အေအက်ဖ်ပီဆုရ အင်ဒိုသတင်းထောက်

ကိတ်ဝက်ဘ်ဆုရ အင်ဒိုသတင်းထောက် စတက်ဖန်နပ်တေဂူပရာမိုနို။ကိတ်ဝက်ဘ်ဆုရ အင်ဒိုသတင်းထောက် စတက်ဖန်နပ်တေဂူပရာမိုနို။

အင်ဒိုနီးရှား သတင်းထောက် စတက် ဖန်နပ်တေဂူပရာမိုနိုသည် ဆီးရီးယား နိုင်ငံ၏ ပြည်တွင်း
စစ်နှင့် ဂျာကာတာ မူးယစ်ဆေးဝါး ကုန်သွယ်ရေးများ အကြောင်း ၎င်း၏ သတင်းအရေးအသား
အတွက် အေအက်ဖ်ပီ ကိတ် ၀က်ဘ်ဆု ချီးမြှင့်ခြင်းခံခဲ့ရကြောင်း အေအက်ဖ်ပီဖောင်ဒေးရှင်းက
ဇွန် လ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။

အသက် ၃၁ နှစ်အရွယ် ပရာမိုနိုသည် အဆိုပါသတင်းများကို အရှိန်အ၀ါကြီး သော ပြည်တွင်း
သတင်းဌာနတစ်ခုအတွက် ရေးသားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်က သိပ်သတ္တိကောင်းတဲ့ သူ
တော့မဟုတ်ပါဘူး။

ဆီးရီးယားနဲ့ (မူးယစ်ဆေးဝါး သတင်းအတွက်) အနောက်ဂျာကာတာမှာရှိခဲ့စဉ်တုန်း က မကြာ
ခဏ ကျွန်တော်ချွေးတွေပြန်ခဲ့ ပါတယ်" ဟု ပရာမိုနိုကဆိုသည်။ကိတ်ဝက်ဆုမှာ နိုင်ငံတကာ
သတင်း စာပညာရပ်တွင် အမျိုးသမီးများအတွက် လမ်းသစ်ထွင်ခဲ့သူ အေအက်ဖ်ပီအာရှ သတင်း
ထောက်တစ်ဦးကို ဂုဏ်ပြုသည့် အနေဖြင့် ၂၀၀၈ ခုနှစ်မှစတင်၍ ချီးမြှင့်ခဲ့သည့် ဆု တစ်ခုဖြစ်
သည်။

ယင်းဆုသည် အန္တရာယ်များသော (သို့) ခက်ခဲသော အနေအထားတွင် သတင်းရယူနေသည့်
အာရှတိုက်မှ သတင်းထောက်များ၏ ထူးခြားသည့် သတင်းများကို အသိအမှတ်ပြု ချီးမြှင့် လေ့
ရှိသည်။ပရာမိုနိုသည် ယင်းဆုအတွက် ချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ ၃,၉၀၀ (၃,၀၀၀ ယူရို)
ရရှိမည်ဖြစ်သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း