အစ္စရေးပစ်ခတ်မှု ပါလက်စတိုင်းလူငယ် သေဆုံး

အိမ်ဖြိုဖျက်ခံရပြီးနောက် ထိတ်လန့်တကြားထွက်ပြေးလာကြသော ပါလက်စတိုင်းကလေးငယ်များ။ အေအက်ဖ်ပီအိမ်ဖြိုဖျက်ခံရပြီးနောက် ထိတ်လန့်တကြားထွက်ပြေးလာကြသော ပါလက်စတိုင်းကလေးငယ်များ။ အေအက်ဖ်ပီ

ရာမာလာ - ပါလက်စတိုင်း ဆယ်ကျော် သက်တစ်ဦးကို ဂါဇာမြစ်အနောက် ဘက်ကမ်းဒေသ
မြောက်ပိုင်းရှိ ပိုင်းခြားထားသည့် အကာအရံများအနီးတွင် ဇန်န၀ါရီလ ၁၅ ရက်နေ့က အစ္စရေး
တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ကြောင်း ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာနှင့် လုံခြုံရေး သတင်းများ
ကဆိုသည်။

ဂါဇာမြစ် အနောက်ဘက်ကမ်းရှိ ဘူဒရပ်စ်ရွာတွင်ဖြစ်ပွားသော ဖြစ်ရပ်တစ်ခုတွင် အသက် ၁၇ နှစ်
အရွယ်ဆမီယာ အာမက်အ၀က်ဒ်က သေနတ်ဒဏ်ရာ သုံးချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များ နှင့် မြို့တော်ဝန်တို့က ပြောကြားသည်။

ပိုင်းခြားထားသည့် အကာအရံများမှ မီတာ ၂၀၀ အကွာအဝေး၌ရှိသော ကျောင်းတစ်ကျောင်းမှ
ကျောင်းသား တချို့က စာမေးပွဲအပြီးတွင် အစ္စရေး တပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြ
ကြောင်း ဘူဒရပ်စ်မြို့တော်ဝန် မိုဟာမက်မိုရာက ဆိုသည်။

"စာမေးပွဲအပြီး ကျောင်းနောက်ဆုံး နေ့မှာ ကျောင်းသားတချို့က အစ္စရေး တပ်ဖွဲ့ဝင်တွေကို
ခဲတွေနဲ့ပစ်ကြတယ်။ သူတို့က ကျောင်းသားတစ်ယောက်ကို ဖမ်းဖို့လုပ်ပါတယ်။ ဒါပေမဲ့ အဲဒီ
ကျောင်းသားက လွတ်သွားတော့ အစ္စ ရေးတပ်ဖွဲ့ဝင်တွေက သူ့ကို သေနတ်နဲ့ ခြောက်ချက်ပစ်
လိုက်တာပါ" ဟု ၎င်းက ပြောကြားသည်။

အဆိုပါကျောင်းသား၏ ကျော၊ ဦးခေါင်းနှင့် ခြေထောက်တို့ကို ထိမှန်ခဲ့ ခြင်းဖြစ်ကြောင်း ဆေး
ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားသည်။ ပါလက်စတိုင်းတို့ဘက်မှ အကာအရံများ
ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ခြင်း ကြောင့် အစ္စရေးတပ်ဖွဲ့ဝင်များက သေနတ်များကို လေထဲသို့
ပစ်ဖောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သော်လည်း အစ္စရေးစစ်တပ်မှပြောရေး
ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားရာတွင် အစ္စရေးဘက်သို့ ထိုးဖောက်ဝင်ရောက် ရန်အတွက်
ဘူဒရပ်စ်အနီး တားဆီးထား သည့် လုံခြုံရေး အကာအရံများကို ဖျက်ဆီးရန် ချဉ်းကပ်လာသည့်
ပါလက် စတိုင်းအချို့ကို အစ္စရေးဘက်က တုံ့ပြန် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း