အိန္ဒိယသမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

အိန္ဒိယ သမ္မတသစ် ရမ်နတ်ကိုဗင်ကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေအိန္ဒိယ သမ္မတသစ် ရမ်နတ်ကိုဗင်ကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

နယူးဒေလီ - ရမ်နတ်ကိုဗင်သည် ဇူလိုင် ၂၅ ရက်တွင် အိန္ဒိယသမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ရာ
အဖိအနှိပ်ခံ ဒါလစ် ဇာတ်နိမ့်အုပ်စုထဲမှ နိုင်ငံအကြီးအကဲအဖြစ် ဒုတိယအကြိမ်မြောက် ရွေးချယ်ခံရသူ
ဖြစ်လာခဲ့သည်။

ရှေ့နေဟောင်းတစ်ဦးနှင့် ပြည်နယ်ဘုရင်ခံဖြစ်သူ ကိုဗင်သည် ယခင်သီတင်းပတ် က ကျင်းပသော
ရွေးကောက်ပွဲတွင် အိန္ဒိယပါလီမန်နှင့် ပြည်နယ်လွှတ်တော်အဖွဲ့ဝင်အမတ်များ၏ ဆန္ဒမဲ ၆၅
ရာခိုင်နှုန်းကျော်ရရှိကာ သမ္မတသစ်ဖြစ်လာခဲ့သည်။

ကိုဗင်နှင့် သူ၏ဇနီးတို့သည် ဇူလိုင် ၂၅ ရက် စောစောပိုင်းက နယူးဒေလီမြို့ရှိအိန္ဒိယလွတ်လပ်ရေး
သူရဲကောင်းကြီး မဟတ္တမဂန္ဒီ၏ ဂူဗိမာန်သို့ သွားရောက် ဂါရဝပြုခဲ့ကြသည်။ ''ကျွန်တော်က
ရွာငယ်လေးတစ်ခုက မြေကြီးနဲ့ဆောက်ထားတဲ့ အိမ်မှာပဲ ကြီးပြင်းခဲ့ရတာပါ။ ဒီအဆင့် ရောက်ဖို့
ကျွန်တော် ခရီးအရှည်ကြီး လျှောက်ခဲ့ရပါတယ်။ တစ်ကိုယ်တည်း ခဲခဲ ယဉ်းယဉ်း ကြိုးစားခဲ့ရပါတယ်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းနဲ့ ကျွန်တော်တို့နိုင်ငံကလည်း ဒီလိုပဲ လျှောက်လှမ်းခဲ့ရတာပါ''ဟု
ပြောကြား ခဲ့သည်။ အသက် ၇၁ နှစ်အရွယ်ရှိ အာဏာရ လက်ျာယိမ်း ဘာရာတီယာ ဂျာနာတာ
ပါတီ၏ အဆိုပြုချက်ဖြင့် သမ္မတဖြစ်လာသူ ကိုဗင်သည် ၂ဝ၁၉ ခုနှစ်တွင် ဝန်ကြီးချုပ်
နာရင်ဒရာမိုဒီပြန်လည်ရွေးကောက်ခံရရေးအတွက်အကူအညီပေးမည်ဖြစ်သည်။

ကိုဗင်က သူသည် ဖိနှိပ်ခံ ဇာတ်နိမ့်မျိုးနွယ် ဒါလစ်တို့၏ အခြေအနေကို တိုးတက်အောင်ကြိုးပမ်းမည်ဟု
ဆိုသည်။ ယခုအခါ လူဦးရေသန်း ၂ဝဝ ကျော်ရှိသော ဒါလစ်မျိုးနွယ်စုသည် အိန္ဒိယနိုင်ငံ၏ အဆင်းရဲဆုံး
အုပ်စုဖြစ်သည်။ကိုဗင်သည် ၁၉၉၇ ခုနှစ်မှစ၍ ငါးနှစ် တာဝန်ယူခဲ့သော သမ္မတ ကေအာရ်
နာရာယန်ပြီးနောက် ဒုတိယမြောက်သမ္မတ ဖြစ်လာသည့် ဒါလစ်မျိုးနွယ်စုဝင်ဖြစ်သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း