အယ်လ်ကေဒါ ခြိမ်းခြောက်မှု အရှိန်မြှင့် အမေရိကန်သံရုံးပိတ်

ဝါရှင်တန် - အယ်လ်ကေဒါတို့ အကြမ်းဖက်တိုက်ခိုက်ရန် အလားအလာ ပို၍ အရှိန်မြင့်
လာသည်ဟူသော ထောက်လှမ်း ရေး သတင်းပေးပို့ချက်အရ အရှေ့ အလယ်ပိုင်းဒေသနှင့်
အာဖရိကရှိ အမေရိကန်သံရုံးများနျင့် ကောင်စစ် ၀န်ရုံးများကို ဩဂုတ်လ ၁၀ ရက်အထိ ပိတ်
ထားမည်ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများ ဩဂုတ် ၄ ရက်တွင် ကြေညာခဲ့သည်။

လုံခြုံရေးသတင်းများအရ ဩဂုတ် ၄ ရက်နေ့ကပင် စ၍ပိတ်ခဲ့သော သံရုံး ၁၅ ရုံးအပြင် နောက်
ထပ် လေးရုံးတိုး၍ သံရုံး ၁၉ ရုံးကို ဩဂုတ် ၁၀ ရက်အထိ ပိတ်ထားကြောင်း အမေရိကန်နိုင်ငံခြား
ရေးဝန်ကြီးဌာနက ကြေညာသည်။

ယခုခြိမ်းခြောက်မှုမှာ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှု နောက်ပိုင်းတွင် အတိကျဆုံးနှင့် ယုံကြည်
နိုင်ဖွယ် အရှိ ဆုံး ခြိမ်းခြောက်မှုဖြစ်ကြောင်း အောက် လွှတ်တော် အမိမြေလုံခြုံရေး ကော်မတီ
ဥက္ကဋ္ဌ မိုက်ကယ်မက်ကောကဆိုသည်။ ၎င်း၏အဆိုအရ 'စတင်မည့်ဆဲဆဲ' ဖြစ်နေသည့် ယခု
တိုက်ခိုက်မှုသည် မွတ်စလင်တို့၏ ဥပုသ်လဖြစ်သည့် ရာမဇန် နောက်ဆုံးညတွင် ပေါ်ပေါက်
ဖွယ်ရှိနေသည်။

အယ်လ်ကေဒါ၏ တိကျသည့် ပစ်မှတ် ကို မသိရသော်လည်း သူတို့ရည်ရွယ်တိုက်ခိုက်မည့်
ဦးတည်ရာ အရပ်မှာ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံ တည်းသာမဟုတ်ဘဲ ကမ္ဘာ့အနောက်
နိုင်ငံများလည်းဖြစ်နေသည်ဟု ပြော၍ ရနိုင်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ ဗိုလ်
ချုပ်ကြီး မာတင် ဒမ်ဆေးက ဆိုသည်။

ဩဂုတ် ၁၀ ရက်အထိ ပိတ်ထားသည့် အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံး ရှိရာ မြို့ ၁၉ မြို့မှာ
အဘူဒါဘီ၊ွှမ္မမ်၊့ိုင်ရို၊ ရီယတ်၊ ဒါရန်၊ ဂျက်ဒါ၊ ဒိုဟာ၊ ဒူဘိုင်း၊့ူဝိတ်၊ျွနာမာ၊ျွတ်စကက်၊ျှနား၊ ထရီပိုလီ၊
အင်တာနာနာရီဗို၊ ဘူဂျမ်ဘူရာ၊ ဂျီဘူတီ၊ ခါတွမ်၊ ကီဂါလီနှင့် ဖို့လူးဝစ်တို့ဖြစ်သည်။

မာဒါဂတ်စကာ၊ ဘူရွန်ဒီ၊ ရ၀မ်ဒါနှင့် မော်ရစ်ရှပ်နိုင်ငံတို့မှ သံရုံးနျင့် ကောင်စစ် ၀န်ရုံး လေးရုံးတို့ကို
တိုးချဲ့ပိတ်ခဲ့သော် လည်း အာဖဂန်နစ္စတန်၊ွှယ်လ်ဂျီးရီး ယား၊ င်္ဂြလားဒေ့ရှ်၊ ဗမ်ာရီတေးနီး ယား၊
အီရတ်နှင့် အစ္စရေးနိုင်ငံတို့မှ သံရုံး နျင့် ကောင်စစ်ဝန်ရုံးများကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။

"ကျွန်တော် စီအိုင်အေမှာ ၂၁ နျစ် အလုပ်လုပ်ခဲ့ပြီးပြီ။ အခုလို တစ်ချိန် တည်းမှာ အမေရိကန်
သံရုံးပေါင်း ၂၂ ရုံး အထိ ပိတ်လိုက်ရတာကို မမြင်ခဲ့ဖူးဘူး"ဟု အရှေကအလယ်ပိုင်းဒေသတွင်
သံရုံး ဖြစ်စဉ်မှတ်တမ်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ရောဘတ်ဘဲယား က
စီအင်န်အင်န် သတင်းထောက်အားပြောသည်။

အမေရိကန်အစိုးရသည် ၂၀၁၂ ခု နျစ် စက်တင်ဘာ ၁၁ရက်နေ့တွင် လစ်ဗျား နိုင်ငံ ဘင်ဂါဇီမြို့ရှိ
အမေရိကန် ကောင်စစ်ဝန်ရုံး အတိုက်ခံရချိန်မှစ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ရောက်ရှိနေ သော
အမေရိကန်နိုင်ငံသားများ လုံခြုံ ရေးကို အထူးသတိထား ကာကွယ်ပေး လာခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း