ကျူးဘားမှ အမေရိကန်သို့ ဖလော်ရီဒါ ရေလက်ကြားဖြတ်ကာ စံချိန်တင်

မတ်တတ်ရပ် ဘုတ်ပြားလှေစီးကာဖြတ်ကူးသူ ဘင်ဂျမင်ဖရီးဘာ့ဂ်။မတ်တတ်ရပ် ဘုတ်ပြားလှေစီးကာဖြတ်ကူးသူ ဘင်ဂျမင်ဖရီးဘာ့ဂ်။

မိုင်ယာမီ (ဖလော်ရီဒါ) - အသက် ၃၅ နှစ်အရွယ် ဂျတ်စ်တေးဂီတပညာရှင်
တစ်ဦးဖြစ်သည့် ဘင်ဂျမင်ဖရီးဘာ့ဂ် သည် ကျူးဘားနျင့် အမေရိကန်နိုင်ငံကို ခြားထားသော
ဖလော်ရီဒါ ရေလက် ကြားကို မတ်တတ်ရပ် ဘုတ်ပြားလှေစီးကာ အောင်မြင်စွာ ဖြတ်ကူးနိုင်
သော အမျိုးသားအဖြစ် ဩဂုတ်လ ၂ ရက်နေ့ က စံချိန်တင်ခဲ့သည်။

ဘင်ဂျမင်သည် ကျူးဘားမြိုကတော် ဟာဗာနာမှ ထွက်ခွာခဲ့ပြီး ဖလော်ရီဒါ ပြည်နယ်ကီးဝက်စ်မြို့
ကမ်းခြေသို့ ၂၈ နာရီအကြာတွင် ရောက်ရှိလာခြင်းဖြစ် သည်။ သူ၏ဘေးတွင် ကူညီထောက်ပံ့
မှုပေးမည့် ရွက်လှေလည်းပါသည်။

ဖရီးဘာ့ဂ်သည် တင်နက်စီပြည်နယ် ချာတာနူဂါဒေသမှဖြစ်ပြီး သူသည် ဤ ၁၀၅ မိုင်ရှည်လျားသော
ဖြတ်ကူးမှုကို နာရီ ၂၀ အတွင်း ဖြတ်ကူးနိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဟာဗာနာမြို့ရှိ
မာရီနာဟဲမင်းဝေးကမ်းခြေမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ဤခရီးမှာ ကျူးဘားနျင့် အမေရိကန် နိုင်
ငံတို့ကြား ငြိမ်းချမ်းရေး၊ ချစ်ကြည် မှု၊ ရင်းနှီးမှုတို့ကို မြှင့်တင်ရန်ဖြစ်ပြီး ကျန်းမာသော ဘ၀နေထိုင်မှု
ပုံစံကို မြှင့် တင်ရန် ရည်ရွယ်ကြောင်း ပြောသည်။

စစ်ဘေးကာလ ကျော်လွန်လာသည် မှာ ဆယ်စုနှစ်နှစ်စု တိုင်ခဲ့ပြီဖြစ်သော် လည်း ကမ္ဘာ့အနောက်
ခြမ်းရှိ တစ်ခုတည်းသော ကွန်မြူနစ်နိုင်ငံဖြစ်သည့် ကျူးဘားနျင့် အမေရိကန် ဆက်ဆံရေး မှာ
ရင်းနှီးနွေးထွေးမှုမရှိပေ။

ပြီးခဲ့သော နျစ်နှစ်အတွင်း ရေကူး သမားသုံးဦးသည် ဖလော်ရီဒါ ရေလက်ကြားကို ဖြတ်ကူးနိုင်ရန်
ကြိုးစားခဲ့ဖူး သော်လည်း မအောင်မြင်ခဲ့ပေ။ ဖလော် ရီဒါ ရေလက်ကြားသည် ကျူးဘား ဒုက္ခ သည်
များ အမေရိကန်ကမ်းခြေသို့ လှေ ငယ်များဖြင့် ထွက်ပြေးတိမ်းရှောင်လာ လေ့ရှိသည့် ရေလက်ကြား
လည်းဖြစ် သည်။

ဘင်ဂျမင်၏ အောင်မြင်မှုသည် မတ်တတ်ရပ် ဘုတ်ပြားစီး အားကစား ကို ကမ္ဘာ့ရေပြင်တွင် သွား
လာရသောအားကစားများတွင် အမျိုးစုံသော စွမ်းရည်လိုအပ်သည့် အားကစားတစ်မျိုး အဖြစ်
အသိအမှတ်ပြုခံလာရစေသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း