ဗင်နီဇွဲလားက နိုင်ငံရေးခိုလှုံခွင့်ပေးခြင်းကို စနိုးဒန် လက်မခံသေးဟု ၀ီကီလိခ်ဆို

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာရူဒို(ယာ)နှင့် နိုင်ငံခြားရေးဝန်ကြီး အီးလိယက်စ် ဟာဝါတို့ ဇူလိုင်လ ၉ ရက်နေ့က ဆွေးနွေးနေကြစဉ်။ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာရူဒို(ယာ)နှင့် နိုင်ငံခြားရေးဝန်ကြီး အီးလိယက်စ် ဟာဝါတို့ ဇူလိုင်လ ၉ ရက်နေ့က ဆွေးနွေးနေကြစဉ်။

ရုရှား လွှတ်တော်အမတ်တစ်ဦးက ယင်း၏ တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားခဲ့ (နောက်ပိုင်း
တွင် ပြန်ဖျက်ခဲ့) သလို အမေရိကန် ထောက်လှမ်းရေးအကြောင်းများကို ဖော်ထုတ်ကာ ထွက်ပြေး
တိမ်းရှောင်နေသည့် အက်ဒွပ်စနိုး ဒန်သည် ဗင်နီဇွဲလားနိုင်ငံ၌ နိုင်ငံရေး ခိုလှုံခွင့်ကို တရားဝင် လက်
ခံခြင်းမရှိ သေးကြောင်း လျှို့ဝှက်ချက်များ ဆန့်ကျင် ရေး ၀ီကီလိခ် ၀က်ဘ်ဆိုက်ကပြောသည်။

သမ္မတအိမ်တော်နှင့် နီးစပ်သော ရုရှားလွှတ်တော်အမတ် အလက်စီ ပွတ်ရှ် ကော့ဗ်က ၎င်း၏
တွစ်တာစာမျက်နှာ ပေါ်တွင် စနိုးဒန်သည် ဗင်နီဇွဲလား၏ ကမ်းလှမ်းမှုကို သဘောတူညီခဲ့ပြီးဖြစ်
သည်ဟု ဇူလိုင်လ ၉ ရက်နေ့က ရေးသား ခဲ့ပြီး မိနစ် ၃၀ ခန့်အကြာတွင် ယင်း ရေးသားချက်ကို
ပြန်ဖျက်ခဲ့သည်။

သမ္မတပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ကမူ ယင်းရေးသားချက်ကို မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး
ပွတ်ရှ်ကော့ဗ်ကိုသာ တိုက်ရိုက် မေးမြန်းသင့်ကြောင်း ပြောသည်။ မူရင်းရေးသားချက်ကို ဖယ်
ရှားခဲ့ပြီးနောက် ပွတ်ရှ်ကော့ဗ်သည် စနိုးဒန်၏ နောက်ဆုံးသတင်းများကို ရုရှားအစိုးရ ၏ ဗက်
စတီ ၂၄ ရုပ်သံလိုင်းမှ သတင်း များကို ဖောက်သည်ချခြင်းဖြစ်ကြောင်း နှင့် ယင်းသတင်းအရ
စနိုးဒန်မှာ ဗင်နီဇွဲလားနိုင်ငံတွင် နိုင်ငံရေးခိုလှုံရန် သဘောတူညီပြီးဖြစ်ကြောင်း တွစ်တာ စာမျက်
နှာပေါ်တွင် ထပ်မံရေးသား ခဲ့သည်။

"ဗင်နီဇွဲလားနိုင်ငံဟာ နောက်ဆုံး တော့ စီအိုင်အေ အေးဂျင့်ဟောင်းရဲ့ အဖြေတစ်ခုကို ရခဲ့ပါပြီ" ဟု
အဆိုပါ ရုပ်သံလိုင်း၏ ၀က်ဘ်ဆိုက်တွင် ဇူလိုင် လ ၉ ရက်နေ့ အစောပိုင်းက ဖော်ပြ ထားသည်။

"လက်တင်အမေရိကနိုင်ငံ သမ္မတ နီကိုလပ်စ်မာရူဒိုဟာ အက်ဒွပ် စနိုး ဒန်ဆီကနေ တရားဝင်
နိုင်ငံရေးခိုလှုံ ခွင့်တောင်းခံမှုကို လက်ခံရရှိပြီးပါပြီ" ဟု ဗက်စတီ၂၄ ရုပ်သံလိုင်းက ဆိုသည်။

သမ္မတ မာရူဒိုက ဗင်နီဇွဲလားသို့ လာရောက်လိုပါက မည်သည့်အချိန် တွင် လေယာဉ်ဖြင့်
လာရောက်ရမည်ဆိုခြင်းကို စနိုးဒန်က ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ပြောခဲ့သည်။

သို့ရာတွင် ကမ္ဘာကျော် နိုင်ငံရေး ဒုက္ခသည် စနိုးဒန်သည် ဟောင်ကောင် မှထွက်လာသည့်
ဇွန်လ ၂၃ ရက်နေ့မှစ၍ သောင်တင်နေခဲ့ရာ ရုရှားနိုင်ငံ၏ ရှရီမက်ယေဗိုလေဆိပ်ရှိ ခရီးသည်များ
ယာယီနားခိုရာနေရာမှ မည်သို့မည်ပုံ ထွက်ခွာနိုင်မည်ဆိုခြင်းမှာမူ ရှင်းရှင်းလင်းလင်း မရှိသေးချေ။

ရုရှားနိုင်ငံမှ ဗင်နီဇွဲလားနိုင်ငံအထိ တိုက်ရိုက် လေကြောင်းဆက်သွယ် ပျံသန်းခြင်းမျိုးမထားရှိသဖြင့်
အမြန်ဆုံး လမ်းကြောင်းမှာ ကျူးဘားနိုင်ငံမှ တစ်ဆင့် ပျံသန်းရမည်ဖြစ်သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း