မော်စီထောက်ခံသူများ၏ ကိုင်ရိုမြို့ဆန္ဒပြပွဲကို အာဏာပိုင် များက ဖြိုခွင်းရာ အနည်းဆုံး လူ ၄၃ ဦးသေဆုံး

ကိုင်ရိုမြို့လယ်တွင် သမ္မတဟောင်းမော်စီကို ထောက်ခံသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတို့ ပဋိပက္ခဖြစ်ပွားနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီကိုင်ရိုမြို့လယ်တွင် သမ္မတဟောင်းမော်စီကို ထောက်ခံသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတို့ ပဋိပက္ခဖြစ်ပွားနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသော အီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီကို ထောက်ခံသော
ဆန္ဒပြသူများ၏ ကိုင်ရို မြို့ရှိကြီးမားလှသည့် သပိတ်စခန်းကြီး နှစ်ခုကို မြေထိုးစက်ကြီးများ
အသုံးပြုလျက် လုံခြုံရေးတပ်များက ဩဂုတ်လ ၁၄ ရက်နေ့က အင်အားသုံးဝင်ရောက် ဖြိုခွင်းရာ
လူနှစ်ဦးမက သေဆုံးခဲ့သည်။

အင်အားသုံးဖြိုခွင်းမှုသည် ကိုင်ရို မြို့ အရှေ့ဘက်ရှိ ရာဘားအယ်လ်အဒါဝီယာ သပိတ်စခန်းနှင့်
ကိုင်ရိုမြို့ လယ်ရှိ အလားတူ သပိတ်စခန်းတစ်ခု တို့ကို လုံခြုံရေး တပ်များက ၀န်းရံထားခဲ့အပြီး
အရုဏ်တက်ပြီးစအချိန်၌ စတင်ခဲ့ခြင်းဖြစ်သည်။ မျက်မြင်တွေ့ရှိသူများနှင့် အေအက်ဖ် ပီ သတင်း
ထောက်တို့၏ အဆိုအရ ရာဘားအယ်လ် အဒါဝီယာစခန်းသို့ မ၀င်ရောက်မီ ရွက်ဖျင်တဲများဆီသို့
မျက်ရည်ယိုဗုံးများ ပစ်သွင်းခဲ့ကြသဖြင့် ဇူလိုင်လ ၃ ရက်နေ့က သမ္မတမော်စီ ဖြုတ်ချခံခဲ့ရအပြီး
မကြာမီမှာပင် လာရောက်စတည်းချကာ ဆန္ဒပြလျက်ရှိကြသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြ
သူများသည် ၀ရုန်းသုန်းကား ဖြစ်သွားခဲ့ကြကြောင်း သိရသည်။

ဓာတ်ငွေ့ကာ မျက်နှာဖုံးစွပ်ထားသူ များက ကျလာသည့် မျက်ရည်ယိုဗုံးတစ်လုံးစီကို ကောက်ယူ
၍ ရေပုံးများ အတွင်း ပစ်ထည့်ခဲ့ကြပြီး ဘုရားသခင် သည် အကြီးမြတ်ဆုံးဟူသော စကားကို
သံပြိုင်ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် သပိတ်စခန်း၏ တစ်ဖက် ခြမ်းတွင် ဆန္ဒပြသူများနှင့်
လုံခြုံရေးတပ် များအကြား ထိပ်တိုက်ရင်ဆိုင် တိုက် ခိုက်ခဲ့ကြရာ မောင်းပြန်သေနတ်သံများ
ကို သောသောညံစွာ ကြားခဲ့ရသည်။

ရုပ်သံသတင်းများ၌ ဒဏ်ရာရသူ များကို ယာယီဆေးခန်းများအတွင်းသို့ သယ်ဆောင်သွားပုံများ
ကို တွေ့ရသလို ပင် အဆုံးစွန်အထိ ဆန္ဒပြတိုက်ပွဲဝင် သွားမည့်သူများကို ရဲများက တရွတ် တိုက်
ဆွဲခေါ်သွားပုံများကိုလည်း တွေ့ရ သည်။ မြေထိုးစက်ကြီးများက သပိတ်စခန်းကို စတင်ဖြိုဖျက်နေ
သည့်ကြားမှ ပင် ဆန္ဒပြခေါင်းဆောင်များက စင်များ ပေါ်တက်ကာ ဟစ်အော်ခဲ့ကြသည်။

အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးတပ်များသည် သပိတ်စခန်းနှစ်ခုအနက် သေးငယ်သည့်
တစ်ခု ဖြစ်သော အယ်လ်နာဒါရင်ပြင် စခန်းကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြား
သည်။

ပလတ်စတစ်အိတ်များ သယ်ဆောင် လာသော မိသားစုများကို ကလေးငယ် များနှင့်အတူပင်
ရဲများက ခြံရံလျက် သပိတ်စခန်းအတွင်းမှ ခေါ်ထုတ်လာသည်ကို တွေ့ကြရသည်။ မီးရထား
အာဏာပိုင်များက ဆန္ဒပြသူများကို ကိုင်ရိုမြို့ပြင်သို့ ထွက်ခွာကာ ပြန်လည် စုစည်းသွားကြမည့်
အရေးမှ တားဆီး ရန် မီးရထားအားလုံးကို ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

မွတ်စလင်ညီနောင်များအဖွဲ့က 'လူ သတ်ပွဲကြီး' ကို ရှုတ်ချရေးအတွက် အီဂျစ်ပြည်သူအားလုံးကို
လမ်းမပေါ် ထွက်ကြရန် တိုက်တွန်းခဲ့သည်။ "ဒါဟာ လူစုကွဲအောင် လုပ်တာမှ မဟုတ်ဘဲ။ စစ်အာ
ဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူတွေအားလုံးကို သွေး ထွက်သံယိုဖြစ်အောင် သုတ်သင်ဖို့ ကြိုးစား
နေတာပဲ မဟုတ်လား" ဟု ညီနောင်များ၏ ပြောခွင့်ရပုဂ္ဂိုလ် ဂျေဟဒ် အယ်လ်ဟဒ်ဒက်က တွစ်တာ
တွင် ရေးသားပြောဆိုခဲ့သည်။

တွစ်တာမှ အခြားစာကြောင်းတစ်ခု တွင်လည်း ဟဒ်ဒက်က အကြမ်းဖက် နှိမ်နင်းမှုကြောင့် အနည်း
ဆုံးလူ ၂၅၀ သေဆုံးခဲ့ရပြီး လူ ၅,၀၀၀ ကျော်ဒဏ်ရာ ရရှိခဲ့သည်ဟု ရေးသားခဲ့သည်။ သို့ရာ တွင်
သေဆုံးသူဦးရေစာရင်းကို အဆော တလျင် သိရှိရခြင်းမရှိသေးချေ။ အေအက်ဖ်ပီ သတင်းထောက်
၏ပြောပြချက်အရ ရာဘားအယ်လ် အဒါဝီယာရှိ ယာယီ အလောင်းထားရာ နေရာ၌ လူသေအလောင်း
၄၃ လောင်း ကို တွေ့မြင်ခဲ့ရကြောင်း သိရသည်။

သို့ရာတွင် အမျိုးသမီးများနှင့် ကလေး များ၏အလောင်းကို တွေ့မြင်ခဲ့ရခြင်း မရှိဟု သတင်း
ထောက်ကပြောသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း