နော်ဝေ ၀န်ကြီးချုပ်က ပြည်သူလူထု၏အသံကို နားထောင်ရန် တက္ကစီယာဉ်မောင်းဟန်ဆောင်

ခရီးသည်တင်ဆောင်၍ အငှားယာဉ်မောင်းနေသော နော်ေ၀၀န်ကြီးချုပ် စတော်လ်တန်ဘက်။ ဓာတ်ပုံ- အေအက်ဖ်ပီခရီးသည်တင်ဆောင်၍ အငှားယာဉ်မောင်းနေသော နော်ေ၀၀န်ကြီးချုပ် စတော်လ်တန်ဘက်။ ဓာတ်ပုံ- အေအက်ဖ်ပီ

အော်စလို - နော်ဝေ ၀န်ကြီးချုပ် ဂျန်းစ် စတော်လ်တန်ဘက်သည် နေ့လယ်ခင်းတစ်ခု၌ တက္ကစီ
ယာဉ်မောင်းတစ်ဦး ဟန်ဆောင်ကာ ပြည်သူလူထုအသံကို နားထောင်ရန် စနည်းနာထွက်ခဲ့ကြောင်း
ဩဂုတ်လ ၁၁ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

စတော်လ်တန်ဘက်၏ ထိုသို့ထုတ်ဖော်ပြောကြားထားသည့် ဗီဒီယိုဖိုင်တစ်ခုကို စက်တင်ဘာလ ၉
ရက်နေ့၌ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှုများ အရှိန် မြှင့် လုပ်
ဆောင်နေသည့် အချိန်တွင် ဖေ့စ်ဘွတ်ခ်၊ တွစ်တာနှင့် ယူကျုတို့၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံး သဘောထား ကောက်ခံချက်များအရ ရွေးကောက်ပွဲတွင် စတော်လ်တန်ဘက် ၏
အာဏာရ လက်ဝဲယိမ်း ညွန့်ပေါင်းပါတီက ရှုံးနိမ့်နိုင်မည့် အလားအလာရှိနေသည်။

"ပြည်သူလူထုရဲ့ သဘောထားကို သိရဖို့က ကျွန်တော့်အတွက် အရေးကြီး ပါတယ်။ လူထုအသံ
ကို ကြားရနိုင်မယ့် နေရာတစ်နေရာရှိတယ်ဆိုရင် အဲဒါက တက္ကစီပေါ်မှာပဲဖြစ်ပါတယ်" ဟု ၎င်းက
အဆိုပါဗီဒီယိုဖိုင်ထဲ၌ ပြောထားသည်။ အော်စလို တက္ကစီယာဉ်မောင်းဝတ်စုံ အပြည့်ကို ၀တ်ဆင်
ထားသည့် စတော်လ် တန်ဘက်က ဇါန်လ၏ နေ့တစ်နေ့တွင် အော်စလိုမြို့ထဲ၌ အနက်ရောင်
မာစီဒီးစ် တက္ကစီတစ်စီးဖြင့် ခရီးသည် များကို ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

တက္ကစီအတွင်း၌ ကင်မရာတစ်ခုကို လျှို့ဝှက်တပ်ဆင်ထားပြီး ခရီးသည် များ၏ ပြောဆိုမှုများကို
မှတ်တမ်းတင် ထားသည်။ ခရီးသည်တစ်ဦးက စတော်လ် တန်ဘက်ကို ကြည့်ကာ "ခင်ဗျားက
ဝန်ကြီးချုပ်နဲ့ တော်တော်တူတာပဲ" ဟု မှတ်ချက်ပေးခဲ့သည်။

စတော်လ်တန်ဘက်ကို မှတ်မိသည့်အမျိုးသမီးကြီးတစ်ဦးကမူ စီးပွားရေးလုပ်ငန်းကြီးများမှ
မန်နေဂျာများရရှိနေသည့် လစာနှင့်ပတ်သက်ပြီး တစ်ခုခု လုပ်ဆောင်ပေးရန် ၎င်းအားတိုက်တွန်း
ပြောကြားခဲ့သည်။

"သူတို့တွေ အခုလို မျိုး ဒေါ်လာသန်းပေါင်းများစွာ ရဖို့ မသင့်ပါဘူး" ဟု အဆိုပါ အမျိုးသမီးက
ပြောဆိုခဲ့သည်။ ခရီးသည် အမျိုးသားကြီးတစ်ဦးက တက္ကစီပေါ်မှအဆင်းတွင် လေဘာပါတီ ကိုပဲ
မဲပေးတော့မည့်အကြောင်း ၎င်း အားပြောကြားခဲ့သည်။ တက္ကစီပေါ်၌ လိုက်ပါလာကြသည့် ခရီး
သည်များက ပညာရေးမှစ၍ ရေနံ ကိစ္စအထိ ကိစ္စရပ်များကို ဆွေးနွေးပြော ဆိုခဲ့ကြသည်။

ဝန်ကြီးချုပ်က ခရီးသည် များထံမှ ယာဉ်စီးခမယူဘဲ အလကားပို့ ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း
အရပ် သတင်းစာစောင် တစ်စောင်၏ ဖော်ပြ ချက်အရသိရသည်။ စတော်လ်တန်ဘက်မှာ
လေဘာပါတီ၏ဥက္ကဋ္ဌဖြစ်ပြီး ၎င်း၏ပါတီမှာ ၂၀၀၅ ခုနှစ်ကစတင်ကာ အာဏာရရှိ ခဲ့သော်
လည်း ဩဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည့် လူထုသဘော ထား ကောက်ခံ
ချက်တစ်ရပ်တွင် လေဘာပါတီက ထောက်ခံမဲ ၄၁ ရာခိုင် နှုန်းသာရရှိခဲ့ပြီး အတိုက်အခံ
ကွန်ဆာ ဗေးတစ်ပါတီနှင့် ယင်း၏ မဟာမိတ် ပါတီသုံးခုက ထောက်ခံမဲ ၅၃ ရာခိုင်နှုန်း နီးပါး
ရရှိခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း