ဂျာမနီနိုင်ငံရှိ ဂရေးနိုက်ကလပ်၌ ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ဂရေးနိုက်ကလပ်အနဲီးပစ်ခတ်မှုဖြစ်ပွားပြီးရဲများစုံစမ်းစစ်ဆေးနေစဉ်။ ဓါတ်ပုံ - မက်ထရိုဂရေးနိုက်ကလပ်အနဲီးပစ်ခတ်မှုဖြစ်ပွားပြီးရဲများစုံစမ်းစစ်ဆေးနေစဉ်။ ဓါတ်ပုံ - မက်ထရို

ဂျာမနီနိုင်ငံတောင်ပိုင်းရှိ Konstanz မြို့ကလေး၏တောင်ဘက် ဂရေးနိုက်ကလပ် တစ်ခုတွင် ပစ်ခတ်မှု
တစ်ခုဖြစ်ပွားခဲ့ပြီး ထိုပစ်ခတ်မှုနှင့် ပတ်သက်၍ ၃၄နှစ်အရွယ် သံသယရှိသူလူငယ်တစ်ဦးသေဆုံးပြီး
ရဲတပ်သားတစ်ဦး အပါအ၀င် သုံးဦးဒဏ်ရာရရှိခဲ့သည်။

တေးဂီတဖျော်ဖြေပွဲ ကျင်းပရာနေရာအပြင်ဘက်တွင် ရဲများနှင့်သေဆုံးသူသေနတ်သမားတို့ အပြန်အလှန်
ပစ်ခတ်ပြီးနောက် သေနတ်ပစ်ခတ်သူမှာဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ တွင်သေဆုံးသွားခဲ့သည်။

၎င်းသေနတ်သမားအမည် နှင့်ပစ်ခတ် မှုအကြောင်း အရင်းကိုရှင်းလင်းစွာ မသိရှိရသေးဟု သိရသည်။

အထူးရဲတပ်ဖွဲ့ဝင် များကိုလည်းမြို့၏ နေရာအနှံ့အပြား သို့တပ်ဖြန့်ချ ထားသည်ဟု ဂျာမန်
ရဲတပ်ဖွဲ့မှပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း