မော်စီဘယ်မှာရှိ ပဟေဠိ

ကိုင်ရို - ဇူလိုင်လ ၃ ရက်နေ့တွင် စစ်တပ်၏ ဖြုတ်ချခံလိုက်ရသော အီဂျစ် ၏ ရွေးကောက်ခံ
သမ္မတ မိုဟာမက်မော်စီသည် ကျန်းကျန်းမာမာပင်ရှိပါ ကြောင်း မကြာမီရက်များအတွင်း မော်စီ
နှင့် သူ့လက်ထောက်များကို တွေ့ခွင့်ရခဲ့သူက ပြောပြသည်။

မော်စီဘယ်မှာ ရှိသည်ဆိုသည်က ပဟေဠိဖြစ်လျက်ရှိရာ သူ့မိသားစုနျင့် သူ့အားထောက်ခံသူများ
ဒေါပွလျက်ရှိကြသဖြင့် အီဂျစ် အကျပ် အတည်းမှာ ပို၍ပင် ဆိုးသွားသည်။ မော်စီနှင့် နောက်ဆုံး
တွေ့ခွင့်ရခဲ့သူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ကက်သရင်းအက်ရှ်တန် ကို ဇူလိုင်
လ ၂၉ ရက်နေ့က သမ္မတ မော်စီနှင့် တွေ့ခွင့်ပေးရန် ခေါ်သွားစဉ် က ကက်သရင်းမျက်နှာကိုတော့
အ၀တ် စည်း မထားပါဟု လက်ထောက်များက ပြောသည်။

သို့သော် မော်စီကို ဘယ်မှာ ထားသည်ဆိုသည်ကို မည်သူ့ကိုမျှ ပြန် မပြောပြပါဟူသည့် ကတိ
အာမခံချက်ဖြင့် ညမှောင်မှောင်တွင် ရဟတ်ယာဉ်ဖြင့် မော်စီရှိရာ ခေါ်သွားခဲ့ခြင်းဖြစ်သည်။ အက်ရှ်
တန့် အရင် မော်စီနှင့် တွေ့ခွင့် ရသူများမှာ အီဂျစ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည်။

ဇူလိုင်လ ၂၆ ရက်နေ့က သူတို့ကို မော်စီ ဆီခေါ်သွားရာတွင် ရဟတ်ယာဉ်ပေါ်မတက်မီ သူတို့၏
လက်ကိုင်ဖုန်းများကို ထားခဲ့ရကြောင်း၊ ဥူတို့မျက်စိလည်စေရန် ရဟတ်ယာဉ်ကို ၁၅ မိနစ်ခန့်
ဝဲပတ်နေသေးကြောင်း ပြောပြသည်။

"ကိုင်ရိုမြို့ပြင်၊ ဒါမှမဟုတ် ဆင်ခြေဖုံး က တပ်စခန်းတစ်ခုခု ဖြစ်မယ်ထင် တာပဲ။ ရဟတ်ယာဉ်
ဆင်းတော့ ကျွန်တော် တို့ကို စစ်ကားတစ်စီး လာခေါ်တယ်။ ၁၀ မိနစ်လောက် ကွေ့ပတ် မောင်း
နေ သေးတယ်"ဟု တက်ကြွလှုပ်ရှားသူက ဆိုသည်။

စစ်တပ်ကတော့ မော်စီ လံခြုံရေး အတွက်ပါဟုဆိုသည်။ မော်စီထောက်ခံ သူများက မော်စီကို
ကိုင်ရိုမြို့ရှိ သမ္မတ အစောင့်တပ် ဌာနချုပ်တွင် ထားသည် ထင်၍ လူထုအင်အားနှင့် လာဝိုင်းကြ
ရာ စစ်တပ်က ပစ်ခတ်သဖြင့် ၆၀ ကျော် သေဆုံးခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်အတွင်း
တရားရုံးရှေကနေများက မော်စီကို ၁၅ ရက် တရားဝင် ထိန်းသိမ်းထားရန် အမိန့် ထုတ်ခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း