ပိုလန်နိုင်ငံသားများသစ်ဖောင်မျှောဓလေ့

 စိန့်ဘာဘရာ ပုံတော်ချိတ်ထားသော သစ်ဖောင်ကြီးကို ဝါဆောမြို့အနီးတွင် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီစိန့်ဘာဘရာ ပုံတော်ချိတ်ထားသော သစ်ဖောင်ကြီးကို ဝါဆောမြို့အနီးတွင် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဂက်စီ(ပိုလောက်နီ) - ပိုးလ်လူမျိုးတို့၏ ရှေးရိုးရာဓလေ့ဖြစ်သော သစ်မျှောခြင်းကို
ပြန်လည်ဖော်ထုတ်ခြင်းအဖြစ် ပိုလန်နိုင်ငံသားတစ်စုသည် သစ်လုံးများကို ဖောင်ကြီး တစ်ခုဖွဲ့ကာ
ပိုလန်နိုင်ငံ၏ အရှည်ဆုံး ဗစ္စတူလာမြစ်၏ ရေစီးကြောင်းတစ်လျှောက်တွင် မျှောလိုက်သည်။

ရှေးလူကြီးများ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းအတိုင်း ညဘက်၌လည်းကောင်း၊ အရုဏ်တက်ချိန်၌
လည်းကောင်း ကပ္ပတိန် ဇီဇစ်ဂလာနီကိုလာ့စ်က ဦးဆောင်၍ အဖွဲ့သားများအားလုံး မတ်တပ်ရပ်ကာ
ဆုတောင်းမေတ္တာပို့တေးများသီဆိုကြသည်။

စိန့်ဘာဘရာသည် ဘေးအန္တရာယ်များသော အလုပ်လုပ်သူများဖြစ်သည့် မိုင်းအလုပ်သမား၊
မီးသတ်သမားများနှင့် သစ်ဖောင်သမားများအတွက် သူတော်စင် ဖြစ်ကြောင်းနှင့် နွေရာသီတွင်
မြစ်များအတွင်း ရေစီးသန်လှသော မြစ်ရေစီးကြောင်းရှိ၍ ဖောင်သမားများအတွက် အန္တရာယ်
ကြီးကြောင်း နီကိုလာ့စ်က ဆိုသည်။

ရာစုနှစ်များစွာ သစ်ဖောင်မျှောခြင်း လုပ်ငန်းကြောင့် ဗစ္စတူလာမြစ်နှင့် ၄င်း၏ မြစ်လက်တက်များ
တစ်လျှောက် ရွာများသည် ချမ်းသာလာကြသည်။ အမျိုးသားများသည်။ ကုန်စည်အမျိုးမျိုး
အထူးသဖြင့် ပိုလန် နိုင်ငံတောင်ပိုင်းရှိ သစ်တောများမှ သစ်များကို ရေစုန်အတိုင်း ဂျဒန့်စ်၏
ဘောတစ်ဆိပ်ကမ်းသို့ ပို့ကြသည်။

ဗစ္စတူလာမြစ်ပေါ် ရေခဲပျော်လာသည်နှင့် ၄င်းမြစ်နှင့် မြစ်လက်တက် 'ဆင်'တို့၏ ရေစီးကြောင်းများ
လွတ်လပ်စွာ စီးဆင်းလာရာ သစ်ဖောင်သမားများ အလုပ်လုပ်ကြပြီး သစ်လုံးများကို ဂျဒန့်စ်သို့
ပို့ကြသည်ဟု နီကိုလာ့စ်က သစ်ဖောင်ကြီး၏နောက်ပိုင်းတွင် ပဲ့ကိုင်ရင်းပြောပြသည်။

ရှေး ပိုးလ်လူမျိုးတို့၏ သစ်မျှောဓလေ့ကို ပြန်လည်ရှင်သန်ခဲ့သူများ၏ ဖောင်ကြီးကို ဝါဆောမြို့အနီး ဗစ္စတူလာမြစ်အတွင်း၌ ဇူလိုင် ၁၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီရှေး ပိုးလ်လူမျိုးတို့၏ သစ်မျှောဓလေ့ကို ပြန်လည်ရှင်သန်ခဲ့သူများ၏ ဖောင်ကြီးကို ဝါဆောမြို့အနီး ဗစ္စတူလာမြစ်အတွင်း၌ ဇူလိုင် ၁၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ယူလာနောင်း တစ်ရွာလုံးသည် ယင်းလုပ်ငန်းကို ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်း လုပ်လာကြသည်။
၁၉၃၉ ခုနှစ်၌ ဂျာမန်စစ်တပ်၏ ဗုံးများက ဗစ္စတူလာမြစ်၏ကြမ်းပြင်ကိုပါ ဖျက်ဆီးလိုက်သည့်
စစ်ပွဲအစမှာပင် သစ်မျှောလုပ်ငန်း ပျောက်ကွယ်သွားခဲ့သည်။ စစ်ပြီးသောအခါ သစ်များကို
ထရပ်ကားများ၊ မီးရထားများနှင့် သယ်ဆောင်ကြသည်။

၁၉၉၁ ခုနှစ်တွင် နီကိုလာ့စ်က ယူလာနောင်း သစ်ဖောင်သမားများ၏ ရင်းနှီးခင်မင်မှုကို
ပြန်လည်ဖော်ထုတ်ခဲ့သည်။ ဖောင်သမားများသည် ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ
ကျေးရွာကလေးဖြစ်သော ယူလာနောင်းမှ နေ၍ ဇူလိုင် ၂ ရက်တွင် စတင်ထွက်ခွာကာ
ဆန်မြစ်တစ်လျှောက် စုန်ဆင်းခဲ့ကြသည်။ ၄င်းတို့သည် ဇာတိရွာနှင့် ဘောလ်တစ်ပင်လယ်ကြား
တွင် ၇၂၄ ကီလိုမီတာ (မိုင် ၄၅ဝ) အရှည်ကို ၂၉ ရက်ဖြင့် စုန်ဆင်းနိုင်မည်ဟု မျှော်လင့်ထားကြ
သည်။ ရက်သတ္တ နှစ်ပတ်အကြာတွင် ၄င်းတို့သစ်ဖောင်သည် ဝါဆောမြို့မှ နှစ်ကီလိုမီတာ
အကွာတွင်ရှိသော ဂက်ဆီမြို့ကမ်းခြေပေါ်တွင် ဆိုက်ကပ်ခဲ့သည်။

၎င်းတို့၏ သစ်ဖောင်သည် ထင်းရှူး ပျဉ်ပြားရှည်များကို တွဲချည်ထားသော အလားတူ
ဖောင်ငယ်လေးခုဖြင့် ပြုလုပ်ထားကာ တန် ၅ဝ လေးပြီး မီတာ ၇ဝ (ပေ ၂၃ဝ)ရှည်သည်။
ရှေ့ဆုံးနှင့် နောက်ဆုံးဖောင်များသည်ပဲ့ထိန်းရန်အတွက်ဖြစ်သည်။

ယခုနှစ်ကို ပိုလန်နိုင်ငံတွင် ဗစ္စတူလာမြစ်နှစ်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုမြစ်ကြီးသည်
အလွန်ရေစီးသန်ပြီး ဖွံ့ဖြိုးမှုအနည်းငယ်သာရှိပြီး သောင်များတူးဖော်လျက်ရှိသည်။
အချို့နေရာများတွင်ရေတိမ်ပြီး ရေအောက်တွင်လည်း သစ်ပင်ကြီးများ၊ မြုပ်နေသဖြင့်
ဖောင်သမားများအဖို့ ရေကြောင်းပိတ်ဆို့နိုင်သည်။

ဖောင်သမားများခေတ်က မျှောချလိုက်သော ဖောင် များအားလုံးသည် မြစ်ရေစီးကြောင်း၏
သက်ညှာမှု ကံကြမ္မာအောက်တွင်သာ ရှိနေခဲ့သည်ဟု နီကိုလာ့စ်က ပြောကြားခဲ့သည်။

''အဲဒီတုန်းက သစ်ကုန်သည်တွေက သူတို့ရဲ့လုပ်ငန်းကို ဖောင်သမားတွေ လက်ထဲမှာပဲ
ယုံယုံကြည်ကြည်နဲ့ အပ်နှံထားခဲ့ကြရတာပါ။ သစ်ဖောင်သမားတွေဟာ သူတို့ရဲ့အသက်၊
သူတို့ရဲ့ အိုးအိမ်စည်းစိမ်၊ သူတို့ဇနီးမယားနဲ့ သားသမီးများကအစ သူတို့ရဲ့ အနှောင်အဖွဲ့
မှန်သမျှကို အစစအရာရာ စွန့်လွှတ် စွန့်စားခဲ့ကြရပါတယ်''ဟု ၄င်းကဆိုသည်။

သစ်များကို ဒန့်စ်သို့ရောက်လျှင် သစ်စက်များတွင် ခွဲ၍ ကမ္ဘာတစ်ဝန်းလုံးသို့ တင်ပို့ရောင်းချ
ခဲ့သည်ဟု နီကိုလာ့စ်က ဆိုသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း