Thursday, 24 April 2014

ဓာတ်ငွေ့စက်ရုံစီးနင်းမှု နိုင်ငံခြားသား ၃၇ ဦးသေဆုံးဟု အယ်လ်ဂျီးရီးယားဆို

ဓာတ်ငွေ့စက်ရုံအပြင်ဘက်တွင် ရပ်ခိုင်းထားသောအလုပ်သမားများ။ အေအက်ဖ်ပီဓာတ်ငွေ့စက်ရုံအပြင်ဘက်တွင် ရပ်ခိုင်းထားသောအလုပ်သမားများ။ အေအက်ဖ်ပီ
အယ်လ်ဂျားစ် - ဆာဟာရသဲကန္တာရ အတွင်းရှိ သဘာဝဓာတ်ငွေ့စက်ရုံ၌ အစ္စလမ္မစ်စစ်သွေးကြွ
များ၏ အစီအစဉ် တကျ တိုက်ခိုက်မှုတစ်ခုအတွင်း နိုင်ငံခြားသား ၃၇ ဦး အသတ်ခံခဲ့ ရကြောင်း
နှင့် အချို့မှာ ဦးခေါင်း၌ သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း အယ်လ်ဂျီးရီးယား
ဝန်ကြီးချုပ် အက်ဘ်ဒယ်လ်မာ လက်ခ်ဆယ်လာက ပြောသည်။

မာလီနိုင်ငံ၌ လွန်ခဲ့သည့်သီတင်း ပတ်များအတွင်း ပြင်သစ်စစ်တပ်၏ ၀င်ရောက်တိုက်ခိုက်မှုကို
လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟုဆိုသော စစ်သွေးကြွများက ဓားစာခံများကို ဖမ်းဆီးထိန်းသိမ်း
ခဲ့အပြီးတွင် ၀န်ကြီးချုပ်ဆယ်လာက အယ်လ်ဂျီးရီးယား နိုင်ငံသားတစ်ဦးနှင့် အခြား နိုင်ငံ
ခြားသားငါးဦးတို့ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ပြောကြားသည်။

နိုင်ငံခြားသား ၃၇ ယောက်ဟာ ကျွန်တော်တို့ဝင်စီးတဲ့ အချိန်အတွင်းမှာ အသတ်ခံခဲ့ရတာပါ။
တချို့ဆို သွေးအေး အေးနဲ့ ခေါင်းကိုပစ်သတ်ခံခဲ့ရတယ်" ဟု ၀န်ကြီးချုပ်ကဆိုသည်။

နိုင်ငံခြားသားများမှာ မည်သည့် နိုင်ငံသားများဖြစ်ကြောင်း ဆယ်လာက အတိအကျ ပြောဆို
သွားခြင်း မရှိသော်လည်း သက်ဆိုင်ရာနိုင်ငံများက ဂျပန် ခုနစ်ဦး၊ ဖိလစ်ပိုင်ခြောက်ဦး၊
အမေရိကန်သုံးဦး၊ ဗြိတိန်သုံးဦး၊ ရိုမေးနီးယား နှစ်ဦးနှင့် ပြင်သစ်တစ်ဦး တို့ဖြစ်ကြောင်း အတည်
ပြုခဲ့ကြသည်။

သဘာဝဓာတ်ငွေ့စက်ရုံအတွင်း ပုန်းအောင်းကာ ကျန်ရှိနေသည့် စစ်သွေး ကြွများနှင့် အထူး
တပ်ဖွဲ့များအကြား ဇန်န၀ါရီလ ၁၉ ရက်နေ့ အပြီးသတ် တိုက်ပွဲတွင် စစ်သွေးကြွ ၂၉ ဦးကို
သုတ်သင်နိုင်ခဲ့ပြီး သုံးဦးကို ဖမ်းဆီးရမိ ခဲ့သည်။ စစ်သွေးကြွများတွင် ကနေဒါ လူမျိုးတစ်ဦး၊
တူနီးရှားလူမျိုး ၁၁ ဦး၊ အယ်လ်ဂျီးရီးယားသုံးဦးနှင့် အာဖရိက မြောက်ပိုင်းမှ အခြားသူများ
ပါဝင် ကြောင်း ဆယ်လာကပြောသည်။

အာမီနက်စ် သဘာဝဓာတ်ငွေ့ စက်ရုံအတွင်း စစ်သွေးကြွသေနတ် သမားများက မည်သို့မည်ပုံ
ဝင်ရောက် သောင်းကျန်းသည်ဆိုခြင်းနှင့် နိုင်ငံ၏ စွမ်းအင်ကဏ္ဍအတွက် မည်သို့ ထိခိုက်
မည်ဆိုခြင်းများအပေါ် မေးခွန်းများ ထွက်ပေါ်နေသလိုပင် အယ်လ်ဂျီးရီးယား၏ အင်အားကြီး
လှပါသည်ဆိုသော လုံခြုံရေးသိက္ခာ ကျဆင်းစေခဲ့သည်။

"ဓာတ်ငွေ့စက်ရုံကို ၀င်တိုက်တာ ကြောင့် နိုင်ငံခြားကုမ္ပဏီကြီးတွေရဲ့ ဘဏ္ဍာရေးကုန်ကျ
စရိတ်တွေဟာ လုံခြုံရေးအနေအထားအရ ပြောင်းလဲသွားပါလိမ့်မယ်" ဟု ဒေသဆိုင်ရာ
စွမ်းအင် ကျွမ်းကျင်ပညာရှင် ရာဖစ်လတ် တာက ပြောသည်။

တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ခြင်းသည် ကြီးမားလှသည့် ဆိုးရွားမှုတစ်ခု ဖြစ်ကာ လုံခြုံရေး
ဆောင်ရွက်ချက်များ အပေါ် လျစ်လျူရှုထားခြင်း၊ သို့မဟုတ် ချွေတာခြင်းသည် ယုံကြည်
နိုင်ဖွယ်မရှိဟု ၎င်းကဆိုသည်။ အယ်လ်ဂျီးရီးယား စွမ်းအင်ကဏ္ဍသည် နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုအပေါ်၌ အားပြုထားရခြင်းဖြစ်သည်။ (အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း