မင်းသား ၀ီလျံနှင့် ကိတ်တို့၏ ရင်သွေးလေးအတွက် သားပိုက်ကောင် အရုပ်လုပ်နေ

ဆစ်ဒနီ - ဩတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလတ်က မင်းသား ၀ီလျံ နှင့်၎င်း၏
ဇနီးကိတ်တို့၏ ရင်သွေး လေးအတွက် အနီရောင် သားပိုက်ကောင် သိုးမွေးအရုပ်လေး တစ်ရုပ်
ကိုထိုးနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ဩစတြေးလျနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဂျူလီယာဂီးလတ် က အဆိုပါ အနီရောင်
သားပိုက်ကောင် သိုးမွေးအရုပ်ကလေးကို ထိုးနေကြောင်း ကို ဩတြေးလျ အမျိုးသမီးမဂ္ဂဇင်းအား
ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျား မ ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်သူဟု ကမ္ဘာတစ်ဝန်းက သိရှိထားသော ဂေးလက်က
နိုင်ငံရေးဘက်မဟုတ်သည့် ၎င်း၏ အခြားတစ်ဖက်ကိုလည်း ပြည်သူလူထုသိရှိရန် အရေးကြီး
ကြောင်း ပြောကြားခဲ့သည်။

"ကိတ်မစ်ဒယ်လ်တန်ရဲ့ ရင်သွေး လေးအတွက် အရုပ်ထိုးပေးတာကိုပြောရရင် တစ်ခါတလေမှာ
ကျွန်မက ကလေးလေးတွေအတွက် အရုပ်ထိုး ပေးပါတယ်။ ဒီအလုပ်တွေက အသေး အမွှားလေး
တွေဆိုပေမယ့် ကျွန်မဘ၀ မှာ အဲဒီအတွက် အချိန်များများ မပေး နိုင်ခဲ့ပါဘူး။ "ဒီလိုမျိုး အစာသွတ်
သိုးမွေးအရုပ် လေး ထိုးမယ်လို့ စဉ်းစားလိုက်ရင် အဲဒါက သားပိုက်ကောင် အရုပ်လေး တစ်ရုပ်
ဘာလို့မဖြစ်နိုင်ရမှာလဲလို့ ကျွန်မစဉ်းစားမိပါတယ်" ဟု ဂီးလတ် ကပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ရုံးက ဂီးလတ်၏ သိုးမွေး အရုပ်ထိုးသည့် စိတ်ကူးအား အသားပေး ရေးသားရန် အကြံ
ပေးခဲ့သော်လည်း Sydney's Daily Telegraph က ယင်းသတင်းကို "မဲဆန္ဒရှင်များကိုဆွဲဆောင်ရန်
အတွက် နောက်ဆုံး ကြိုးပမ်းမှုတစ်ခု" ဟု ဖော်ပြခဲ့သည်။

အကယ်၍ ယခုအချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် John Howard အစိုးရလက်ထက်
က ၀န်ကြီးဟောင်းတစ်ဦးဖြစ်သူ တိုနီ အက်ဘော့ ဦးဆောင် သော ရှေးရိုးစွဲ အတိုက်အခံပါတီကို
ဂီးလတ်၏ အလုပ်သမားပါတီက ၅၆ မဲ ၄၄ မဲဖြင့် ရှုံးနိမ့်မည်ဖြစ်ကြောင်း မဲဆန္ဒ ကောက်ခံမှုအရ
သိရသည်။

တော်ဝင် ကလေးငယ်လးအတွက် သိုးမွေးရုပ် ထိုးပေးနေသော်လည်းဩစတြေးလျနိုင်ငံက
တစ်နေ့တွင် သမ္မတနိုင်ငံဖြစ်လာလိမ့်မည်ဟု ဂီးလတ် က မျှော်လင့်လျက်ရှိသည်။

"မင်းသားဝီလျံ၊ ကြင်ရာတော် ကိတ် နဲ့ သူတို့ရဲ့ချစ်လှစွာသော ရင်သွေး ကလေးက ဩစတြေး
လျနိုင်ငံမှာ ထင်ပေါ်ကျော်ကြားတဲ့သူတွေ အနေနဲ့ ဆက်ရှိနေဦးမှာပါ။ ပြည်သူလူထုက သူတို့ရဲ့
အကြောင်းကို စိတ်ဝင်တစားစောင့်ကြည့်နေမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း