနီ၊ အပြာနှင့် အဝါရောင် ဗင်နီဇွဲလားနိုင်ငံ အလံကို
ဝတ်ဆင်လျက် တယောထိုးနေသည်ကို တွေ့ရသည်။

အသက် ၂၃ နှစ်ရှိ ဝူးလီအာတီးဂါးသည် သူ့နည်းသူ့ဟန်ဖြင့်ဆန္ဒပြနေခြင်းဖြစ်သည်။ သမ္မတ
နီကိုလာ့စ် မာဒူရိုကို အတိုက်အခံတို့က ဖြုတ်ချရန်ကြိုးပမ်းလျက်ရှိရာ နေ့စဉ်နီးပါး လမ်းပေါ်
လူထုအစည်းအဝေးကြီးများ ကျင်းပနေရာ ထိုသူများကို အာတီးဂါးက တူရိယာဂီတဖြင့်
ဖြည့်ဆည်းပေးနေခြင်းဖြစ်သည်။

ဇူလိုင် ၂၂ ရက်က ဆန္ဒပြပွဲတစ်ခုတွင် မျက်နှာ၌ ဒဏ်ရာပြင်းထန်စွာရခဲ့သော အာတီးဂါးသည်
လူထုစည်းဝေးပွဲများတွင် စွဲစွဲမြဲမြဲတက်ရောက်သူတစ်ဦး ဖြစ်လာသည်။ ဆိုးရွားသော စီးပွားရေး
ကပ်ဆိုက်မှုအတွက် နိုင်ငံ့ခေါင်းဆောင်ကို အပြစ်တင် ဒေါသထွက်နေသည့် လူထု၏
အင်အားကြီးမားသော သင်္ကေတတစ်ခုဖြစ်သည်။

၎င်း၏ ပတ်ဝန်းကျင်တွင် ဆူဆူညံညံနှင့် ဗြောင်းဆန်နေသော်လည်း အာတီးဂါးသည် မတ်တတ်
ရပ်ကာ နိုင်ငံတော်သီချင်းနှင့် ဗင်နီဇွဲလား ရိုးရာသီချင်းကို တီးခတ်လျက်ရှိသည်။

နာမည်ကျော်အဆိုတော် ရှာကီရာကဲ့သို့သော ပြည်ပတွင် စန်းပွင့်သည့် အနုပညာသည်များက ၎
င်းကို သတိထားမိပြီး အာတီးဂါးကို ထောက်ခံကြသည်။

ဇူလိုင် ၂၂ ရက်က အာတီးဂါး၏ ဝဲဘက်မျက်နှာပေါ်ရှိ ကွဲအက်ဒဏ်ရာမှ သွေးများ ယိုစီးကျနေသည်
ကို တွေ့ရသည်။ ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း ၄င်းကဆိုသည်။

ဇူလိုင် ၂၂ ရက်က ဆေးရုံတွင်တွေ့ရသည့် ဝူးလီအာတီးဂါး။ ဇူလိုင် ၂၂ ရက်က ဆေးရုံတွင်တွေ့ရသည့် ဝူးလီအာတီးဂါး။ 

ဖူးရောင်နေသော နှုတ်ခမ်းနှင့် မျက်နှာတွင် ပတ်တီးစည်းလျက် အာတီးဂါးသည် ဆေးရုံ
ခုတင်ပေါ်က တွစ်တာပေါ်တင်ထားသည့် ဗီဒီယိုတွင် ''ကျွန်တော့်ကို ကြောက်လန့်သွားအောင်
သူတို့မလုပ်နိုင်ပါဘူး။ ကျွန်တော် ဆက်ပြီးတိုက်ပွဲဝင်သွားမယ်''ဟု ပြောကြားခဲ့သည်။

မေ ၃ ရက် ကရာကတ် ဆန္ဒပြပွဲတစ်ခု၌ သေနတ်ဒဏ်ရာရပြီး သေဆုံးသွားသော ၁၈ နှစ်အရွယ်
ဂီတသမား အာမင်ဒို ကနီဇာလက်ခ်၏ အသုဘတွင် တယောထိုး ခဲ့ပြီးနောက် အာတီးဂါး
ကျော်ကြားလာသည်။

ထိုအချိန်မှစ၍ အာတီးဂါးကို ဆန္ဒပြပွဲများတွင် တယောထိုးနေသည်ကို တွေ့ရသည်။
မေ ၂၄ ရက် ဆန္ဒပြချီတက်ပွဲတစ်ခုတွင် ၄င်း၏တယောကို စစ်သားတစ်ဦးကရိုက်ချိုးခဲ့သည်။
ထိုဖြစ်ရပ်ကို ဗီဒီယိုမှတွေ့ရှိ၍ လူမှုရေးမီဒီယာနှင့် လူအများက တယော နောက်တစ်လက်ကို
ဝယ်နိုင်ရန် ငွေထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထင်ရှားသည့် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်လီယို ပိုဒို လိုပက်စ်က အကျယ်ချုပ်ဖြင့်
ထိန်းသိမ်းခံထားရစဉ်အတွင်း ဗီဒီယိုမှနေ၍ အစိုးရ၏ ဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲရေးအစီအစဉ်
စစ်တပ်က ထောက်ခံနေခြင်းကို ရုပ်သိမ်းရန် ဇူလိုင် ၂၆ ရက်က တောင်းဆိုခဲ့သည်။

ဗင်နီဇွဲလားစစ်တပ်သည် လချီကြာပြီဖြစ်သည့် လူ အသေအပျောက်ရှိခဲ့သော လမ်းပေါ်ဆန္ဒပြပွဲများနှင့်
စီးပွားရေးပြိုကွဲမှုကြားမှပင် မာဒူရိုအစိုးရကို ထောက်ခံနေသည့်အဓိက ဒေါက်တိုင်တစ်ခုဖြစ်ခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း