သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်၏ မဖွယ်မရာကျူးလွန် မှုကြောင့် တောင်ကိုရီးယားသမ္မတ တောင်းပန်ရ

သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ယွန်ချန်ဂျန် သတင်းထောက်များနှင့်တွေ့ဆုံစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီသမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ယွန်ချန်ဂျန် သတင်းထောက်များနှင့်တွေ့ဆုံစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဆိုးလ် - တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟီးသည် အမေရိကန်ခရီးစဉ် အတွင်း
သူမ၏ပြောခွင့်ရ ထိပ်တန်း ပုဂ္ဂိုလ်၏ မဖွယ်မရာ ကျူးလွန်ခဲ့မှုအတွက် ကိုယ်တိုင်တောင်းပန်လိုက်
ရကာ ပြောခွင့်ရပုဂ္ဂိုလ်ကို အလုပ်မှထုတ်ပစ် လိုက်သည်။

သမ္မတပြောခွင့်ရပုဂ္ဂိုလ် ယွန်ချန်ဂျန် သည် သမ္မတ၏ မေလ ၅ ရက်မှ ၉ ရက် အမေရိကန်ခရီးစဉ်
တွင် သမ္မတနှင့် အတူ လိုက်ပါစဉ် ကိုရီးယားလူမျိုး အမေ ရိကန်နိုင်ငံသား အမျိုးသမီးအလုပ်သင်
ဆရာဝန်အား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးမှု စွပ်စွဲချက်ဖြင့် အလုပ်ထုတ်ခြင်းခံရသည်။

"ကျွန်မရဲ့ အမေရိကန်ခရီးစဉ် ကုန်ခါ နီးမှာ ဖြစ်ပျက်ခဲ့တဲ့ စက်ဆုတ်ရွံရှာဖွယ် ဖြစ်စဉ်အတွက်
ကျွန်မ တောင်းပန်ပါ တယ်။ လူတွေကိုလည်း အကြီးအကျယ် စိတ်ပျက်သွားစေပါတယ်"ဟု
ပတ်က ထိပ်တန်းလက်ထောက်များနှင့် တွေ့ဆုံ ရာတွင် ပြောကြားခဲ့သည်။

"ပြည်ပရောက် ကိုရီးယားလူမျိုးတွေ ရဲ့ အသည်းနှလုံးမှာ ကျန်ခဲ့တဲ့ အမာရွတ်တွေနဲ့ အမျိုးသမီး
အလုပ်သင် နဲ့ သူမမိဘတွေခံစားရမယ့် တုန်လှုပ် ချောက်ချားမှုအတွက် ကျွန်မ ရိုးရိုး သားသား
တောင်းပန်ပါတယ်"ဟု သမ္မတ၏ အိမ်ပြာတော် ၀က်ဘ်ဆိုက် ပေါ်တွင်တင်သည့် အစည်းအဝေး
အစီရင်ခံစာ၌ သမ္မတက ပြောခဲ့သည်။

ဟိုးလေးတကျော်ဖြစ်မှုသည် တောင် ကိုရီးယားနိုင်ငံတွင် ရက်အတန်ကြာ သတင်းစာခေါင်းစဉ်ကြီး
များကို လွှမ်းမိုး ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးသမ္မတ ပတ်ဂွမ်ဟီးက
သံသယမြူ မှုန်တစ်စက်မှ မကျန်ရစ် အောင် အကြောင်းအရာအားလုံးကို စုံစမ်း စစ်ဆေးမည်ဟု
သန္နိဋ္ဌာန်ချထား သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း