အမေရိကန်နိုင်ငံ အဖော်မဲ့လာပြီလား

အိမ်ဖြူတော်မှလမ်းလျှောက်ထွက်လာသော သမ္မတအိုဘားမားကို မေလ၊၁၃၊ရက်နေ့ကတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီအိမ်ဖြူတော်မှလမ်းလျှောက်ထွက်လာသော သမ္မတအိုဘားမားကို မေလ၊၁၃၊ရက်နေ့ကတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ကွန်ဆားဗေးတစ် တွေဟာ ဘာရက်အိုဘားမားကို တကယ်ပဲဒေါသထွက်ကြတယ်။
ဒါတင်မကသေးဘူး၊ အိုဘားမားကို ဒေါသမထွက်တဲ့ နိုင်ငံကိုလည်း သူတို့က ဒေါသထွက်ကြ
သေးတယ်။

ဒီလိုမှန်းတဲ့အတိုင်း မပေါက်လို့ မကျေမနပ်ဖြစ်တာဟာ ပညာတတ်တွေရဲ့ သဘောထားနဲ့ ခေတ် ရေစီးကြောင်းမှာ နေရာယူလာပါတယ်။ ဝေါလ်စထရိဂျာနယ် ဆောင်းပါးရှင်
ဘရက်စတီဖင်က သမ္မတ ဘာရက်အို ဘားမားဟာ 'အခြား နိုင်ငံများအရေး မှာ မစွက်ဖက်ရေး'
လို့ စတီဖင်ကသုံးနှုန်း တဲ့ နိုင်ငံခြားရေးမူဝါဒ တစ်ခုအတွက် ဘာမှ ကြီးကြီးမားမား ဆုံးရှုံးသွားတာ
မရှိဘူးလို့ ညည်းညူ ပြောဆိုခဲ့တယ်။

သူ့ရဲ့ ရေးသားချက်အရ ပြဿနာက အမေရိကန်လူမျိုးတွေဟာ သမိုင်းအမြင် လည်းမရှိ၊ ကျင့်သုံး
နေဆဲ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အရေးပါမှုကိုလည်းမသိနဲ့ သူတို့ဟာ ၁၉၃၀ ပြည့်နှစ် တစ်
ဝိုက်က 'အခြားနိုင်ငံများအရေးမှာ မစွက်ဖက်ရေးဝါဒ'ကြောင့် အဒေါ့ဖ် ဟစ်တလာနဲ့ ဒုတိယကမ္ဘာ
စစ်ကိုမွေးဖွားပေါ်ပေါက်ခဲ့ရတဲ့ သင်ခန်းစာမျိုးကို ပြန်စတော့မယ့် အခြေအနေပါ။ အမေရိကန် နိုင်ငံ
ခြားရေးမူဝါဒကို လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ သံတမန် တွေ၊ စစ်သားတွေနဲ့ ထောက်လှမ်းရေးအ
ရာရှိတွေ အံ့အားတသင့် ဖြစ်လောက် အောင်ကို အမေရိကန်ရဲ့ မစွက်ဖက်ရေး ၀ါဒဟာ သေချာပေါက်
ရောက်လာမှာလို့ စတီဖင်က ရေးသားခဲ့တယ်။

အမေရိကန်ဟာ တခြားအင်အားကြီး ၁၀ နိုင်ငံ စုစုပေါင်းထက် ကာကွယ်ရေး အသုံး စရိတ် ပိုသုံးပြီး
အမေရိကန်ရဲ့ ထောက်လှမ်းရေး အသုံးစရိတ်ဟာ နိုင်ငံအများ စုက သူတို့ရဲ့ စစ်ဖက်ဆိုင်ရာမှာ သုံး
စွဲတာထက် ပိုပါတယ်။ အမေရိကန်ရဲ့သောင်းပေါင်းများစွာသော တပ်ဖွဲ့ တွေဟာ ဂျာမနီကနေ တူရ
ကီ၊ ဗြိတိန်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေအထိရှိတဲ့ နိုင်ငံရပ်ခြားက ဒါဇင်ပေါင်း များစွာသော
စစ်အခြေစိုက်စခန်းတွေမှာ ခြေကုပ်ယူထားတယ်။

အမေရိကန် ဟာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့အာရှ ဒေသမှာရှိတဲ့ သူ့ရဲ့ အရေးအပါဆုံး မဟာမိတ်
တွေကိုကာကွယ်ပေးဖို့လည်း တာဝန်ယူထားရပါသေးတယ်။ ပြီးတော့ အိုဘားမားအစိုးရလက်ထက်
မှာ အမေရိကန်ရဲ့ခြေရာက ပိုလို့တောင် ကြီးမားကျယ်ပြန့်လာခဲ့တယ်။ အီရန်နိုင်ငံရဲ့ ဖြစ်တန်ရာ နျူ
ကလီးယား လက်နက်ရန်စွယ်ကနေလွတ်ဖို့ အမေရိ ကန်နဲ့ အလွမ်းသင့်ပြီး အစွန်းမရောက် တဲ့ အာ
ရပ်နိုင်ငံတွေနဲ့ အစ္စရေးနိုင်ငံတို့ ကို အကာအကွယ်ပေးဖို့အတွက် အမေ ရိကန်ရဲ့ လုံခြုံရေးထီးရိပ်ကို
အိမ်ဖြူတော်က ပိုချဲ့လာခဲ့တယ်။

တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာမှုကို ရင်ဆိုင်ဖို့ အတွက်လည်း ဩစတြေးလျမှာ စစ်
အခြေစိုက်စခန်းသစ်တစ်ခု ဖွင့်ခဲ့တာနဲ့ အတူ အာရှဒေသက အမေရိကန် စစ်အင် အားတည်ရှိမှု
ကိုလည်း ကြီးမားလာ အောင် လုပ်လာတယ်။ တကယ့်တကယ်မှာတော့ သမ္မတ အိုဘားမားရဲ့
ကမ္ဘာ့အမြင်ဟာ အမေရိ ကန်ရဲ့ တစ်မူထူးတဲ့ဝါဒမှာ အခြေခံတာ ပါ။

နိုင်ငံတကာဆက်ဆံရေးမှာရှိတဲ့ အခြေခံပုံစံအရ နိုင်ငံတစ်နိုင်ငံဟာ အင်အားကြီးလာပြီး အခြားနိုင်
ငံတွေကို ပမာမခန့်လုပ်လာရင် အခြားနိုင်ငံ တွေက အုပ်စုဖွဲ့ပြီး အဲဒီနိုင်ငံကိုကျရှုံး အောင် လုပ်ပစ်
တာပါပဲ။ Habsburg အင်ပါယာ၊ ပြင်သစ် နပိုလီယံဝါဒ၊ ဂျာမနီ နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့လည်း
ဒီနည်းနှင်နှင် ဖြစ်ခဲ့ရတာပါ။ ဒီဥပဒေသဟာ ခေတ်သစ်သမိုင်းမှာတော့ ခြွင်းချက်အကြီးကြီးတစ်ခု
ရှိလာတယ်။

အဲဒါက အမေရိကန်ပြည်ထောင်စုပဲ။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံ
ဖြစ်လာပြီး အများ ခန့်မှန်းပြောဆိုနေ သလို သူ့ကိုပြိုင်ဆိုင်နိုင်မယ့် နိုင်ငံလည်း ပေါ်ထွက်မလာသေး
ပါဘူး။

တကယ်တမ်း ကျ ဒီကနေ့မှာ အခြား အင်အားအကြီး ဆုံးနိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာ
မနီနဲ့ ဂျပန်နိုင်ငံတို့ဟာ အင်အားအကြီးဆုံးနိုင်ငံနဲ့ မဟာမိတ်ဖြစ်နေတာ က အံ့ဩစရာကောင်းပါ
တယ်။

ဒါဟာ ရှင်းပြဖို့လိုသေးတဲ့ ခြွင်း ချက်တစ်ခုပါ။ အကြောင်းကတော့ အမေရိကန်ရဲ့ ဩဇာကြီးမှုအနေ
အထားနဲ့ အသေအချာ ကြီးကို သက်ဆိုင်နေပါတယ်။ ဘယ်သူ မှ ကိုလိုနီနိုင်ငံနဲ့ အောင်ပွဲကို ရှာ
မနေ ကြတော့ပါဘူး။

ဒုတိယကမ္ဘာစစ် အပြီး မှာ အားလုံးက သူတို့ရဲ့ ရန်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူ
အညီပေးခဲ့ကြပြီး မဟာမိတ်ဖြစ်အောင် ဖန်တီးခဲ့ကြတယ်။ ကမ္ဘာတစ်ဝန်းက လူတွေက အမေရိကန်
ကို အင်ပါယာတစ်ခု လို့လည်း ထူးပြီး မမြင်ကြတော့ပါဘူး။ ဒါပေမဲ့ ဒါဟာ အမေရိကန်က သူ့ အင်
အားကို ဘယ်လို အသုံးချခဲ့တယ် ဆိုတာနဲ့လည်း ဆက်နွှယ်နေပြန်ပါ တယ်။ သမိုင်းတစ်လျှောက်
လုံး အမေရိကန်ဟာ ကမ္ဘာ့အင်အားပြိုင်ပွဲတွေမှာဝင်ပါဖို့ လိုလိုလားလား မရှိခဲ့ပါဘူး။

ပထမကမ္ဘာစစ်တုန်းက စစ်ကြီးပြီးခါ နီးမှ အမေရိကန်ဝင်ပါခဲ့တယ်။ သွေးထွက် သံယိုဖြစ်မှု နည်းနိုင်
သမျှ အနည်းဆုံး ဖြစ်အောင် ရှောင်ရှားလို့ ရနိုင်လောက် အောင် နောက်ကျပြီးမှ ၀င်ပါခဲ့ပေမယ့်
ဗြိတိန်နဲ့ ပြင်သစ်တို့ကို အကူအညီပေး ရာမှာ ဘက်ညီအောင် လုပ်နိုင်ခဲ့တယ်။

ဒုတိယကမ္ဘာစစ်မှာတုန်းကလည်း ဂျပန် က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ပြီး တော့မှသာ ၀င်
ပါခဲ့တယ်။ ဥရောပမှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကျူးကျော်မှု ကို အမေရိကန်က ၀င်ထိန်းခဲ့ပေမယ့်
သိပ်ပြီး လွန်လွန်ကျူးကျူးမဖြစ်အောင် သတိထားပြီးလုပ်ခဲ့တယ်။ ပြီးတော့ ဗီယက်နမ်မှာ ၀င်ပါပြန်
တော့ အလျော် အစား အကြီးကြီး ပေးခဲ့ရပြန်ရော။

ဒွိုက်ဒေးဗစ် အိုက်ဆင်ဟောင်ဝါကနေ၊ ဟင်နရီကစ်ဆင်ဂျာနဲ့ ရောဘတ်ဂိတ်စ် တို့အထိ အမေရိကန် အထင်ကရ နိုင်ငံရေးခေါင်းဆောင်တွေရဲ့အောင်မြင် ကျော်ကြားတဲ့ အတွေ့အကြုံသင်ခန်းစာ တွေရှိ
ပါတယ်။ သူတို့တစ်တွေက အမေ ရိကန်နိုင်ငံဟာ သူ့ရဲ့အင်အားကို ထိန်း ထိန်းသိမ်းသိမ်းနဲ့ ခိုင်ခိုင်
မာမာလုပ်၊ တည်ငြိမ်ပြီး လွတ်လပ်တဲ့စနစ်ကိုဖန်တီး၊ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ ရေးတွေ
လုပ်ပြီး ကမ္ဘာတစ်ဝန်းမှာ လွတ်လပ်မှု အတိုင်းအဆကို ပိုမိုကြီးလာ အောင် ကူညီပေးရမယ်လို့
ယုံကြည်ကြ သူတွေဖြစ်ကြတယ်။

ဒီလို အမြင်ရှိတဲ့ အထက်မြက်ဆုံး ပညာရှင်တစ်ဦးဖြစ်သူ အသက် ၈၈ နှစ်အရွယ် ကဲနက်ဝေါ့ဇ်
ဟာ ဒီနှစ်မေလ ၁၃ ရက်နေ့မှာ ကွယ်လွန် သွားခဲ့ပါပြီ။ အမေရိကန်ဟာ သူ့ရဲစစ်ဘက်ဆိုင်ရာ ၀င်
ရာက်စွက်ဖက်ရေးနဲ့ ပတ်သက်ပြီး စည်းကမ်းချက်တွေပါရှိတာက ဒီအမြင်ကို အခြေခံတာပါ။

စစ်အေးတိုက်ပွဲ အဆုံးသတ်ခဲ့ပြီး ကတည်းက အမေရိကန်အတွက် ဘာပြိုင် ဘက်မှမရှိတော့တာ
လည်း ဖြစ်နိုင်ပါ တယ်။ တချို့ဆို ကမ္ဘာပေါ်မှာ မကောင်း တာတစ်ခုမဖြစ်လိုက်နဲ့၊ အဲဒီတစ်ခုဟာ
အမေရိကန်သမ္မတ ဖြေရှင်းမှရမယ်လို့ တောင် ယုံကြည်နေကြတာ ရှိပါတယ်။ ဗလာဒီမာပူတင်
ဟာ ပြိုင်ဘက်တွေကို ထောင်ထဲပို့နေတဲ့ အချက်ကိုလည်း စတီဖင်က ၀မ်းနည်းညည်းညူပြီး
ပြော တယ်။

ကန့်ကွက်ဆန္ဒပြတာထက် ဒီကိစ္စ နဲ့ပတ်သက်ပြီး အမေရိကန်ဟာ ဘာကို အတိအကျ လုပ်သင့်
လဲ၊ ဘာကိုလုပ် ထားတာရှိလဲ။ အသွင်မတူတဲ့ အယူအဆတွေကိုဖက် တွယ်ရင်းနဲ့ပဲ အမေရိကန်
ဟာ ဆယ်စု နှစ်တစ်ခုကို ဖြတ်သန်းခဲ့ပြန်တယ်။ အဲဒီ အယူအဆကတော့ အမေရိကန်ရဲ့ အင်အား
ကို တက်တက်ကြွကြွနဲ့ လက်ဦး မှုရယူပြီး အမျိုးသားရေး အကျိုးအမြတ် နဲနဲပဲရှိပေမယ့် အဲဒီထက်
ကျော်လွန်တဲ့ ရည်မှန်းချက်တွေအတွက် အသုံးချရ မယ်ဆိုတာပါပဲ။

ရလဒ်ကတော့ အမေရိ ကန်စစ်သား ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။ အီရတ် အရပ်
သားတွေ သိန်းချီပြီး သေဆုံးခဲ့ရသလို သန်းပေါင်းများစွာသော တိုင်းရင်းသား တွေလည်း သုတ်
သင်ခံခဲ့ရတယ်။

စစ်အသုံး စရိတ်အတွက် အမေရိကန်ဒေါ်လာ နှစ်ထရီလျံ သုံးစွဲခဲ့ရပြီး အမေရိကန်ရဲ့ ဩဇာနဲ့
နာမည်ကောင်းလည်း ကမ္ဘာ တစ်ဝန်းမှာ ညှိုးနွမ်းခဲ့ရတယ်။ စီးပွား ရေး၊ နိုင်ငံရေးနဲ့ လူ့ကျင့်ဝတ်ကို
ပြန်တည်ဆောက်ဖို့ နှစ်အနည်းငယ်ပဲ အချိန်ယူလို့ရပါ့မလား။

 (Time Magazine)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း