မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်ကပေးတဲ့ သင်ခန်းစာများ

မြောက်ကိုရီးယားနိုင်ငံ၏ တိုက်ချင်းပစ်ဒုံးကျည် ဟွာဆောင်း ၁၄ ကို ဇူလိုင် ၁၈ ရက်က လွှတ်တင်စဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီမြောက်ကိုရီးယားနိုင်ငံ၏ တိုက်ချင်းပစ်ဒုံးကျည် ဟွာဆောင်း ၁၄ ကို ဇူလိုင် ၁၈ ရက်က လွှတ်တင်စဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူး အရေအတွက် အတိုင်းအတာတစ်ခုအထိ ထုတ်လုပ်ခဲ့ပြီး
ဖြစ်ကာ ကမ္ဘာအနှံ့ပစ်လို့ရနိုင် တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေရလိုဖို့ ကြိုးပမ်းနေတယ်။
မြောက်ကိုရီးယားရဲ့ လုပ်နိုင်စွမ်းကို ဘယ်လိုတားဆီးမလဲ၊ သို့မဟုတ် တိုးတက်မှုနှေးကွေးအောင်
ဘယ်လိုလုပ်ကြမလဲနဲ့ ဒီကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ရင် ဘာတွေလုပ်မလဲဆိုတာတွေကို
အစိုးရအတော်များများတို့က ဝေဖန်ဆွေးနွေးနေကြတယ်။

ဒီမေးခွန်းတွေဟာ အရေးကြီးတဲ့ မေးခွန်း တွေဆိုတာ သိသာပါတယ်။ ဒီမေးခွန်းတွေ ပဲလား
ဆိုတော့လည်း မဟုတ်ပါဘူး။ ဆယ်စု နှစ်ပေါင်းများစွာ နိုင်ငံတကာရဲ့ ကြိုးပမ်းမှု တွေကြားထဲက
မြောက်ကိုရီးယားဟာ ဒီလောက်အတိုင်းအတာအထိ နျူကလီးယား နဲ့ ဒုံးကျည်အစီအစဉ်တွေ
အောင်မြင်အောင် လုပ်လာခဲ့သလဲဆိုတာကို နားလည်ဖို့ကလည်း အရေးကြီးပါတယ်။
မြောက်ကိုရီးယားရဲ့ လမ်းကြောင်းကို ပြတ်သားစွာ သက်ရောက်မှုရှိဖို့ နောက်ကျသွားပြီလို့
ဆိုနိုင်ပေမဲ့ ဒီအတွေ့အကြုံကနေ သင်ခန်း စာယူဖို့ကတော့ သိပ်နောက်မကျသေးဘူး။
အောက်မှာဖော်ပြတဲ့ သင်ခန်းစာ ၁ဝ ချက်ကို ကျွန်တော်တို့ ဘေးအန္တရာယ်ရှိတဲ့ ကြားထဲက
လျစ်လျူရှုကြတယ်။

ပထမအနေနဲ့ အခြေခံသိပ္ပံနည်းပညာနဲ့ ခေတ်မီတဲ့ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အစိုးရ တစ်ခုဟာ
မည်ကာမတ္တ နျူကလီးယား လက်နက်အရည်အတွက်တစ်ခုကို ထုတ်လုပ် ဖို့ ဆုံးဖြတ်ထားရင်း
အနှေးနဲ့အမြန်ဆိုသလို အောင်မြင်ဖို့များတယ်။ ဆက်စပ်သက်ဆိုင်တဲ့ အချက်အလက်တွေကို
ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပါတယ်။

ဒုတိယအချက်အနေနဲ့ အပြင်ပန်းက ပေးတဲ့ အကူအညီကို ဟန့်တားအားပေး တာနဲ့ ကန့်သတ်
ဖို့လုပ်လို့ရပေမဲ့ ရပ်ဆိုင်း ပိတ်ပစ်လို့တော့ မရနိုင်ဘူး။ အမြတ်ရဖို့ရှိရင် မှောင်ခိုဈေးကွက်ဟာ
အချိန်မရွေးရှိနေ တယ်။ သူတို့ရဲ့ တာဝန်၊ အသိစိတ်က မလုပ်ရဘူးဆိုတဲ့ကြားက တချို့
အစိုးရတွေဟာ ဒီဈေးကွက်ကို လွယ်ကူချောမောစေတယ်။

တတိယအချက်ကတော့ စီးပွားရေးအရ အရေးယူမှုတွေက ပြီးပြတ်အောင်လုပ်နိုင်တဲ့
မျှော်လင့်ချက်တွေမှာ အကန့်အသတ်တွေ ရှိတယ်။ အရေးယူမှုတွေက နျူကလီးယား
လက်နက်တွေထုတ်လုပ်တဲ့ ကုန်ကျစရိတ် ကြီးမားလာစေနိုင်ပေမဲ့ သမိုင်းကိုပြန်ကြည့်တဲ့
အခါ အစိုးရတွေအနေနဲ့ရရှိဖို့ မြင့်မားတဲ့ တန်ဖိုးထားရင် သူတို့အနေနဲ့ အရာရောက်တဲ့
ဈေးနှုန်းကိုပေးဖို့ ဝန်မလေးကြဘူး။ အရေးယူ မှုတွေဟာ နောက်ဆုံးမှာ တချို့၊ သို့မဟုတ်
အားလုံး ပျောက်ကွယ်သွားမယ်ဆိုတဲ့ အထောက်အထားကလည်း ရှိတယ်။

ဘယ်အခါမှာလဲဆိုရင် တခြားအစိုးရတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ နျူကလီးယားအဆင့်အတန်း
နဖူးတွေ့ဒူးတွေ့ဖြစ်လာတဲ့အခါ တခြား ရည်မှန်းချက်တွေကို အာရုံစူးစိုက်ဖို့ ရွေးချယ်
ကြတယ်။ အိန္ဒိယနိုင်ငံကိစ္စမှာ ဒီအတိုင်း ဖြစ်သွားခဲ့တယ်။

နံပါတ်လေးကတော့ အစိုးရတွေဟာ ကမ္ဘာနဲ့ချီတဲ့ ထည့်သွင်းစဉ်းစား ဆင်ခြင် သုံးသပ်မှု
(ဒီကိစ္စတွေမှာတော့ နျူကလီးယား တစ်ဟုန်ထိုး ပွားလာတဲ့အပေါ် ဆန့်ကျင်ဖို့) အမြဲ ရှေ့တန်း
မတင်ဘဲ သူတို့ရဲ့လတ်တလော ဗျူဟာကျတဲ့ အကျိုးတွေကိုသာ ကြည့်တတ် ကြတယ်။
တရုတ်နိုင်ငံဟာ ပြန့်ပွားမှုကို ဆန့်ကျင်တယ်။ ဒါပေမဲ့ ကိုရီးယားကျွန်းဆွယ် နှစ်ခြမ်းကွဲပြီး
မြောက်ကိုရီးယားဟာ သူ့ရဲ့ နယ်စပ်မှာ တည်ငြိမ်တဲ့ ကြားခံနိုင်ငံဖြစ်တာ လောက်
မလိုလားဘူး။ ဒါကြောင့် မြောက် ကိုရီးယားရဲ့ နျူကလီးယား ကြိုးပမ်းမှုတွေ အပေါ် တရုတ်က
စီးပွားရေးအရ ဖိအားပေး ချင်ရင်တောင် အကန့်အသတ်ရှိနေတယ်။ အမေရိကန်ဟာ
ပါကစ္စတန်ရဲ့ နျူကလီးယား လက်နက်တွေ ကြီးထွားလာမှုကို ဆန့်ကျင်ခဲ့တယ်။
၁၉၈ဝ ပြည့်နှစ်တွေတုန်းက အာဖဂန်နစ္စတန်အပေါ် ဆိုဗီယက်ရဲ့ ကျူးကျော်မှုမှာ
ပါကစ္စတန်ရဲ့ အားပေးထောက်ပံ့မှုကို အမေရိကန်ကလိုလားခဲ့တာကြောင့် လုပ်ဆောင်ဖို့
နှေးကွေးခဲ့တယ်။

အချက် နံပါတ် ၅ ကတော့ ရာစုနှစ် တစ်ခုရဲ့ လေးပုံသုံးပုံခန့်အတွင်း သူတို့ ပထမဆုံးနဲ့
နောက်ဆုံးအကြိမ် သုံးခဲ့ပြီးနောက် စစ်အေးပြီးဆုံးသွားပြီး နှစ်ပေါင်း ၂၅ အကြာမှာ
နျူကလီးယားလက်နက်တွေဟာ တန်ဖိုးရှိတယ်လို့ အကဲဖြတ် ထင်မြင်ချက် ပေးကြတယ်။
ဒီ ချင့်ချိန်တွက်ဆမှုဟာ ဂုဏ် ဒြပ်ထက် လုံခြုံမှုအပေါ် အခြေခံတယ်။

ဆယ်စုနှစ်ပေါင်း များစွာတုန်းက ဂျူးနိုင်ငံ ချေမှုန်းခံရဖို့ အာရပ်တို့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့
ရင်ဆိုင်နေရတဲ့အခါက အစ္စရေးဟာ ဒီလိုမျိုး ချင့်ချိန်တွက်ဆမှုကို လုပ်ခဲ့တယ်။ အခု
မကြာသေးခင်က ယူကရိန်း၊ လစ်ဗျားနဲ့ အီရတ်တို့ဟာ သူတို့ရဲ့ နျူကလီးယား လက်နက်
အစီအစဉ်တွေကို ဆန္ဒအလျောက်၊ သို့မဟုတ် ဖိအားပေးမှုကြောင့် စွန့်လွှတ်ခဲ့ကြတယ်။
နောက်ပိုင်းမှာ ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ အီရတ် ကို
အမေရိကန်က ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လစ်ဗျားမှာလည်း အမေရိကန် နဲ့
သူ့ရဲ့ ဥရောပမဟာမိတ်တွေရဲ့ တိုက်ခိုက် ခြင်းကို ခံခဲ့ရတယ်။ အီရတ်မှာ ဆက်ဒမ်ဟူစိန်နဲ့
လစ်ဗျားမှာ မိုမာကဒါဖီတို့ ရာထူးမှ ဖြုတ်ချခံခဲ့ကြရတယ်။

ဒီလို ကံကြမ္မာမျိုး မြောက်ကိုရီးယား ရှောင်ခဲ့ပြီး ကင်မိသားစုရဲ့ တတိယမျိုးဆက်ဟာ တင်းကျပ်စွာ
အုပ်ချုပ်နေတယ်။ ကင်ဂျုံအန်းကတော့ ဒီသင်ခန်းစာကိုတော့မေ့သွားလိမ့်မယ်မထင်ဘူး။

ခြောက်ချက်မြောက်ကတော့ နျူကလီး ယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ပဲ။ ၁၉၇ဝ
ပြည့်နှစ်က ဒီသဘောတူညီချက်ဟာ နိုင်ငံငါးနိုင်ငံမှအပ (အမေရိကန်၊ ရုရှား၊ တရုတ်၊
ယူကေနဲ့ ပြင်သစ်) နျူကလီးယား လက်နက်တွေပျံ့နှံ့မှုကို အားမပေးဖို့ ကမ္ဘာ တစ်ဝန်း
ကြိုးပမ်းမှုတွေကို ကျောထောက် နောက်ခံထားကာ တရားဝင် နျူကလီးယား နိုင်ငံတွေအဖြစ်
မရေမရာနဲ့ အချိန်ကာလ သတ်မှတ်ထားတာဟာ မလုံလောက်ဘူး။ NPT ဟာ ဆန္ဒအလျောက်
သဘောတူညီချက် ဖြစ်တယ်။ နိုင်ငံတွေအနေနဲ့ လက်မှတ်ထိုးရန် တာဝန်မရှိသလို သူတို့
စိတ်ပြောင်းလဲသွားရင် ပြစ်ဒဏ်ပေးခြင်းမခံရဘဲ နုတ်ထွက်နိုင်တယ်။

လိုက်နာခြင်းကို အတည်ပြုရန် စစ်ဆေး မှုတွေရှိပေမဲ့ အိမ်ရှင်အစိုးရတွေပေးတဲ့ အချက်အလက်
တွေအပေါ် မူတည်ကာ စစ်ဆေးခြင်းဖြစ်ပြီး ဒီအိမ်ရှင်အစိုးရတွေ ကလည်း အကုန်လုံးကို
ဖော်ပြခြင်းမရှိကြဘူး။

နံပါတ် ခုနစ်အချက်ကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံက စည်းရုံးခဲ့တဲ့ နျူကလီးယား
လက်နက်တွေ တားမြစ်တဲ့ သံတမန် ကြိုးပမ်းမှုအသစ်တွေဟာလည်း သိသာ မြင်သာတဲ့
သက်ရောက်မှုမရှိဘူး။ ဒီလို ကတိစာချုပ်တွေဟာ စစ်ကို စွန့်လွှတ်တယ် ဆိုတဲ့ ၁၉၂၈ ခုနှစ်က
အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး Kellog နဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Briand တို့
လက်မှတ်ရေးထိုးခဲ့တဲ့ ကတိစာချုပ်နဲ့ တူနေတယ်။

အချက်ရှစ်ကတော့ နိုင်ငံတကာစနစ်မှာ ကြီးမားတဲ့ ကွာဟမှုတွေရှိနေတယ်။ နျူကလီးယား
လက်နက်တွေ ပြန့်ပွားခြင်းမရှိရေး အတွက် ရှင်းလင်းတဲ့ သတ်မှတ်ချက်ရှိသလို နိုင်ငံတစ်နိုင်ငံက
နျူကလီးယားလက်နက် တွေကို ထုတ်ဖို့ကြိုးစား၊ သို့မဟုတ် ရရှိလာ ခဲ့ရင် ဘာလုပ်ရမယ်ဆိုတာကို
အများဆန္ဒ၊ သို့မဟုတ် သဘောတူစာချုပ်မရှိဘူး။ ဥပဒေနဲ့ သံတမန်ရေးရာအရ အငြင်းပွားစရာ
ရွေးချယ်မှုတားဆီးကာကွယ်ရေးအတွက် တိုက်ခိုက်ခြင်း (ခြိမ်းခြောက်မှုဖြစ်လာတာကို
ကာကွယ် ဖို့)နဲ့ လက်ဦးမှုရယူတဲ့ တိုက်ခိုက်မှု (ဖြစ်အံ့ ဆဲဆဲ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့)
တို့ဟာ အကောင်အထည်ဖော်ဖို့ထက် အဆိုပြုဖို့က ပိုလွယ်တယ်။

ကိုးခုမြောက်အချက်ကတော့ နျူကလီးယားပြန့်ပွားမှုကို ရင်ဆိုင်ဖို့ အချိန်သာ ကုန်လွန်သွားတယ်။
ကောင်းမွန်မလာဘူး။ ၁၉၉ဝ ပြည့်နှစ်တွေ စောစောပိုင်းက မြောက်ကိုရီးယား အစီအစဉ်နုစဉ်က
ချိုးနှိမ် ပစ်ဖို့ စစ်အင်အားသုံးရန် အမေရိကန်က စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ကိုရီးယားစစ်ပွဲ
ဒုတိယအကြိမ် ဖြစ်လာမှာကို စိုးရိမ်တဲ့ အတွက်မလုပ်ခဲ့ဘူး။ အခုအချိန်မှာလည်း ဒီအတိုင်းပါပဲ
အင်အားကိုသုံးရင် အတိုင်း အတာပိုကြီးမားဖို့လိုလာသလို အောင်မြင်ဖို့ ကလည်း မရေရာဘူး။

နောက်ဆုံးအချက်ကတော့ ပြဿနာတိုင်း ကို အဖြေရှာလို့ရမှာမဟုတ်ဘူး။ တချို့ ပြဿနာဆို
ထိန်းကျောင်းဖို့ပဲရတယ်။ ဥပမာပြောရမယ်ဆိုရင် အီရန်ဟာ တစ်နေ့မှာ နျူကလီးယား
လက်နက်တွေ မထုတ်လုပ် နိုင်ဘူးလို့ ကောက်ချက်ချရင် စောလွန်းနေ လိမ့်မယ်။ ၂ဝ၁၅ ခုနှစ်က
သဘောတူညီချက် က ဒီအန္တရာယ်ကို ကြန့်ကြာစေခဲ့ပေမဲ့ မရှင်းပစ်နိုင်ခဲ့ဘူး။ မြောက်ကိုရီးယားနဲ့
ဆက်နွှယ်ပြီး ဘာတွေလုပ်နိုင်မယ်ဆိုတာ ကိုတော့ စောင့်ကြည့်ရမှာပဲ။ ဒီစိန်ခေါ်မှုမျိုး တွေကို
ထိန်းကျောင်းရတာ ကျေနပ်အားရဖွယ်မရှိပေမဲ့ တစ်ခါတစ်ရံ ဒီလိုမျှော်လင့် ချက်မျိုးလိုပဲ အများ
ဆုံးထားရမှာပဲ။

(ဤဆောင်းပါးသည် Richard N.Haass ၏ အာဘော်သာဖြစ်သည်။ သူသည် နိုင်ငံခြား ဆက်ဆံရေး
ကောင်စီ၏ ဥက္ကဋ္ဌဖြစ်ပြီး အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ Director of Policy Planning
တာဝန်ကို ထမ်းဆောင်ခဲ့ဖူးပြီး မြောက်အိုင်ယာလန်အတွက် သမ္မတ ဂျော့ ဒဗ္ဗလျူဘွတ်ရှ်၏ အထူးသံတမန်နဲ့
အာဖဂန် နစ္စတန်၏ အနာဂတ်အတွက် ညှိနှိုင်း ဆောင်ရွက်သူအဖြစ် တာဝန်ယူခဲ့သည်။)

- Project Syndicate

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း