အီရတ် အကြမ်းဖက်မှု သုံးရက်အတွင်း လူ ၁၁၃ ဦးသေဆုံး

ဘဂ္ဂဒက် - အီရတ်နိုင်ငံတွင် ပြင်းထန် သည့် ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုများ ပြန်လည်
ဖြစ်ပွားလာမည်ကို စိုးရိမ် ပူပန်မှုများ ရှိနေသည့်ကြားက ရှီးယား မွတ်စလင်များကို ပစ်မှတ်ထား
တိုက် ခိုက်မှုများ သုံးရက်ဆက်တိုက် ပေါ်ပေါက်ကာ ဘဂ္ဂဒက်မြိုကတောင်ဘက် စွန်းရှိ ဆင်ခြေ
ဖုံးဒေသတစ်ခု၌ ဇူလိုင် လ ၃ ရက်နေ့က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ခုနစ်ဦးသေဆုံးခဲ့ခြင်း
အပါအ၀င် သုံးရက်အတွင်း စုစုပေါင်း လူ ၁၁၃ ဦး သေဆုံးခဲ့သည်။

ထို့ပြင် အပြင်းအထန် တိုက်ခိုက်မှု များ တိုးမြင့်ဖြစ်ပွားခြင်းကြောင့် အခြား သော လူ ၃၀၀ ကျော်
ဒဏ်ရာရရှိခဲ့ သည်။ နိုင်ငံရေး မတည်ငြိမ်မှုကို အချိန် ကြာမြင့်စွာရင်ဆိုင်နေရပြီး အစိုးရ ဆန့်ကျင်
သည့် ဆန္ဒပြမှုများ လနှင့်ချီ ဖြစ်ပွားနေသည့် အီရတ်နိုင်ငံတွင် ထိုကဲ့သို့ မဆုတ်သာ မတိုးသာ
အခြေ အနေမှာ အနည်းဆုံး လာမည့်နှစ်၌ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ မတိုင်မချင်း
ပြေလည်သွားနိုင်ဖွယ်မရှိဟု လေ့လာဆန်းစစ်သူများက သတိပေးထားသည်။

တိုက်ခိုက်မှုများမှာ မည်သည့် အုပ်စု က လုပ်ဆောင်ခြင်းဖြစ်ကြောင်း အခိုင် အမာပြောကြားထား
ခြင်း မရှိသော်လည်း အယ်လ်ကေဒါနှင့် အဆက်အသွယ် ရှိသော ဆွန်နီ စစ်သွေးကြွများက ရှီးယား
များကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။ နောက်ဆုံးဖြစ်ပွားခဲ့သည့် ဗု့းခွဲ တိုက် ခိုက်
မှုမှာ ဘဂ္ဂဒက်မြို့ တောင်ဘက်စွန်း ရှိ နာဟရာဝမ်ဆင်ခြေဖုံး ဒေသတွင် ဇူလိုင်လ ၃ ရက်နေ့
အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ခုနစ်ဦးသေ ဆုံးကာ လူ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိ
ခဲ့ကြောင်း လုံခြုံရေးနှင့် ဆေးဘက် ဆိုင်ရာ သတင်းရင်းမြစ်များက ပြော ကြားခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့က ဖြစ်ပွားသော တိုက်ခိုက်မှုတွင် လူ ၄၉ ဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၂ ရက်နေ့
က အီရတ်နိုင်ငံ အနှံ့ ဖြစ်ပွားသော ဗု့းခွဲမှုများနှင့်တိုက်ခိုက်မှုများကြောင့် လူ ၅၇ ဦး သေဆုံးခဲ့သည်။

ရမ်မဇန်လ ရောက်လာသော်လည်း အီရတ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက် မှုများမှ သက်သာ
သွားနိုင်ဖွယ်မရှိဟု ဥပဒေပြုလွှတ်တော်အမတ် တစ်ဦးက ပြောကြားခဲ့သည်။

"ရမ်မဇန်လ ရောက်လာပေမယ့် လည်း လုံခြုံရေးတပ်ဖွဲ့တွေကတော့ ပုံမှန်အတိုင်း ဆက်ပြီး တာဝန်
ထမ်းဆောင်နေရမှာပါပဲ။ တိုက်ခိုက်မှုတွေ ကတော့ လျော့နည်းသွားမှာ မဟုတ်ပါ ဘူး" ဟု လွှတ်
တော် လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီမှ လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဟာဆန်ဂျီဟာ့ဒ်
က ပြောကြားခဲ့သည်။

"စစ်သွေးကြွတွေက သူတို့နေရာ တိုင်းမှာရှိတယ်၊ နေရာတိုင်းကိုရောက် နိုင်တယ်ဆိုတာကို
သိအောင်လို့ ဆက် လုပ်နေမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့က ဘဂ္ဂဒက်တွင် ကားဗု့းဖောက်ခွဲမှုများ အပါအ၀င် အကြမ်းဖက် တိုက်ခိုက်မှု
များ အဆိုး ဆုံး ဖြစ်ပွားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း