အမေရိကန်တို့ စိတ်အေးအေးထားရန် တေလာဆန်တိုက်တွန်း

 မြောက်ကိုရီးယားက ပစ်ခတ်မည့် ဟွာဆောင်း ၁၂ တာလတ်ပစ် ဒုံးကျည်။ ဓာတ်ပုံ - အေပီမြောက်ကိုရီးယားက ပစ်ခတ်မည့် ဟွာဆောင်း ၁၂ တာလတ်ပစ် ဒုံးကျည်။ ဓာတ်ပုံ - အေပီ

ဝါရှင်တန် - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆန် က အမေရိကန်ပြည်သူတို့သည်
မြောက်ကိုရီးယားအရေး နှင့်စပ်လျဉ်း၍ စိတ်အေးအေးထားကြရန် သြဂုတ် ၉ ရက်က တိုက်တွန်းပြီး
လောလောဆယ် ဖြစ်အံ့ဆဲဆဲ အန္တရာယ်မျိုးမရှိဟု သူယုံကြည်ကြောင်း ပြောကြားခဲ့သည်။
''အမေရိကန်တွေ ညဘက်ကျရင် ကောင်းကောင်း အိပ်နိုင်ကြပါတယ်''ဟု တေလာဆန်က ဆိုသည်။

သမ္မတထရမ့်က မြောက်ကိုရီးယားအစိုးရကို အကယ်၍ အမေရိကန်ပြည်ထောင်စုကို ယခုထက်ပို၍
အန္တရာယ်ပေးလာလျှင် ''ကမ္ဘာပေါ်တွင် မကြုံဖူးသော မီးပင်လယ်ကြီးနှင့် ဒေါသပေါက်ကွဲမှုတို့ကို
ကြုံရမည် ဖြစ်ကြောင်း'' သတိပေးပြောကြားခဲ့ပြီးဖြစ်သည်။

တေလာဆန်က ပြောကြားရာတွင် ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင်ကို ရှင်းလင်းသိသာပြီး
ခိုင်မာသော သတိပေးစကားကို ပြောခဲ့ခြင်းဖြစ်၍ မြောက်ကိုရီးယား အတွက်မှားမည်မဟုတ်ဟု
ဆိုသည်။

''မြောက်ကိုရီးယားကို ကင်ဂျုံအန်း နားလည်နိုင်တဲ့စကားနဲ့ ခိုင်မာတဲ့သတင်းစကားပါးလိုက်တာပဲ။
သူကသံရေးတမန်ရေးစကားမျိုး နားလည်ပုံမရဘူး''ဟု တေလာဆန်က ပြောကြားခဲ့သည်။
''ကျွန်တော်ထင်တာကတော့ သမ္မတ ထရမ့်က မြောက်ကိုရီးယား အစိုးရကို အမေရိကန်
ပြည်ထောင်စုဟာ သူ့ကိုယ်သူ ကာကွယ်ဖို့ မေးခွန်းထုတ်စရာမလိုတဲ့ စွမ်းရည်မျိုးရှိတယ်။ သူ့နိုင်ငံနဲ့
သူ့မဟာမိတ်တွေကို ကာကွယ်သွားလိမ့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိစေလိုတာပါပဲ''ဟု
ပြောကြားခဲ့သည်။
- အေပီ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း