စာပေပညာရှင်ကြီးများ နှစ်သက်စွာ သွားရောက်ကြသည့် နင်းဖာ သဘာဝဥယျာဉ်

အီတလီနိုင်ငံ၊ ရောမမြို့အနီးရှိ နင်းဖာ ရုက္ခဗေဒဥယျာဉ်၏ သာယာချမ်းမြေ့ဖွယ်အလှ။ ဓာတ်ပုံ - အေအက်ဖ်ပီအီတလီနိုင်ငံ၊ ရောမမြို့အနီးရှိ နင်းဖာ ရုက္ခဗေဒဥယျာဉ်၏ သာယာချမ်းမြေ့ဖွယ်အလှ။ ဓာတ်ပုံ - အေအက်ဖ်ပီ

နင်းဖာ (အီတလီ) - ကမ္ဘာ့ သဘာဝအဆန် ဆုံး ဥယျာဉ်အဖြစ် သတ်မှတ်ထားသည့်
ရောမမြို့အနီးရှိ နင်းဖာ ရုက္ခဗေဒဥယျာဉ် တွင် ရှားပါးသစ်ပင် ပန်းမန်များ၊ ဏိတ် နှလုံးကို
ဆွဲဆောင် ညှို့ယူနေသည့်ရှေးဟောင်း အဆောက်အအုံပျက်များ နှင့် ရေတံခွန်စီးကျသံများဖြင့်
သာယာချမ်းမြေ့ဖွယ်ဖြစ်သည်။

အလယ်ခေတ်က ပြည်တွင်းစစ်ဖြစ် ပွားပြီးနောက် ဆယ်စုနှစ်များကြာအောင် ထိုအတိုင်း စွန့်ပစ်
ထားခဲ့သော နင်းဖာရွာ၌ ၁၇ ရာစုတွင် ခမ်းနားလှပသောဥယျာဉ်ကြီး တစ်ခု တည်ဆောက်ခဲ့ပြီး
၁၉ ရာစုနှစ်နှောင်းပိုင်းက ယင်းကို ပိုင်ဆိုင်သည့် မင်းမျိုးစိုးနွယ် ကေတနီမိသားစုက မျက်စိပသာ
ဒဖြစ်ဖွယ် ဥယျာဉ်တစ်ခုအဖြစ် ပြန်လည်တည်ဆောက်ခဲ့သည်။

အဆိုပါ နင်းဖာရွာတွင် တစ်ချိန်က အိမ်ခြေ ၁၅၀ နျင့် ဘုရားရှိခိုးကျောင်း ခုနစ်ခုရှိပြီး ဘုရားဖူး
များနှင့်ကုန်သည် များအတွက် ခိုနားစရာနေရာတစ်ခုဖြစ် ခဲ့သော်လည်း ၁၃ ရာစုနျင့် ၁၄ ရာစု
များ က ဖြစ်ပွားသော ပြည်တွင်းစစ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရသည်။

"နင်းဖာက ဥယျာဉ်သက်သက် မဟုတ်ပါဘူး။ ရှေး ဟောင်းသမိုင်းဝင် ယဉ်ကျေးမှုနေရာ တစ်ခု
လည်းဖြစ်ပါတယ်" ဟု ရောဖရီဒို ကေတနီ ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ လော်ရိုမာချက်တီက
ပြောကြားသည်။ကေတနီ၏ ဖခင်ဖြစ်သူ အင်္ဂလိပ် အမျိုးသားတစ်ဦးဖြစ်သည့် Ada Wilbra-
ham ထိုဥယျာဉ်ကို တည်ထောင်ခဲ့ ခြင်းဖြစ်သည်။

ကေတနီ၏ ဇနီး Margu-erite Chapin က နှင်းဆီပန်းပင်များ၊ အိုင်းရစ်ပန်းပင်များ၊ အလှစိုက်
ပန်းပင် များနှင့်ပြင်ဆင်ကာ ၎င်း၏စာပေမိတ်ဆွေ များကို ဖိတ်ကြားခဲ့သည်။အီတလီစာရေးဆ
ရာ အယ်လ်ဘတ်တို မိုရားဗီးယားနျင့် ရုပ်ရှင်ထုတ်လုပ်သူ ပီရာပါအိုလိုပါဆိုလီနီ အပါအ၀င်
ဗာဂျီး နီးယားဝုဖ်၊ တီနစ္စီဝီလီယံ၊ ထရူးမန်းကာပိုတီတို့အားလုံး အဆိုပါဥယျာဉ်သို့လာရောက်
ကြသည်။

ဟန်ဂေရီတေးပြုစာဆို င်္မညေအဖူငျဖအ ၏ တပည့်ရင်းတစ်ဦးဖြစ်ပြီး ဂီတစာဆို တစ်ဦးဖြစ်သူ
ကေတနီက လှပသည့်သံစဉ် များကို ဖန်တီးရန်အတွက် စမ်းချောင်းများနှင့်ရေတံခွန်များဆီမှ
အတွေးစိတ်ကူးကောင်းများရရှိခဲ့သည်ဟုဆိုသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း